အပိုင်း(၄)

174 10 0
                                    

အနာဂတ်ရဲ့အိမ်သားကြီး

စတူရီယို ရောက်သည်နှင့် ချမ်းမင်းထွဋ်ခေါင်နှင့်မော်ကွန်းလွင်တို့ဟာ အခုထိအလုပ်များနေသောကင်မရာဆရာကြီးကိုဦးကိုသာထိုင်စောင့်နေကြတော့သည်
ငမော်ကတော့ကိုဦးကိုစောင့်သည်ထက် ကိုဦးဓာတ်ပုံရိုက်ပေးနေရသော မော်ဒယ်မလှလှလေးတွေကိုထိုင်ငေးသည်ဆိုပိုမှန်ပေလိမ့်မည်။

"ညီမ မျက်နှာကိုနဲနဲလေးလျော့ထား ချိုသာတဲ့ဘက်ကိုသွားထားမယ် ပုခုံးကိုခပ်ငိုက်ငိုက်လေးထား ဟုတ်ပြီ ဟုတ်ပြီ အဲ့တိုင်းလေးနေမယ်
အိုခေ ဝမ်း တူး သရီး ချလပ်"

ကင်မရာဆီမှ အလင်ရောင်းထွက်သွားသည်နှင့်တစ်ပြိုင်နက်အသံကပါလိုက်လေသည်

ဟုတ်ပြီ အဲ့တိုင်းကိုမှ ခေါင်းလေးကဘယ်ဘယ်ကိုစောင်းမယ် ဟုတ်ပြီ
"ဝမ်း တူး သရီး ချလပ်" အိုခေပါ နောက်ပုံစံတစ်ခုပြောင်းမယ် "

ကိုဦးပြောသည်နှင့် မော်ဒယ်မလေးက မတ်တပ်လေးရပ်ကာနောက်ပုံစံတစ်ခုလုပ်သည် 
ဝတ်စုံလေးက ကောက်ကြောင်းပေါ်သည် ဘော်ဒီအကပ်ဝတ်စုံရှည်လေးဖြစ်သည်မို့ ခန္ဓာကိုယ်ရှိတ်လေးပေါ်အောင်လဲရိုက်ပေးရမည်သာ

"ညီမ တောင့်တောင့်ကြီးဖြစ်နေတယ် ပေါ့ပေါ့ပါးပါးလေးနေပေးနော်"
ယခုပုံစံလေးက မော်ဒယ်မလေးသည် ကင်မရာကိုနောက်ကျောပေးပြီးကာမှ ခေါင်းလေးနဲ့အပေါ်ကိုယ်လုံးလေးသာပြန်လှည့်လာရမည်ပုံပင်

"ဟုတ်ပြီ မျက်နှာလေးနဲနဲမော့်မယ် မျက်လုံးအကြည့်နဲ့ဖမ်းစားမယ် အိုခေ ဝမ်း တူး သရီး ချလပ် အိုခေကောင်းတယ် အဲ့တိုင်းခဏလေး"

ကိုဦးသည်ပြောပြီးသည်နှင့် မော်ဒယ်မလေးနားခပ်မြန်မြန်လှမ်းကာ မော်ဒယ်မလေး၏ မျက်နှာပေါ်မှကွယ်နေသည့် ဆံပင်အစွန်းအစတို့ကိုဖယ်ကာ မျက်နှာလေးကိုလဲ ပင့်မော့စေသည် 

"အဲ့တိုင်းလေးပဲသွားမယ် မျက်နှာကြီးတင်းမထားတဲ့"

"ဟုတ်ဆရာခန့် ဆရာ လက်ကရော"
မော်ဒယ်မလေးဟာ ကိုဦးအား  လက်ကိုပါဘယ်လိုထားရမယ်ဆိုတာပိုပြစေချင်သည်သဘောဖြစ်မေးလာတော့

အနာဂတ်ရဲ့အိမ်သားကြီးအကြောင်းပြောပြချင်မိ Where stories live. Discover now