အဖြူရောင်လိပ်ပြာမျက်နှာဖုံးနဲ့ အဖြူရောင်ဝတ်ရုံကိုဝတ်ပြီး ရွေရောင်ဆံထိုးကို ဆံပင်မှာထိုးထားသကဲ့သို့ ငါ့ကိုယ်ငါ နောက်ဆုံးတစ်ကြိမ်စစ်လိုက်တယ်။ "သိမ်မွေ့သော" ဆိုတဲ့ စကားလုံးကိုသာစဥ်းစားပြီး အပြင်ဘက်ကိုထွက်လိုက်တယ်။
လျှောက်လမ်းကိုလျှောက်ဆင်းပြီး အမေ ကြေညာချက်လုပ်ပြီးနောက်မှာ ငါစင်ပေါ်တက်သွားလိုက်တယ်။ ငါလူအုပ်ကြီးကိုကြည့်လိုက်ရင်ပဲ ခေါင်းတွေအကုန်ကငါ့ဆီကိုလှည့်လာခဲ့တယ်။ ထိုင်ခုံပေါ်တင့်တယ်စွာထိုင်ရင်း ဂီတ အပိုင်းအစ သုံးခုကိုတူရိယာနှစ်မျိုးတည်းနဲ့ ဖျော်ဖြေဖို့ဆုံးဖြတ်ခဲ့တယ်။
ပုလွေနဲ့ ကူချင်းက ငါအသုံးပြုမယ့်ဟာအကုန်ပဲ။ အသက်ပြင်းပြင်းရှူပြီးပုလွေကို ငါ့နှုတ်ခမ်းအောက်ထားဟန်ဖြင့် ငါ့ရဲ့ချစ်သူကိုစဥ်းစားဖို့ မျက်လုံးတွေကိုမှိတ်လိုက်တယ်။ ငါ့နှလုံးသားကို သန့်စင်ထုတ်သကဲ့သို့ ဂီတသံစဥ်က ချောမွေ့စွာစီးဆင်းလာတယ်။
ငါတီးပြီးသွားတဲ့အချိန် လူတချို့ကငိုနေကြပေမယ့် ငါ့ပုလွေကိုချပြီး ကူချင်းကိုငါ့အနီးအနားဆီဆွဲယူလိုက်တယ်။ ကြိုးတွေပေါ်ကို ငါ့လက်တွေညင်သာစွာ နေရာယူလိုက်တယ်။ ငါစတင်ပြီးတီးခတ်နေသကဲ့သို့ လူေတွထပ်ပြီးဝင်လာကြတယ်။
တတိယသီချင်းကိုရောက်ရှိလာပြီ ငါအဖေနဲ့အမေကိုကြည့်ပြီး ပြုံးပြလိုက်တယ်။ ညကို အဆုံးသတ်တစ်ခုထိ ငါဆက်လက်ယူဆောင်ခဲ့တယ်။
ပြီးဆုံးကြောင်းပြသဖို့ ငါ့လက်ထဲက အပြားကို ချလိုက်တဲ့အချိန် သူတို့အကုန်ပျော်ရွှင်စွာ အားပေးကြတယ်။ တချို့ကသူတို့မျက်လုံးက မျက်ရည်တွေကို သုတ်နေကြတယ်။ ပျော်ရွှင်စရာတွေကို ငါသယ်ဆောင်လာတယ်ဆိုတာကို သိစေဖို့ ငါပြုံးပြလိုက်တယ်။
စင်ပေါ်ကနေဆင်းလာခဲ့တယ်။ အမတ်ချုပ်က ငါ့ကိုဂုဏ်ပြုဖို့လာသကဲ့သို့ ငါကပြုံးနေကျအတိုင်းအရမ်းချိုသာစွာ ပြုံးပြီးဦးညွှတ်ခြင်းနဲ့အတူ ပြောလိုက်တယ်။
"ကျေးဇူးတင်ပါတယ်။"
ငါတို့ဆိုင်ပိတ်ပြီးချိန်မှာ အမေက ငါ့ဆီမှာဒီလိုကြီးမြတ်တဲ့ အရည်အသွေးရှိမှန်းသူမ မသိကြောင်းပြောပေမယ့် ကံကောင်းသွားယုံပါလို့ ငါသူမကိုပြောခဲ့တယ်။ ငါတို့စကားပြောပြီးနောက် ငါအခန်းဆီကိုဦးတည်လိုက်တယ်။ ငါ့ရဲ့အသစ်ရှာတွေ့တဲ့အသက်မွေးဝမ်းကြောင်းကို စဥ်းစားရင်း အိပ်ယာထဲလှဲနေလိုက်တယ်။
YOU ARE READING
မင်းငါ့ကိုဆုပ်ကိုင်ထားနိုင်မလား //ဘာသာပြန်//
Historical Fictionလုကီက သူရဲ့အကြိမ်(၃၀)မြောက်မွေးနေ့မှာ နှလုံးထဖောက်ခြင်းကို ခံစားရပြီးနောက်မှာတော့ သူက ရှေးခတ်ကမ္ဘာတစ်ခုကို ကူးပြောင်းသွားခဲ့တယ် ဒါပေမယ့်သူနိုးလာတဲ့အခါ သူ့ကိုယ်သူလယ်သမားမိသားစုမှာ မွေးဖွားလာတဲ့ ၁၃နှစ်အရွယ်ကောင်လေးခန္ဓာကိုယ်ထဲမှာမှန်းသိလိုက်ရတယ် Total...