အပိုင်း ( 1777 ) ထူးခြားတဲ့ အနက်ရောင်ဝတ်လူ။
အားကောင်းတဲ့ မိစ္ဆာစွမ်းအင်တွေက ကြောက်စရာကောင်းအောင် မြင့်တက်လာခဲ့ပါတယ်။
မြေအောက်နန်းတော်တစ်ခုလုံး ပြိုကျလုနီးပါး တုန်ခါလာခဲ့ပါပြီ။ ဒီအင်အားက တကယ်ကို တုန်လှုပ်စရာကောင်းပါတယ်။
အဆင့်တူက ကျွမ်းကျင်သူတစ်ယောက်တောင်မှ ဒါကို ပေါ့တပါ့တန်တန် ရင်ဆိုင်ဝံ့မှာ မဟုတ်ပါဘူး။
အမှောင်စ်ွးအင်တွေက ပိုပြီးတော့ အားကောင်းလာတာကို မြင်ရချိန်မှာတော့ ချူးယွန်လည်း ဇူးဖူစီကိုခေါ်ကာ မီတာတစ်ရာခန့် ခပ်မြန်မြန် ဆုတ်သွားပါတော့တယ်။ တချိန်တည်းမှာပဲ ချူးယွန်ရဲ့မျက်လုံးက အရောင်လက်သွားခဲ့ပါတယ်။
ဒီဓားချက် ကျဆင်းသွားတာနဲ့ ရလဒ်ကို သိကြရမှာပါ။
"ဝုန်း"
နင်ကျန်းလီက ဓားရိုးကို တင်းတင်းကိုင်ကာ ခုတ်ပိုင်းချလိုက်ပါပြီ။ဓားအလင်းက ဟင်းလင်းပြင်ကို ဆုပ်ဖြဲကာ ရွှေအိုးကို ပြင်းပြင်းထန်ထန် ခုတ်ပိုင်းချလိုက်ပါတော့တယ်။
ဒါပေမဲ့… ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ ဓားချက် ကျဆင်းလာခဲ့ပေမဲ့ ရွှေအိုးက နေရာမှာ မတုန်မလှုပ်ရှိနေဆဲပါ။ မြေပြင်မှာ လျှို့ဝှက်ပုံစံတွေ ထွက်ပေါ်လာပြီး တိုက်ခိုက်မှုကို တားဆီးခဲ့ပါတယ်။
"ဘာမှမဖြစ်ဘူးလား"
ချူးယွန် အံ့ဩသွားပါပြီ။ ဒီတိုက်ခိုက်မှုက အားကောင်းအေမဲ့ ရွှေရောင်အိုးကတော့ ဘာမှ မဖြစ်သေးပါဘူး။ဒါက အံ့သြစရာပါ။
နင်ကျန်းလီလည်း အံ့အားသင့်မှု အရိပ်အမြွက်တွေနဲ့ မျက်ခုံးကိုပင့်လိုက်ပါတယ်။ ဒီရွှေအိုးက ဘာဖြစ်လို့ ဒီလောက်ထိ ခိုင်မာနေရတာလဲ။ ဒီတိုက်ခိုက်မှုမှာ သူ့ရဲ့ အင်အား ရှစ်ဆယ်ရာခိုင်နှုန်း ထည့်သွင်းထားခဲ့ပေမဲ့ အဆုံးမှာတော့ အမှန်တကယ် မချိုးဖြတ်နိုင်သေးပါဘူး။
ဒါက တကယ့်ကို စိတ်ရှုပ်ထွေးစရာပါ။
သူတောင်မှ မချိုးဖြတ်နိုင်သေးဘူးဆိုရင် ကျူဝမ်ငါးဆယ်ရှိတဲ့ ကျွမ်းကျင်သူကို လိုမှာလား။
![](https://img.wattpad.com/cover/345662771-288-k399869.jpg)
YOU ARE READING
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅
Phiêu lưuအပိုင်း ၁၇၇၄ မှ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွားခ...