အပိုင်း(၁၄)

245 16 1
                                    

အနာဂတ်ရဲ့အိမ်သားကြီး

မိုးလဲမရွာ နေလဲမပူတဲ့ အုံ့မှိုင်းမှိုင်းရာသီဥတုလေးဟာအတော်အသင့်ပင် သွားလာလှုပ်ရှားလို့ကောင်းပါသည်။

ယနေ့ကတော့ ကိုဦးသည် ချမ်းမင်းထွဋ်ခေါင်အား ဗွီဒီယိုလေးရိုက်ကူးပေးဖြစ်ခဲ့ပါသည်။သူ့အားပြောထားတာအနည်းငယ်ကြာပြီဖြစ်ပါသောကြောင့် အလုပ်ပါးသောနေ့တွင် သီချင်းကာဗာလေးဆိုချင်သောကောင်လေးအားဦးစားပေးဖြစ်သည်။

"ကိုကို သား.ဘယ်လိုနေလဲ ဗွီဒီယိုထဲအဆင်ရောပြေနေရဲ့လား"

ကိုဦးအလုပ်လုပ်နေတဲ့ကွန်ပျူတာနားမျက်နှာကိုအပြူးအပြဲကပ်ကာ ဖလင်ပေါ်ကသူကိုယ်တိုင်ရဲ့လှုပ်ရှားနေမှုပုံစံကို ကြည်နေတော့သည်။

"ပြေပါတယ် ထွဋ်ရဲ့  အော်ဒါနဲ့  ထွဋ်အဆိုတော်မလုပ်ချင်ဘူးလား"

ဖလင်ပေါ်က လှုပ်ရှားနေတဲ့ပုံရိပ်တွေကိုဖြတ်သင့်တာတွေကိုကြည်းကြပ်နေရင်း အနားရှိအသံကောင်းတဲ့တောက်တဲ့လေးအားမေးတော့

"ဘာလဲ သားဆိုတာကောင်းလွန်းလို့အခွေထုတ်ပေးချင်နေပြီလား"

"မင်းဖြစ်ချင်ရင် ကိုယ်လုပ်ပေးနိုင်ပါတယ် ကိုယ်မှာအဆက်အသွယ်ကောင်းတွေရှိတယ်"

ထွဋ်ခေါင်၏ရင်တွင်းတစ်နေရာတွင် နွေးထွေးမှုလှိုင်းကလေးဖြတ်သန်းသွားသလိုခံစားရပါသလို မျက်လုံးလေးတွေသည်လဲပြုံးရိပ်သန်း၏။

"ကိုကိုသားကိုဖြစ်စေချင်တာ သိပါတယ် ဒါမဲ့သားမလုပ်ချင်ဘူး ဒီတိုင်း ကိုယ်နှစ်သက်ရတဲ့အဆိုတော်ကြီးတွေရဲ့သီချင်းတွေကိုမြတ်နိုးတာကြောင့် ပရိတ်သတ်တစ်ယောက်အနေနဲ့အမှတ်တရလိုက်ဆိုဖြစ်တာပဲရှိတာ ကိုယ်တိုင်ကအာရုံစိုက်ခံရတဲ့လူမျိုးမဖြစ်ချင်ဘူး"

"ဟုတ်ပါပြီ နောက်လဲဒီလိုမျိုးလေးတွေပြန်ဆိုချင်ရင်ကိုယ်ရိုက်ပေးမယ်နော်"

"ဟီး ဟုတ် ကိုကို"

နှစ်ယောက်အတူရှိနေရတဲ့အချိန်တွေက ထွဋ်ခေါင်အတွက်တော့ ဘာနဲ့မှလဲလို့ပင်မရနိုင်ပါချေ။

ကိုကိုနှင့်သူ၏အချိန်ကောင်းအားမဖိတ်ခေါ်ပဲဖျက်စီးသူတစ်ယောက်ကလဲအဆင်သင့်ရှိနေပါသလို့ ထွဋ်ခေါင်၏စိတ်အစဉ်သသည်လဲနောက်ကျိသွားရပါတော့သည်။

You've reached the end of published parts.

⏰ Last updated: Jul 24, 2023 ⏰

Add this story to your Library to get notified about new parts!

အနာဂတ်ရဲ့အိမ်သားကြီးအကြောင်းပြောပြချင်မိ Where stories live. Discover now