Part 2

88 9 1
                                    

ဝမ်ဂျင်အဖြစ်သံုးလနေပြီ‌းနောက်မှာ ငါရှင်းတိုင်းပြည်ရဲ့ စွန့်ပစ်ကုန်းမြေမှာနေတယ်ဆိုတာကို သင်ယူလာရတယ်။ ဝမ်ဂျင်ကကျောင်းမသွားဖူးတာကြောင့် ဘာတွေဖြစ်နေလဲဆိုတာသိဖို့ သူ့မှာသေးငယ်တဲ့ဗဟုသုတပဲရှိတယ်။

တိုင်းပြည်အဓိကနယ်မြေထဲကိုသွားရင် ‌ငွေပြားငါးဆယ်ပေးရမယ်။ ဒါကငွေကြေးအများကြီးဖြစ်ပြီး လူအနည်းစုကသာဒါကို တတ်နိုင်ကြတယ်။  ငါနေနေတဲ့စွန့်ပစ်နယ်မြေက စစ်ပွဲကြီးမတိုင်ခင်က တစ်ချိန်က‌ေတာက်ပတဲ့အရောင်သွေး နဲ့ ပျော်ပွဲရွှင်ပွဲရာသီ‌ေတွရှိဖူးတဲ့ ရွာတစ်ရွာရဲ့ အကြွင်းအကျန်ဖြစ်တယ်။ ဒီမှာနေတဲ့လူတွေအားလုံးအတွက်တော့အခု ဒီမြို့ကိုသရဲမြို့လို့ခေါ်တယ်။ လတ်တလော ဝမ်ဂျင်မှာ အဓိကနယ်မြေ ဒါမှမဟုတ် စစ်ပွဲမတိုင်ခင်က ရှင်း‌ေနးရှင်း လို့ခေါ်တဲ့မြို့ဆီကို စာလေ့လာဖို့အတွက် သွားတဲ့အမတစ်ယောက်ရှိပေမယ့်  ပြန်မလာခဲ့ဘူး

အဖေနဲ့အမေက သူမဆီမှာ တချို့အရာတွေဖြစ်နေပြီးလို့ ထင်နေခဲ့ကြပေမယ့် သူတို့ရဲ့နောက်ဆုံးစုငွေကို သူမဆီသွားလည်ဖို့သုံးလိုက်ချိန်မှာ သူမကမြင့်မားတဲ့ဘဝမှာနေနေတာကို ရှာတွေ့သွားခဲ့တယ်။

အမေက သူမကိုမိသားစုကို ကူညီဖို့မေးမြန်းခဲ့ပေမယ့် သူမကလူတွေကို သူမဟာချမ်းသာတဲ့ နောက်ခံကနေလာခဲ့တာလို့ ပြောခဲ့တာကြောင့် သူမရဲ့လူကောင်းဖိနပ်ပုံပန်းသွင်ပြင်ကို ထိန်ချန်ဖို့ရန် သူမကိုငြင်းခဲ့တယ်။

တချို့လူတွေက ကောက်ကျစ်ကြပြီး ဝမ်ဂျင်ရဲ့အမ ဝမ်ရှု ကလည်းသူတို့ထဲကတစ်ယောက်ပါပဲ။ သူ့မိဘတွေအိမ်ပြန်လာတဲ့အခါ မွေးကတည်းက သူတို့နဲ့အတူလယ်ထဲမှာ ရှိနေတဲ့ဝမ်ဂျင်ကို ကျောင်းပို့ဖို့လုံလောက်တဲ့ပိုက်ဆံစုဖို့ ကြိုးစားခဲ့ကြတယ်။

ဝမ်ဂျင်က အခွင့်အရေးကို  ပယ်ချခဲ့တယ်။ ဒါမှသူလယ်ထဲအလုပ်လုပ်နေစဥ် သူ့မိဘတွေက သူတို့ရဲ့ဖျားနာမှုကို ကုသဖို့ဆေးဝယ်နိုင်လိမ့်မယ်။

တခြားရွာသားတွေဆီကနေ လက်ခံရရှိတဲ့ မည်သည့်စားစရာနှင့်ဆေးကိုမဆို သူကသူ့မိဘတွေကို ပေးလိမ့်မယ်။ ဒီဟာက သူ့ဆီကို အားနည်းပြီး အာဟာရချို့တဲ့ တဲ့ရလဒ်တွေ ရလာစေခဲ့တယ်။

မင်းငါ့ကိုဆုပ်ကိုင်ထားနိုင်မလား //ဘာသာပြန်//Where stories live. Discover now