အပိုင်း ( 1811 )
"ဝုန်း"
ချူးယွန်က တိထျန်းနဲ့ လက်သီးချင်း ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။ သူ့ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ပြီး အတောင်ပံနဲ့ လှည့်ခြစ်လိုက်ပါပြီ။ တိထျန်းရဲ့ ရင်ဝမှာ သွေးအစင်းကြောင်းနှစ်ခုာပေါ်လာပါတော့တယ်။တိထျန်းကလည်း ချူးယွန်ရဲ့ နောက်ကျောမှ အရိုးချွန်နှစ်ချောင်းကို အတင်း ဆွဲနှုတ်လိုက်ပါတယ်။ဒီအခါ သွေးတွေ စီးကျလာပါတော့တယ်။
ဒါက ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ အပြည့်အဝ ယှဉ်ပြိုင်ခြင်းပါ။
ဒီလိုပွဲမျိုးမှာ လုံလောက်တဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုမရှိရင် တိုက်ပွဲကို ရှုံးနိမ့်ပြီး ကျဆုံးသွားရနိုင်ပါတယ်။"ဝုန်း"
ချူးယွန်က တိထျန်းကို မီတာအနည်းငယ်အကွာအထိ ရိုက်ထုတ်ပြီးလိုက်ပါတယ်။ သူက အေးစက်စက် မျက်လုံးတွေနဲ့ ကြည့်ပြီး အော်ဟစ်လိုက်တယ်။
"နတ်ဆိုးဘုရားစွမ်းအား"တူညီတဲ့တိုက်ခိုက်မှု ဖြစ်နေရင်တောင် ထူးခြားမိစ္တာအသွင်နဲ့ အသုံးပြုချိန်မှာတော့ ပိုပြီး ကြောက်စရာကောင်းမှာ အသေချာပါ။
အနက်ရောင် နတ်ဆိုးစွမ်းအင်တွေက သူ့ကို ဖုံးလွှမ်းပြီး တိထျန်းကို ဦးတည်ရိုက်ခတ်သွားပါတယ်။
တိထျန်းရဲ့ မျက်လုံးတွေ ကျဉ်းမြောင်းသွားပြီး အနောက်ကိုလည်း ခြေနှစ်လှမ်း ဆုတ်ပေးလိုက်ရပါပြီ။
တကယ်ပဲ အရင်ကထက် ပိုသန်မာတာလား။
ဒီကောင်လေးမှာ လျှို့ဝှက်ချက်တွေ ဘယ်လောက်များများ ဖုံးထားတာလဲ။
ဒီအတိုင်း ဆက်သွားရင် သူ့အတွက် အခြေအနေကောင်းမှာ မဟုတ်ပါဘူး။
ကပ်ဘေး တတိယအဖြတ်က ကြောက်စရာကောင်းပေမယ့် ပြိုင်ဘက်ကင်းတော့ မဟုတ်သေးပါ။
ချူးယွန်နဲ့ တန်းချုံကျန်းသာ တစ်လှည့်စီ တိုက်ခိုက်နေမယ်ဆိုရင် သူ့ရဲ့ ခန္ဓာကိုယ်ထဲက စွမ်းအင်တွေ ကုန်ဆုံးသွားနိုင်တယ်။
တိထျန်း မျက်မှောင်ကြုတ်ပြီး ဆုံးဖြတ်ချက် အမြန်ချလိုက်ပါတယ်။
![](https://img.wattpad.com/cover/345662771-288-k399869.jpg)
YOU ARE READING
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅
Adventureအပိုင်း ၁၇၇၄ မှ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွားခ...