အပိုင်း ( 1818 )
ချူးယွန်ရဲ့ အပြုံးက တဖြည်းဖြည်း တည်သွားခဲ့ပါတယ်။ တန်းလီရဲ့ စရိုက်အရ တော်ရုံလောက်နဲ့ ဒီလောက်ထိ တုန်လှုပ်နေမှာ မဟုတ်ပါဘူး။ အခုတော့ ဒါက ပေါ့ပေါ့တန်တန် ဟုတ်ပုံမရဘူး။
"ဘာဖြစ်လို့လဲ"
ချူးယွန် အနည်းငယ် မျက်မှောင်ကြုတ်ပြီး တန်းလီကို မေးလိုက်ပါတယ်။အခုဆိုရင် ပြင်ပမိစ္ဆာနဲ့ နတ်ဆိုးအားလုံး အမြစ်ပြတ် ချေမှုန်းခံခဲ့ရပါပြီ။ ဒီ ဒီခြိမ်းခြောက်မှုက ဘယ်က လာစရာရှိသေးလို့လဲ။
တန်းလီက အသက်ပြင်းပြင်းရှူပြီး ပြောလိုက်တယ်။
"နတ်ဆိုးမျိုးရိုးကို ချေမှုန်းဖို့ ထွက်ခွာသွားရင်း အဆုံးမဲ့ကြယ်ကောင်းကင်အလယ်မှာ အရမ်းကြီးတဲ့ အပျက်အယွင်းတစ်ခုကို တွေ့လိုက်ရတယ်။ ဒါက အရမ်းအင်အားကြီးတာကြောင့် ငါတို့ရဲ့ ခွန်အားနဲ့တောင် သိပ်ပြီးနီးနီးကို ကပ်လို့မရဘူး"ချူးယွန် မျက်ခုံးပင့်ပြီး ပြောလိုက်ပါတယ်။
"ဒါက ရှေးဟောင်းအပျက်အယွင်းတစ်ခုပဲ မဟုတ်လား။ ဘာဖြစ်လို့ အရမ်းစိတ်လှုပ်ရှားနေတာလဲ။ ဖြစ်ကောင်းဖြစ်နိုင်တာတော့ ဒါက ရှေးခေတ်က ကျန်ရစ်ခဲ့တဲ့ အရာပါပဲ။ အဲဒီထဲမှာ မရေမတွက်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိနိုင်တယ်""ဒါပေမဲ့ အဓိကအချက်က ဒါဟာ ပေါ့သေးသေးမဟုတ်ဘူး။ အဲဒါက စကြာဝဠာတွင်းနက်ကြီးတစ်ခုလို ဟင်းလင်းပြင်အလယ်မှာ တည်ရှိနေခဲ့တာ။ သူ့ရဲ့အရှိန်အဝါကလည်း အရမ်း ကြောက်စရာကောင်းတယ်လေ။ ဒါက ဘာမှမဟုတ်ပေမဲ့ ငါတို့ရဲ့ တိုင်းတာမှုအရ တွင်းနက်ရဲ့ အကျယ်က နေ့စဉ်နဲ့အမျှ မီတာထောင်ချီပြီး ကြီးမားလာနေတယ်။
ပြောဆိုပြီးနောက် တန်းလီ ခဏတိတ်သွားခဲ့ပါတယ်။ သူက လက်ကိုဝှေ့ယမ်းလိုက်တဲ့အခါ အဖြူရောင်အလင်းတစ်ခု ထွက်ပေါ်လာခဲ့ပါပြီ။အဖြူရောင်အလင်းထဲမှာ ကြီးမားတဲ့ အနက်ရောင် စကြာဝဠာတွင်းနက်ကြီးတစ်ခု ရှိနေလို့ပါ။ အတွင်းမှာ အရောင်အမျိုးမျိုး မှိန်ဖျော့ဖျော့ လင်းလက်နေခဲ့ပါတယ်။ သေချာကြည့်မယ်ဆိုရင်တော့ ဒီတွင်းနက်ကြီးက မြင့်မားတဲ့ အမြန်နှုန်းနဲ့ ပြန့်ကားလာနေတာကို မြင်တွေ့ရမှာပါ။
![](https://img.wattpad.com/cover/345662771-288-k399869.jpg)
YOU ARE READING
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅
Adventureအပိုင်း ၁၇၇၄ မှ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွားခ...