အပိုင်း(၁၁)

206 13 8
                                    

အနာဂတ်ရဲ့အိမ်သားကြီး

ခန့်မင်းကိုကိုဦးသည် နေကောင်းသည့်ရက်နောက်ပိုင်းမှစ၍လက်ခံထားသည့်အလုပ်များကိုအရင်အတိုင်းပင်လုပ်ကိုင်နေဆဲဖြစ်ပါသလို တစ်နေကုန်မအားသည့်နေရက်များလဲရှိခဲ့ပါသည်။ဘယ်လောက်ပဲနှစ်သက်ပြီးဝါသနာပါတဲ့အလုပ်ဖြစ်ပါစေဦးတော့ သူသည်လည်း သက်ရှိလူသားတစ်ဦးပေမို့ စိတ်ပင်ပန်းလူပင်ပန်းဖြစ်ရတဲ့အခါမျိုးတွေလဲရှိပါသည်။တစ်ခါတစ်လေ ခန့်မင်းကိုကိုဦးသည် တစ်ယောက်တည်းအနားယူချင်တဲ့အခါမျိုးတွေရှိသည် ဒါမှမဟုတ် အားသည့်အချိန်တွေမှာ သူတတ်မြောက်ထားသည့်အသက်မွေးဝမ်းကြောင်းအတွက် ဒီထက်ကောင်းမွန်တာတွေကိုလေ့လာ၍ချပြချင်တာမျိုးတွေရှိသည်။

သိုပေသည့် ယခုတွင် သူ့အာရုံတွေ၊သူ့စိတ်ကူးစိတ်သန်းတွေကိုမြူမှုန့်တွေကဲ့သို့ဖမ်းဆုတ်၍မရနိုင်အောင်နှောက်ယှက်နေသူတစ်ဦးရှိနေပါသည်။ထိုသူမှာ 'ချမ်းမင်းထွဋ်ခေါင်"ပင်။ ထွဋ်ခေါင်သည် ဆယ်ကျော်သက်အရွယ်ကလေးလူငယ်လေးလို့ထင်ထားသမျှ အခုတော့အရွယ်နဲ့မလိုက်အောင်သူ့အားလိုက်ချယ်လှယ်တတ်သော၊နေရာတကာမှာလိုက်ပြီးသဝန်တိုတတ်သောသူဖြစ်လိမ့်မည်ဟုတော့မတွေးခဲ့ဘူး။

သူတို့နှစ်ဦး၏ဆက်ဆံရေးဆိုတာထက် ထွဋ်ခေါင်၏ဘက်မှဆက်ဆံရေးကသူအတွက်အရမ်းကိုအဆိပ်အတောက်ဖြစ်လွန်းသည်။ယခုဆိုလျှင် ပိုလို့တောင်ဆိုးပါသေးသည်။ထွဋ်ခေါင်သည် သူ၏သင်တန်းချိန်များပြီးသည်နှင့် အချိန်တိုင်းနီးပါး ကိုဦး၏နံဘေးတွင်သာရှိနေတတ်ပြီး ကိုဦး၏အလုပ်ချိန်များတွင်ပါဝင်ရောက်စွတ်ဖက်တတ်ပါသည်။အကြောင်းကား မင်းသား/မင်းသမီး၊မော်ဒယ်(ယောကျ်ား၊မိန်းမ)များနှင့်ရောထွေးနေတာကို ထွဋ်ခေါင်ကလုံးဝမကြိုက်ခြင်းပါ၊
ကိုဦး၏အလုပ်ကဒါပဲလေ ဒီလူတွေကို ရောသည်တော့မဟုတ် အလုပ်သဘောအရ ထိတွေ့ဆက်ဆံရမှာမလွဲဧကန်ပေ။သူကိုယ်တိုင်က ဓာတ်ပုံဆရာဖြစ်သည့်အတွက် တာဝန်ယူထားတဲ့အပိုင်းကို သေသပ်နေအောင်လုပ်ရမည်လေ။သူ့၏ဧည့်သည့်တွေဓာတ်ပုံကောင်းတစ်ပုံရဖို့ လိုသည်ပိုသည် ပုံစံ အနေအထား အသေးစိတ်ကအစ သူကိုင်တွယ်ရမည်။

အနာဂတ်ရဲ့အိမ်သားကြီးအကြောင်းပြောပြချင်မိ Where stories live. Discover now