အပိုင်း(၁၃)

135 15 0
                                    

အနာဂတ်ရဲ့အိမ်သားကြီး

"ဘောစ့်ရေ ဘောစ့် အန်ကယ်နဲ့အန်တီတို့လာတယ်"

"ဟင် ဘယ်သူတို့"

"ဘောစ့် မိဘတွေလေဗျာ"

ကိုဦးသည် ကြားကြားချင်းကိုယ်နားကိုယ်တောင်မယုံနိုင်ပါ

"ဟာ!! မေမေတို့ အကြောင်းမကြားဘာမကြားနဲ့ဘာစိတ်ကူးတွေများပေါက်လို့ရောက်ချလာတာလဲ..။"

"အမလေးတော်..စိတ်ကူးပေါက်လို့ရယ်မဟုတ်ဘူးဟေးးကိုယ့်သားကိုယ်လွမ်းလို့လာတာပါ"

ကိုဦးသည် လုပ်လက်စများကိုပစ်ချကာ မေမေကိုပြေးဖက်လိုက်ပြီး ပါးပြင်ထက်အားပါးတရမွှေးကြူလိုက်ပါသည်။လက်မှလဲအထုပ်များကိုဝိုင်းဆွဲကာဖြင့်

"ဖေဖေ ဒီတစ်ခေါက် နဲနဲပိန်သွားသလိုပဲ နေကောင်းရဲ့လား"

"ကောင်းပါ့ မင့်အမေ နေတိုင်းပွါးနေလို့ ဝိတ်ကျသွားတာဖြစ်မှာ"

"ရှင်နော်"

ဒေါ်မေရှင်မင်းသည် သူ၏အမျိုးသားဖြစ်သူ ဦးညီဦးမောင်အား မျက်စောင်းခဲကာ ဆိုလေသည်။

ကိုဦးသည် ယနေ့အဖို့ရာ အလုပ်ပါးသည်မို့ အဖွဲသားများနှင့် ညနေပိုင်းတွင်ရှင်းလင်းသိမ်းဆည်းနေတုန်း မမျှော်လင့်ထားသောသူ၏မိဘများ တောင်ငူသို့ရောက်လာသည်မို့ ကိုဦးခဗျာအံ့ဩရပါတော့သည်။
အရင်ဆို မေမေတို့ဘယ်တော့လာမယ် ဘယ်အချိန်ထွက်မယ် သတင်းပို့နေကျဖြစ်ပါသလို မေမေတို့လာရန်အတွက် စိတ်ချရသူများကို ကားဖြင့်လွှတ်ကာကြိုခိုင်းလေ့ရှိပါသည်။ယခုတွက်တော့

"ဒီရက်တွေထဲ သားနဲ့ပတ်သတ်ပြီး မင့်မေ အိပ်မက်တွေမကောင်းလို့တဲ့ ငါကိုလိုက်မပို့မချင်းရန်လုပ်နေတာ မဟုတ်ရင်လဲသူ့ဘာသာလိုက်သွားမယ်တစ်ကဲကဲနဲ့ နားအတော်ငြီးလာလို့ ရှ်သမျှအလုပ်ပစ်ချပြီးပို့ရတာ"

"အမယ် ရှင်လဲ သားကိုစိတ်ပူနေတာပါ ကျုပ်ချည်းအပြစ်ဖို့မနေနဲ့"

ခန့်မင်းကိုကိုဦးတစ်ယောက် အကြောင်းမကြားဘာမကြားရောက်ချလာသောမိဘနှစ်ပါးကိုကြည့်၍ဝမ်းသာအံ့ဩရသလို စိတ်လဲပူရပါသည် အသက်တွေလဲငယ်တော့တာမဟုတ်သည့်အတွက် ကားကိုယ်တိုင်မောင်းခဲ့သည့်ဖေဖေကိုလဲဆူရမလိုလို ဖေဖေကိုယ်တောင်မောင်းလာတာခွင့်ပြုသည့်မေမေ့ကိုပဲဆူရတော့လိုလိုနှင့်ပင်။ပြေးကြည့်စရာဆိုလို့ ဒီအဖေနှင့်အမေသားရှိသည်မို့ လိုအပ်သည်ထက်ပိုကာ စိတ်ပူရသလို မိဘနှစ်ပါးအနားတွင်အနီးကပ် မစောင့်ရှောက်နိုင်တဲ့အတွက် အရမ်းလဲအားနာရပါသည်။

အနာဂတ်ရဲ့အိမ်သားကြီးအကြောင်းပြောပြချင်မိ Where stories live. Discover now