> 7 <

1K 65 11
                                    


Unicode 🤗

" ဇွဲသွေးပိုင်..ကိုယ်မင်းကိုစကားပြောခွင့်ပေးထားသလား "

ကိုရှိုင်းရဲ့အသံဟာဒေါသသံမပါပေမယ့်လည်း ရန်ဖြစ်ခဲ့မိသည့်သူ့အတွက် ကိုရှိုင်းနှင့်မျက်နှာချင်းဆိုင်ရမှာကိုကြောက်နေမိသည်။ ဇွဲသွေးပိုင်လိုမျိုးလည်း သတ္တိတွေ ထွက်မလာပါ။

" ဒါပေမဲ့ ဘုန်းပြည့်ကိုမရိုက်ပါနဲ့။ ရန်ပွဲဖြစ်တာ ကျွန်တော့်ကြောင့်မလို့ ကျွန်တော့်ကိုဘဲရိုက်ပါဆရာ "

" ဇွဲသွေးပိုင် ကိုယ်စကားတွေအများကြီးမပြောချင်ဘူး။ ကိုယ်ပြောတာရှင်းရှင်းလေးနော် "

" ဒီမှာပါကိုကြီး "

ကြိမ်လုံးယူကာပြန်ရောက်လာသောဘုန်းပြည့်ဟာ ထုံးစံအတိုင်းမျက်ရည်အဝဲသား။ ဘုန်းပြည့်ရောင်ဆိုသည့်ကောင်လေးအားမျက်နှာပင်မညှိုးနွမ်းစေချင်။ သူ့ကိုအမြဲပြုံးပျော်ရွှင်နေသည့်ကောင်လေးတစ်ယောက်အဖြစ်သာရှိစေချင်သည်။ ထို့ကြောင့်လည်းသူနဲ့ပတ်သတ်လာရင် အမြဲအနစ်နာခံ၊ Volunteerလုပ်ပေးခဲ့တာ တစ်ကြိမ်နှစ်ကြိမ်မှမဟုတ်ခဲ့ဘဲ။ ဘုန်းပြည့်ရောင်ဆိုသည့်ကောင်လေးကိုစသိကတည်းက အနီးကပ်ဂရုစိုက်ပေးလာရတာ။ ကိုယ်ကသာ တစ်နေ့ထက်တစ်နေ့ မေတ္တာတွေပိုပိုလာရတာ..သူကတော့ဂရုစိုက်ပေးသမျှအားလုံးကို သတိမမူခဲ့ဘဲ သူငယ်ချင်းအဆင့်ထက် ကိုယ့်အပေါ်မပိုခဲ့။

" ကိုယ်နှစ်ချက်ဘဲရိုက်မယ်။ နောက်တစ်ခါရန်ထပ်ဖြစ်ခဲ့ရင် ဆယ်ဆထက်ပိုလာနိုင်တယ်ဘုန်းပြည့်ရောင် "

နှစ်ချက်ဆိုသည့်အသံကြောင့်စိတ်အေးသွားရသည်။ ဒယ်ဒီသာဆိုသူရန်ဖြစ်လာရင်အနည်းဆုံးဆယ်ချက်လောက်ကျွေးမှာ။ သို့ပေသည့်ဒါဟာပထမဆုံးအကြိမ်ရန်ဖြစ်ခြင်းမို့ ကိုကြီးဟာ သူ့ကိုအလျှော့ပေးမှန်းသိပါသည်။

" ဘုန်းပြည့်ကိုရိုက်မယ့်နှစ်ချက်ရော ကျွန်တော့်ကိုရိုက်မယ့်နှစ်ချက်ရော ပေါင်းပြီးလေးချက်ရိုက်ပါဆရာ "

ဇွဲသွေးပိုင်ရယ်ပတ်ဝန်းကျင်ကိုအကဲမခတ်တတ်လား။ ဒီအချိန်ဟာလူစွမ်းကောင်းဝင်လုပ်လို့ကောင်းတဲ့အချိန်လို့များမှတ်နေလားမသိ။ ကိုရှိုင်းက သဘောဖြူမနောဖြူလေးမလို့သာ နှစ်ချက်လောက်နဲ့ပြီးတာ။ ဦးဩဇာသာဆိုလို့ကတော့ အချက်နှစ်ဆယ်တောင်ပြီးပါ့မလားမသိ။

📝School Diary📝(Cloud)Where stories live. Discover now