Unicode 🤗" နောက်တစ်ခါ အဲဒီနက်ရှိုင်းကမ္ဘာဆိုတဲ့ဆရာနဲ့ ဝေးဝေးနေပါတိမ်ယံထက်နေ!! "
" ဘာလို့လဲကိုရှိုင်းကဘာဖြစ်နေလို့လဲ ဘာကြောင့်လဲ "
အိမ်သို့ရောက်သည်နှင့်ဆွဲခေါ်လာသည့်လက်အားလွှတ်ပေးပြီး ပြောလာသည့်စကားက ဂီတဆရာနဲ့ဝေးဝေးနေပါတဲ့လေ။ ဘယ်ကဘယ်လို " ကိုရှိုင်း " ဆိုသည့်နာမ်စားဟာထွက်သွားသည်လဲတော့မသိပေမယ့် ဆရာလို့ခေါ်တာမကြိုက်သည့်အကို့ကို ကိုရှိုင်းဟုသုံးနှုန်းလိုက်တာဟာရိုင်းသည့်အသုံးအနှုန်းမဟုတ်တာကြောင့် အဆင်ပြေသည်။ ကိုရှိုင်းလည်း ထိုအသုံးအနှုန်းကိုကြိုက်မည်ဟုထင်မိသည်။
" ထပ်ပြောမယ် နက်ရှိုင်းကမ္ဘာဆိုတဲ့ ကောင်နဲ့ဝေးဝေးနေ တောက်... "
တောက်ခေါက်ကာ လှည့်ထွက်သွားသော ဦးဩဇာအားသူနည်းနည်းလေးမှ ကြည့်မရပေ။ အမြဲသူပြောချင်ရာကိုသာ တဇွတ်ထိုးပြောတတ်သည့်သူဟာ စကားပြောကောင်းသည့် ကိုရှိုင်းနှင့်တော့ ရထားတစ်လမ်း သံတစ်လမ်းပင်။
" အော်..မနက်ဖြန်ကစပြီး မနက်ငါးနာရီဆိုတာနဲ့ စာကြည့်ခန်းထဲစာကျက်နေတာမြင်ချင်တယ်။ မဟုတ်လို့ကတော့မျက်ရည်ကုန်မှ ကျောင်းသွားရမယ်လို့သိထား "
လှည့်ထွက်ပြီးမှပြန်ရောက်လာကာ ထပ်ပြောသွားသောစကားက တိမ်ယံအဖို့ နေပူပူမှာမိုးကြိုးအပစ်ခံလိုက်ရသလိုပင်။ မနက်ခုနစ်နာရီတက်သည့်ကျောင်းကို ခြောက်နာရီခွဲမှဝရုန်းသုန်းထကာပြင်ဆင်ပြီးသွားတတ်သည့်တိမ်ယံအတွက် မနက်ငါးနာရီစာကြည့်ခန်းထဲမှာထိုင်ပြီး စာကျက်နေဖို့ကလုံးဝမဖြစ်နိုင်ပေ။
ဦးဩဇာဟာလေ..သူများအိမ်မှာလည်းလာနေသေးတယ်။ အလိုလည်းမလိုက်ဘူး။ သူ့အိမ်ကျနေတာဘဲ အမြဲသူဖြစ်ချင်တာတွေဘဲရှေ့တန်းတင်ပြီး ပြောပြောသွားတယ်။
ဘာကိစ္စ ငါကရောမျက်ရည်ကုန်မှကျောင်းသွားရမှာလဲ..ကိုယ့်မျက်လုံးနဲ့ကိုယ်အိပ်တာ သူ့အပူပါတာကျနေတာဘဲ။ ငါဆိုတဲ့တိမ်ယံထက်နေက ခြိမ်းလားခြောက်လားနဲ့ဆရာကြီးလိုအမိန့်လာပေးလို့ကတော့ အဖက်တောင်မလုပ်တတ်ဘူးဆိုတာ ဦးဩဇာသိသွားအောင်ပြရသေးတာပေါ့ကွာ။
YOU ARE READING
📝School Diary📝(Cloud)
Romansaကလေးဘဝဆိုတာအပူအပင်ကင်းလွန်းတဲ့အရွယ်ပေါ့။ ပြန်မရနိုင်တော့တဲ့အထဲမှာ " ငယ်ရွယ်မှု " လည်းအပါအဝင်ပေါ့။ ငယ်ရွယ်စဥ်ကျောင်းသားဘဝမှာ သူငယ်ချင်းတွေနဲ့ပျော်ခဲ့ရတဲ့အခိုက်အတန့်လေးတွေကိုလွမ်းမိသား။ အချိန်တွေအားလုံးသာနောက်ပြန်ဆုတ်ခွင့်ရမယ်ဆို အပူပင် ကင်းလွန်းတဲ့ က...