Prologue

159 4 1
                                    

အောက်မေ့ဖွယ်ကောင်းတဲ့ ညတစ်ည ၊ မီးရှုးမီးပန်းတွေက ငါ့ရှေ့မှာ အလှဆင်ထားတဲ့ အလှဆင်မှုများနဲ့အတူ လှပနေပါတယ်။

သူတို့ကမွေးနေ့သီချင်းကိုသီဆိုနေသကဲ့သို့ ငါ့နားက ငါ့ စေ့စပ်ထားတဲ့ယောကျ်ား ရဲ့လက်ကိုကိုင်ထားတယ်။ "ဆုတောင်းလိုက်လေ" သူကပြောပေမယ်ငါ့ဆုတောင်းပြီးချင်းချင်းပဲ။ ငါခန္ဓာကိုယ်တစ်လျှောက်အပူချိန်ကျသွားတာကို ခံစားလိုက်ရတယ်

 လေရဖို့ ပင့်သက်ရှိုက်လိုက်တယ်  ၊ငါ့ရင်ဘက်ကိုကိုင်ထားရင်း အသက်ရှူဖို့ကြိုးစားခဲ့တယ်။ "ကူ-ကူ-ကူပါဦး" ငါ ပင့်သက်ရှိုက်ကြားမှာပြောဖို့ ကြိုးစားရင်း သူတို့လူနာတင်ယာဥ်ခေါ်တာကို ကြားလိုက်ရတယ်။

ငါ့ရင်ဘက်က တင်းကြပ်သကဲ့သို့ မျက်ရည်ပြည့်နေသည့်မျက်လုံးတွေနဲ့အတူ ငါပိုပြင်းပြင်း ဆုပ်ကိုင်လိုက်တယ်  ။နာကျင်မှုက မခံမရပ်နိုင်လောက်အောင်ဖြစ်ပြီး ငါ့နှလုံးသားကပြေးလမ်းပေါ်က မြင်းတစ်ကောင်လိုခုန်နေတယ်။

ငါ့ စေ့စပ်ထားတဲ့ယောကျာ်းရဲ့လက်ကိုကိုင်ရင်း တောင်းပန်ပါတယ်လို့ ငါသူ့ကိုပြောဖို့ကြိုးစားပေမယ့် စကားလုံးတွေကထွက်လမ်းရှာမတွေ့သကဲ့သို့ အသံတွေနေပဲ့တင်သံတွေဖြစ်လာပြီး မျက်နှာတွေကနေ ဝေးဝါးတဲ့ပုံရိပ်တွေဖြစ်လာခဲ့တယ်။

အရာအားလံုးက အရမ်းကောင်းနေသေးသော်လည်း အရာအားလုံးက အရမ်းမှောင်နေသကဲ့သို့ အေးခဲမှုက ငါ့ကိုဝန်းရံနေတယ်လို့ ခံစားရတယ်။ လျောက်သွားနေရင်း ငါနောက်ဆုံးမှာ အလင်းရောင်တစ်ခုကို တွေ့သည့်နေဖြင့် အဲ့ဒီကိုဦးတည်ပြေးခဲ့တယ်။ အဲ့ဒါကငါ့ရဲ့အိမ်ပြန်လမ်းဖြစ်ဖို့မျှော်လင့်ရင်းပေါ့။

----------------------------------------------

ဒါလေးက နောက်တစ်ပုဒ်ပါ။ ပြန်နေတဲ့သူဖြစ်ဖြစ် ပြန်ပြီးတဲ့သူဖြစ်ဖြစ်ရှိရင်ပြောကြပါလို့။ မရှိဘူးထင်လို့ပြန်တာပါ။ လွဲမှားနေတာရှိရင် ဘာသာပြန်သူ၏အမှားဖြစ်ပါတယ်။

မင်းငါ့ကိုဆုပ်ကိုင်ထားနိုင်မလား //ဘာသာပြန်//Where stories live. Discover now