Part 1

284 11 2
                                    

သစ်သားနဲ့ပြုလုပ်ထားတဲ့ အခန်းထဲမှာ နိုးလာတယ်။ ဘေးကိုဝေ့ကြည့်လိုက်တော့ ပရိဘောဂတွေကြောင့် ဒါကဆေးရုံမဟုတ်ဘူး။ အိပ်ယာကနေထွက်ပြီး ခြေတစ်လှမ်းလှမ်း လိုက်ပေမယ့် ငါ့ခြေထောက်တွေကိုသတိထားမိသည့် အချိန်တွင် ရပ်လိုက်သည်။

ခြေထောက်တွေက ဘာလို့အရမ်းသေးနေတာလဲ။လက်တွေကိုကြည့်လိုက်တော့ ငါ့ကိုပြန်ကြည့်နေတဲ့သေးငယ်တဲ့အရာနှစ်ခုကို ရှာတွေ့ခဲ့တယ်။ သူတို့ကိုလှည့်ကြည့်ပြီး သူတို့ကငါနဲ့သက်ဆိုင်လားဆိုတာ  စစ်ဆေးရန် မှန်ဆီအလောတကြီးသွားကြည့်လိုက်တယ်။မီးလောင်ရောင် ဆံပင်၊ ဖူးထွက်နေတဲ့ ပန်းရောင်နှုတ်ခမ်းတွေ၊ မျက်လုံး အညိုရောင်၊ ပြီးပြည့်စုံတဲ့ မျက်ခုံးမွှေးနဲ့ ကလေးတစ်ယောက်ကို တွေ့လိုက်တယ်။

အသားအရောင်၊ သွယ်လျတဲ့ သဏ္ဌာန်  နဲ့ မိန်းမဆန်တဲ့  ပုံပန်းသွင်ပြင်တွေကနေ ကလေးက မိန်းကလေးတစ်ယောက်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို  အဝတ်အစားတွေချွတ်ကြည့်ချိန်မှာ ငါ့ခန္ဓာကိုယ်ပေါ်မှာ ဒစ်ခ် တစ်ခုနဲ့ တက်တူးတစ်ခုကို တွေ့ခဲ့ရတယ်။

ချယ်ရီအပွင့်တက်တူးတစ်ခုက ငါ့ညာဘက်လက်ကောက်ဝတ်မှာ ရှိနေတယ်။ ငါအဝတ်တွေကို ပြန်ဝတ်ခဲ့တယ်။ ငါ့တက်တူးကို ထိလိုက်တော့ "ကြိုဆိုပါတယ် လုကီ"ဆိုတဲ့ ဆိုင်းပုဒ်ပါတဲ့ တံခါးတစ်ချပ်ကိုတွေ့လိုက်ရတယ်။

ငါ့ရဲ့  တစ်ပိုင်းက ဒါကို ဖွင့်သင့်တယ်လို့ ပြောနေစဥ် တစ်ခြားတစ်ခြမ်းကတော့ မဖွင့်သင့်ဘူးလို့ ပြောနေတယ်။  ကိုယ့်ကိုယ်ကိုနဲ့ ပြိုင်ပွဲဝင်နေပြီးနောက်၊ ဘယ်သူသိမှာလဲ ဘယ်လောက်ကြာလဲဆိုတာ၊ ငါ့လက်ထဲမှာ ပန်းအိုးတစ်ခုနဲ့ အတူသွားပြီးဖွင့်လိုက်တယ်။

တခြားတစ်ဖက်ရှိ အခန်းက ငါခြေမလှမ်းခင်မထိမှောင်နေပြိးနောက်မှာ လင်းလာခဲ့တယ်။ ငါ့နောက်ကတံခါးက ပိတ်သွားသကဲ့သို့ အရှေ့ကို ဆက်လက်ပြီး လျှောက်လာခဲ့တယ်။ ပေါ်လာတဲ့ ဖောက်ထွင်းမြင်နေရတဲ့ စခရင်ရှေ့မှာရပ်လိုက်တယ်။

[ဟယ်လို လုကီ] စခရင်

"အာ..ဟိုင်း"

[မင်းဒါကိုကောင်းကောင်းလုပ်နေတာ မြင်ရတာ ငါအထင်ကြီးသွားပြီး။ ငါမင်းကို ဂုဏ်ပြုပေးသင့်တယ် မစ္စတာ လုကီ] စခရင်

မင်းငါ့ကိုဆုပ်ကိုင်ထားနိုင်မလား //ဘာသာပြန်//Where stories live. Discover now