အပိုင်း ( 1794 )
တော်ဝင်နန်းတော်မှာ....
အလင်းမျက်နှာပြင်ကနေ ချူးယွန်ရဲ့အခြေအနေကိုကြည့်ရင်း တန်းချုံကျန်း တုန်လှုပ်သွားခဲ့ပါတယ်။
ချူးယွန်ကို အတော်သန်မာမယ်လို့ တွေးထားပေမဲ့ ဒီလောက်ထိ အားကောင်းမယ်လို့ မထင်ထားပါဘူး။
သူ့ရဲ့ ဝိညာဉ်စွမ်းအင်ကို စုပ်ယူတဲ့အမြန်နှုန်းက အရမ်းမြန်နေတယ်မဟုတ်လား။
အဆုံးမဲ့ ကြယ်ကောင်းကင်မှာတောင် ဘယ်သူက သူ့လောက် မြန်ဆန်နိုင်မှာလဲ။
ငါ့ဆုံးဖြတ်ချက်မှန်သွားတယ်လို့ ပြောရမယ်။
"အင်မော်တယ်သတ်မီးလျှံ"ဆိုတာက လူတစ်ယောက်ရဲ့ နယ်ပယ်ကို အတင်းအကြပ် မြှင့်တင်ဖို့အတွက် စုဆောင်းထားတဲ့ သန့်စင်တဲ့စွမ်းအင်တွေပါ။ စွမ်းအင်ကို လက်မခံနိုင်တဲ့အခါတိုင်း ကျူဝမ်တွေ ထွက်ပေါ်လာပြီး ပေါင်းစပ်သွားပါလိမ့်မယ်။
ဟုတ်ပါတယ်၊ ကျူဝမ်တစ်ခုစီတိုင်းက ရှေးကပုဂ္ဂိုလ်တွေ ချန်ရစ်ခဲ့တဲ့ သွေးအနှစ်သာရပါ။
ဒါက လူတစ်ယောက်ကို အမွေဆက်ခံတာ၊ ဒါမှမဟုတ် အမွေကို အတင်းလွှဲပေးတာမျိုး မလုပ်နိုင်ပေမဲ့ ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး လူတစ်ယောက်ကို ကြီးမားတဲ့ ထိုးထွင်းသိမြင်မှုတွေ ပေးစွမ်းနိုင်ပါတယ်။
ဒါကြောင့် ချူးယွန်ဟာ ကျူဝမ်အရေအတွက် တိုးပွားလာတာနဲ့အမျှ ကျင့်ကြံခြင်းအပေါ် နားလည်မှုလည်း အဆက်မပြတ်တိုးလာခဲ့ပါတော့တယ်။
ပြောရရင် ချူးယွန်က အဖက်ဖက်က ပိုပြီး အားကောင်းလာခဲ့ပါပြီ။
နယ်ပယ်၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု၊ ဝိညာဉ်စွမ်းအင်နဲ့ တိုက်ပွဲအတွေ့အကြုံ။
နောက်ပြီးတော့ ဒီလေ့ကျင့်ပုံမှာ နေနဲ့လရဲ့ စွမ်းအင်တွေကို စုစည်းထားတဲ့ ဆေးဝါးတွေလည်း ရှိပါတယ်။ တခါတရံ၊ ဒီအရင်းအမြစ်တွေက ချူးယွန်ရဲ့ ပါးစပ်ထဲကို အလိုအလျောက် ရောက်သွားခဲ့မှာပါ။
ဒီလို အတင်းအကြပ်မြှင့်တင်တာက ပါရမီရှင်တစ်ဦးအပေါ် ဘေးထွက်ဆိုးကျိုး သိပ်မရှိပေမဲ့ လူတိုင်း မလုပ်နိုင်ပါဘူး။
![](https://img.wattpad.com/cover/345662771-288-k399869.jpg)
YOU ARE READING
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅
Adventureအပိုင်း ၁၇၇၄ မှ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွားခ...