ငါဖျော်ဖြေချင်တဲ့ အပိုင်းအစအသစ်ကို လေ့ကျင့်နေခဲ့ပေမယ့် ငါ့ရဲ့ပုံမှန်တူရိယာတွေကို အသုံးပြုမနေပါဘူး။ ငါက ဗုံတွေ ကူချင်း ချူတပ်ဗုံ နှင့်အတူ တယောတစ်လက်ကို အသုံးပြုသွားမှာပါ။ ကျင်းပပွဲကငါလိုချင်ခဲ့သလိုမျိုး စတင်ခဲ့တယ်။ ငါ့လူတွေက ဘာလုပ်ရမလဲဆိုတာ ကြိုသိေနကြတယ်။ ဒါကြောင့်ငါတို့တွေ စောင့်ကြည့်နေသကဲ့သို့ လူတွေကလည်း ဧကရီချန်ယူရဲ့ မွေးနေ့ပွဲကို ဆင်နွှဲဖို့စုရုံးလာကြတယ်။
ပြင်ဆင်ထားတဲ့အလှဆင်ခြင်းကနေ အစားအသောက်တွေအထိ အတော်လေးလှပတယ်။ အမတ်နဲ့မူးမတ်တချို့က စိန်တွေပုလဲတွေနှင့် လက်ဝတ်ရတနာကဲသို့ လက်ဆောင်တွေယူလာကြတယ်။
ငါ့ရဲ့ပုံမှန်မျက်နှာဖုံးကို ဝတ်ဆင်ဖို့ ခံစားချက်မရတာကြောင့်(ပြောရရင် ဖီးလ်မလာဘူးပေါ့ကွာ) ငါပေါ့ပေါ့ပါးပါးမိတ်ကပ်နဲ့ မျက်နှာအောက်တစ်ဝက်ကို ဖုံးဖို့ ရွှေအဝတ်စတစ်ခု ပတ်ထားတယ်။
ငါဝတ်တဲ့ဝတ်စုံက ရိုးရှင်းပြီး ကြော့ရှင်းတယ်။ အဲ့ဒါက ဒါမှမဟုတ် အမြင်ဖမ်းတာမျိုးမဟုတ်ပါဘူး။ ငါသစ်ပင်ပေါ်ကနေ ဖျော်ဖြေပွဲကျင်းပခြင်းကို ကြည့်နေတာကို တစ်ယောက်မှ သတိမထားမိပါဘူး။ ငါ့လူတွေကလည်း ခေါင်မိုးတွေပေါ်မှာ ဒါမှမဟုတ် သစ်ပင်တွေနောက်မှာ ပုန်းနေကြတယ်။
နေရာအနှံ့က ယောကျ်ားတွေနဲ့ မိန်းမတွေအကုန်က ဧကရီအတွက် ဖေျာ်ဖြေဖို့လာကြတယ်။ ဧကရီချန်ယူက သူမယောကျ်ားဖြစ်သူ ဧကရာဇ်တုန်းရန်ဘေးမှာ ပျင်းတဲ့အမူအရာနဲ့အတူထိုင်နေတဘ်။
ကိုယ်လုပ်တော် ဝမ်ရှီယူက သူမရဲ့နေရာကို ပြသဖို့ ဧကရာဇ်အောက်နားလေးမှာတင် ထိုင်နေတယ်။ သူမကသူမရဲ့မျက်နှာပေါ်မှာ ကြီးမားတဲ့အပြုံးကြီးကို ကပ်ထားသကဲ့သို့ သူမရဲ့အစေခံက သူမကို အစားအစာနဲ့ ဝိုင်တွေဆက်သနေတယ်။
တခြားကိုယ်လုပ်တော်တွေက ဝမ်ရှီယူကို လှည့်ဖြားတဲ့အကြည့်တွေပေးနေတာက င့ါကိုရီစေတယ်။ ဧကရာဇ်တုန်းရန်က ချောမောခန့်ညားတဲ့ ယောကျ်ားတစ်ယောက်အဖြစ် ကြီးပြင်းလာတယ်လို့ ငါပြောရမယ်။ သူကငါ့ လို့ထင်ရပေမယ့် အဲ့အထုတ်က ဘာနဲ့အတူလာလဲ ငါမသိဘူး။ ဒါကြောင့် ငါအကွာအဝေးကို ထိန်းသိမ်းထားမယ်။
YOU ARE READING
မင်းငါ့ကိုဆုပ်ကိုင်ထားနိုင်မလား //ဘာသာပြန်//
Historical Fictionလုကီက သူရဲ့အကြိမ်(၃၀)မြောက်မွေးနေ့မှာ နှလုံးထဖောက်ခြင်းကို ခံစားရပြီးနောက်မှာတော့ သူက ရှေးခတ်ကမ္ဘာတစ်ခုကို ကူးပြောင်းသွားခဲ့တယ် ဒါပေမယ့်သူနိုးလာတဲ့အခါ သူ့ကိုယ်သူလယ်သမားမိသားစုမှာ မွေးဖွားလာတဲ့ ၁၃နှစ်အရွယ်ကောင်လေးခန္ဓာကိုယ်ထဲမှာမှန်းသိလိုက်ရတယ် Total...