Unicode 🤗" ဒါဘယ်လိုဖြစ်နေကြတာလဲဟမ်!! "
ဦးဩဇာ၏စကားသံအဆုံးသူသည်လည်းမတ်တပ်ထရပ်ကာ " မြင်တဲ့အတိုင်းဘဲလေ " ဟုခွန်းတုံ့ပြန်လိုက်သည်။
" နက်ရှိုင်းကမ္ဘာမင်းကငါတို့အိမ်ထဲဘာလာလုပ်တာလဲ "
ကိုရှိုင်းကိုလက်ညှိုးတွင်တွင်ထိုးကာအော်ပြောလာသည်ကြောင့် ကိုရှိုင်းရှေ့မှပိတ်ရပ်ကာ
" ဒီမှာ..ဒါကျွန်တော့်ဒယ်ဒီရဲ့အိမ် တစ်နည်းအားဖြင့် ကျွန်တော့်ရဲ့အိမ်ဘဲ။ ကျွန်တော့်အိမ်ကို ကျွန်တော်နဲ့သိတဲ့ဘယ်သူမဆို အချိန်မရွေးဝင်နိုင်ထွက်နိုင်တယ်။ ဦးဩဇာဝင်စွက်ဖက်နေစရာဘာအကြောင်းမှမရှိဘူး "
" ကိုယ်တို့ပြန်လိုက်ဦးမယ်။ ဆေးသောက်ဖို့လည်းမေ့မနေနဲ့ဦးညီ။ မသက်သာရင် ဘုန်းပြည့်ရောင်ရဲ့ အိမ်မှာကိုယ်ရှိတယ်။ ဆရာကိမ်းရဲ့စကားကိုလည်းနားထောင်ဦး။ လူဆိုးလေးလုပ်မနေနဲ့။ ညီက လိမ္မာပြီးသားလူငယ်တစ်ယောက်ပါ။ ကိုယ်သွားပြီနော် "
ကိုရှိုင်းတို့သုံးယောက်ကတော့ အိမ်မှပြန်သွားကြပြီပေါ့။ " ညီက လိမ္မာပြီးသားလူငယ်တစ်ယောက်ပါ " ဆိုသည့်ကိုရှိုင်းရဲ့စကားလေးတစ်ခွန်းကြောင့် ဦးဩဇာနဲ့အတိုက်အခံထပ်မလုပ်နေတော့ဘဲ သူသည်လည်းဧည့်ခန်းထဲမှထွက်လာကာ ခေါက်ဆွဲပြုတ်စားဖို့သာရေနွေးအိုးတည်နေလိုက်သည်။
ဦးဩဇာအပြင်ကဝယ်လာပေးသည့်အစားအစာများကိုမထိချင်တော့တာကြောင့် အသင့်စားအစားအစာဖြစ်သည့် လွယ်ကူရိုးရှင်းလွန်းသည့်ခေါက်ဆွဲပြုတ်စားရန်သာသူရွေးချယ်ခဲ့ခြင်း။ တစ်ဦးတည်းသောသားဖြစ်သည့်သူ့လိုလူက ကြက်ဥပြုတ်နဲ့ခေါက်ဆွဲပြုတ်လိုအသင့်စားတဲ့အရာမှလွဲရင် မည်သည့်ဟင်းမှမချက်တတ်သည်ကြောင့် ခေါက်ဆွဲပြုတ်ပူပူဟာ သူ့အတွက်တော်တော်လေးအဆင်ပြေလှသည်။
ကိုရှိုင်းပေးသွားသည့်ဆေးကိုသောက်ဖို့ရာအစာရှိနေဖို့အရေးကြီးသည်ကြောင့် နေ့လည်စာစားချင်စိတ်မရှိပေမယ့်လည်း ဆေးသောက်ပြီးအိပ်ဖို့ပြောသွားသည့်ကိုရှိုင်းကြောင့် ဒီခေါက်ဆွဲပြုတ်ကိုတော့ သူကုန်အောင်စားရလိမ့်မည်။ ဒါမှလည်း ဆေးဒဏ်ကိုခံနိုင်မှာမဟုတ်ပါလား။
YOU ARE READING
📝School Diary📝(Cloud)
Romanceကလေးဘဝဆိုတာအပူအပင်ကင်းလွန်းတဲ့အရွယ်ပေါ့။ ပြန်မရနိုင်တော့တဲ့အထဲမှာ " ငယ်ရွယ်မှု " လည်းအပါအဝင်ပေါ့။ ငယ်ရွယ်စဥ်ကျောင်းသားဘဝမှာ သူငယ်ချင်းတွေနဲ့ပျော်ခဲ့ရတဲ့အခိုက်အတန့်လေးတွေကိုလွမ်းမိသား။ အချိန်တွေအားလုံးသာနောက်ပြန်ဆုတ်ခွင့်ရမယ်ဆို အပူပင် ကင်းလွန်းတဲ့ က...