အပိုင်း(၅)

210 10 0
                                    

အနာဂတ်ရဲ့အိမ်သားကြီး

ဟိုတယ်ရောက်သည်အထိ ကိုကိုရဲ့မျက်နှာသည် တည်တင်းနေလျက် သူ့အားဘာစကားမှပြောမလာခဲ့ပါ
ကိုမော်သည်လဲ သူအား မင်းကိုကိုစိတ်ဆိုးနေတာ ဘာမှမကြောက်နဲ့နော်ဟုအားပေးလျက် သူအခန်းသူပြန်သွားခဲ့ပြီ

သူသည်လဲကိုကိုအားကြောက်နေခြင်းတော့မဟုတ်ပေမဲ့ အနည်းငယ်တော့စိုးရွံ့မိပါသည်
ယခုအဖြစ်အပျက်ကိုလဲသူမှားသည်ဟုမခံစားရပေ
ဒါသည်အမှားတစ်ခုမဟုတ်ပါ ကိုကိုအားချစ်တာသည်အမှားမဟုတ်သလို ကိုကိုအားသူနှင့်သက်ဆိုင်သူပုံစံလိုလိမ်လည်ပြောဆိုခဲ့ခြင်းအတွက်လဲနောင်တမရပေ၊
ကိုကိုသည်သေချာပေါက် သူ့အပိုင်ဖြစ်ရမည်၊သိုပေမဲ့အခုလက်ရှိအခြေအနေကိုတော့ သူ့အနေ့နှင့်မည်သို့ကိုင်တွယ်ရမည်ကိုလဲ သူ့ဦးနှောက်အားခပ်မြန်မြန်လေးအလုပ်ပေးနေရပါသည်

"ကိုကို"

ကိုကိုသည်သူ့အား ဂရုမစိုက်စွာ ကွန်ပျူတာတစ်လုံးနှင့်အလုပ်ရှုပ်နေသည်

"ကိုကိုလို့"

"ကိုကို သားမှားသွားပါတယ်"

ထွဋ်ခေါင်၏နှုတ်ဖျားမှ သူအပြစ်သူသိကြောင်းဝန်ခံလာမှသာ ကိုကိုက အကြည့်တစ်ချက်သာပေးပြီးအလုပ်တက်လုပ်နေလေသည်
သူသည်လဲဇွဲမလျော့စွာ အရှိန်ကိုမိုင်ကုန်နင်းကာစကားကိုခရားမှရေလွှတ်အကဲ့သို သူလိုရာကို တဇွတ်ထိုးမစဥ်းစားပဲပြောလေတော့သည်

"ကိုကို ဒီတစ်ခါမှာသားမှားသွားတာဟုတ်ပေမဲ့
သားအမှားကိုသားကျေနပ်တယ်ကိုကို
ပြီးတော့ ကိုကို့ကိုသားချစ်တယ်၊ကိုကို့ကိုသားချစ်နေတာကြာပြီ ၊ကိုကိုအပေါ်ကိုချစ်သူတစ်ယောက်လိုမျိုးချစ်တယ် ကိုကိုသားနဲ့တွဲပေးပါ"

"ကိုကို ကျေးဇူးပြုပြီးသားကိုလျစ်လျူရူထားတာကိုရပ်ပေးပါ"

"ဒီမှာ ချမ်းမင်းထွဋ်ခေါင် ဒါဘယ်ဝတ္ထုကိုစိတ်ကူးယဥ်နေတာလဲ ဒါမှမဟုတ် ပုံပြင်လား"

"ကိုကို"

"အိပ်လိုက်တော့ ပေါက်စ ဒီညကိစ္စကိုဘာမှမဖြစ်သလို ကိုယ်မေ့ပေးလိုက်မယ်"

အနာဂတ်ရဲ့အိမ်သားကြီးအကြောင်းပြောပြချင်မိ Where stories live. Discover now