အပိုင်း ( 1853 )
ချူးယွန်ရဲ့ သံသယတွေကိုမြင်တော့ မျက်မြင်အဘိုးကြီးက ပြုံးပြီး ပြောလိုက်တယ်။
"တကယ်တော့ သံသယဖြစ်စရာမရှိပါဘူး။ အင်မော်တယ်ကျမ်းကို လေ့ကျင့်တဲ့အခါ မင်းရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ အခြား အဆင့်နိမ့် ကျင့်စဉ်တွေကို သဘာဝအတိုင်း အစားထိုးသွားလိမ့်မယ်။ မင်းမှာ အဆင့်မြင့် ပညာရပ်တစ်ခု ရှိလာတဲ့အခါ အဆင့်နိမ့် ပညာရပ်တွေကို လေ့ကျင့်စရာ မလိုတော့ဘူးလေ"ချူးယွန်လည်း ခေါင်းညိတ်ပြီး သူ့ရဲ့ လက်ရှိ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ခံစားကြည့်လိုက်ပါတယ်။
သူ လက်သီးချက်ထုတ်ဖော်လိုက်တာနဲ့ လေဟာပြင်က တုန်ခါပြီး ဆူညံသံတွေ ထွက်ပေါ်လာခဲ့ပါပြီ။
"ဒီလောက်တောင် သန်မာတာလား"
ချူးယွန်ကိုယ်တိုင် မယုံနိုင်အောင် ဖြစ်သွားခဲ့ပါတယ်။ဒါက အဆုံးမဲ့ကြယ်ကောင်းကင်မဟုတ်ပါ။ ဒီနေရာမှာ နိယာမတွေက စုံလင်ပြီး အားကောင်းတာကြောင့် ဟင်းလင်းပြင်က အလွန်တည်ငြိမ်ပါတယ်။
ဒါကြောင့် အခုလို လှုပ်ရှားသွားစေတာက တကယ်ကို အံ့မခန်းပါ။
"ဒါက အင်မော်တယ်ကျမ်းရဲ့ စွမ်းအားပဲ"
မျက်မမြင်အဘိုးအို ပြုံးပြီး ချူးယွန် မတုံ့ပြန်နိုင်ခင်မှာ သူ့ရဲ့လက်နှစ်ချောင်းနဲ့ လွှဲခုတ်လိုက်ပါတယ်။ချူးယွန်ရဲ့လက်တစ်ဖက်က တိတိရိရိ ပြတ်ကျသွားပါပြီ။
“ဒါ…”
ချူးယွန် အံ့အားသင့်သွားခဲ့ပါတယ်။ ဒီအခြေအနေက ရုတ်တရက်ဖြစ်သွားတာမို့ သူ့မှာ တုံ့ပြန်ဖို့တောင် အချိန်မရှိလိုက်ဘူး။"မင်းကြည့်လိုက်ပါဦး"
မျက်မမြင်အဘိုးအိုက အနည်းငယ်ပြုံးပြီး ချူးယွန်ရဲ့ပခုံးကို ညွှန်ပြလိုက်ပါတယ်။ချူးယွန်လည်း သူ့ပခုံးမှ ယားယံမှုကို ခံစားလိုက်ရပါပြီ။ နောက်အခိုက်မှာတော့ သူ့ရဲ့ပြတ်သွားတဲ့ လက်နေရာဟာ သာမန်မျက်စိနဲ့ မြင်နိုင်တဲ့အရှိန်နဲ့ ပြန်လည်ကောင်းမွန်လာတာကို တွေ့လိုက်ရပါတော့တယ်။ အသက်ရှူချိန်အနည်းငယ်အတွင်းမှာပဲ လက်အသစ်တစ်ဖက် ပြန်လည် ပေါက်ရောက်လာခဲ့ပါပြီ။
![](https://img.wattpad.com/cover/345662771-288-k399869.jpg)
YOU ARE READING
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅
Aventuraအပိုင်း ၁၇၇၄ မှ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွားခ...