အပိုင်း ( 1814 )
တိုင်ဂန်စစ်ကမ္ဘာနဲ့ ဝေးကွာတဲ့ ကြယ်ကောင်းကင်မှာတော့တိုက်ပွဲက မပြီးသေးပါဘူး။
ချူးယွန်ရဲ့ တစ်ကိုယ်လုံးမှာ သွေးတွေရွှဲနေခဲ့ပါတယ်။ သူ့အတောင်တွေက ဆုပ်ပြဲနေပြီး အရိုးတချို့လည်း ကျိုးနေခဲ့ပါပြီ။ တချို့ အသားထဲကို ပြန်စိုက်ဝင်နေကာ စိတ်ဆင်းရဲစရာ ဖြစ်နေပါတော့တယ်။
ထူးခြားမိစ္ဆာခန္ဓာက သူ့ကို ကြီးမားတဲ့အင်အားတွေ ရရှိစေပါတယ်။
ဒါပေမဲ့ ဒါက မကောင်းတဲ့ တန်ပြန်လက္ခဏာတွေလည်း ရှိပြီးသားပါ။
ဥပမာအားဖြင့်၊ ဒီအခြေအနေမှာ အချိန်အတော်ကြာနေရင် ဝိညာဉ်အပေါ်မှာ သက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်။
ဒါဟာ သေချာပေါက် ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။
ဒီတစ်ခေါက်မှာ တိထျန်းကို အနိုင်ယူဖို့ ချူးယွန်ဟာ အရာအားလုံးကို စွန့်စားခဲ့ပါတယ်။
သူ့ရဲ့ အားကိုးရာဖြစ်တဲ့ တိုက်ခိုက်မှုကလည်း အချိန်ကိုကျော်လွန်ခြင်းနဲ့ နတ်ဆိုးဘုရားစွမ်းအားပဲ ရှိတာပါ။ တိုက်ပွဲအချိန် ကြာလာတာနဲ့အမျှ တိထျန်းဟာ နားလည်မှုရှိလာပြီး ပိုပြီး ပါးနပ်လာခဲ့ပါတယ်။ သူ့အတွက် တိုက်ခိုက်ဖို့ဆိုတာ အရင်ကလောက် မလွယ်တော့ပါဘူး။
ဒါပေမဲ့ တန်းချုံကျန်းရဲ့ အထောက်အပံ့နဲ့ ချူးယွန်ဟာ တိထျန်းကို အရှိန်မပြတ် တိုက်ခိုက်နိုင်ခဲ့ပါတယ်။
နှစ်ဘက်စလုံးက တစ်ဖက်နဲ့တစ်ဖက် ထိခိုက်အောင် ကြိုးစားရင်း နှစ်ဦးစလုံး ထိခိုက်ခဲ့ရပါတယ်။
ဒါပေမဲ့ ရေရှည်တိုက်ပွဲမှာတော့ ချူးယွန်က အခြေအနေ ပိုကောင်းခဲ့ပါပြီ။
တိထျန်းရဲ့နယ်ပယ်က ကြောက်စရာကောင်းပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက ချူးယွန်ထက် အားနည်းပါတယ်။
ဒါကြောင့် ချူးယွန်က စိုးရိမ်နေသလို တိထျန်းလည်း စိုးရိမ်နေပါတော့တယ်။'အခု တိုင်ဂန်စစ်ကမ္ဘာမှာ ဘာတွေဖြစ်နေပြီလဲ မသိဘူး။ ငါနဲ့ ငါ့ယောက္ခမမရှိရင် ဒီကောင်တွေရဲ့ ကျူးကျော်မှုကို ခံနိုင်ပါ့မလား။ ပြီးတော့ အဲဒီ နတ်ဆိုးမျိုးနွယ်တွေက အရင်ကထက် အများကြီး ပိုသန်မာတယ်။ သူတို့ မလုပ်နိုင်ရင်... ဘယ်လိုဖြစ်မလဲ'
ချူးယွန် အတော်လေး စိတ်မငြိမ်မသက် ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ ဒီတိုက်ပွဲက အချိန်တိုအတွင်း မပြီးဆုံးသေးပါ။

YOU ARE READING
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅
Adventureအပိုင်း ၁၇၇၄ မှ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွားခ...