Unicode 🤗" မြန်မြန်လျှောက်လေ..သုံးနှစ်သားကလေးလား လမ်းကိုဘယ်လိုလျှောက်နေတာလဲ နှေးတုတ်နှေးတုတ်နဲ့ အဘိုးအိုကြီးကျနေတာဘဲ "
ညနေစောင်းတော့ဦးဩဇာနှင့်အတူ ဆရာဦးထွန်းအောင်၏ကျူရှင်သို့်စာသွားသင်ရန် အတူသွားကြရသည်။ နောက်နှစ်လမ်းကျော်မှာရှိသည့်ကျူရှင်အိမ်ကထွက်ပြေးမှာကျနေတာဘဲလမ်းကိုသွက်သွက်သွက်သွက်နဲ့လျှောက်သွားလိုက်တာများ။ သူလမ်းကိုအမြန်လျှောက်တာနဲ့ဘဲ ငါကပါအမြန်လျှောက်ရမှာလား။ ကိုယ့်ခြေထောက်နဲ့ကိုယ်လျှောက်တာကို။ လူကိုများ သုံးနှစ်သားကလေးလို့ပြောလိုက် အဘိုးအိုကြီးလို့ပြောလိုက်နဲ့ ကြည့်လို့ကိုမရဘူး။
" ဝင်တော့..စာပြန်ကြည့်နေ..ခဏနေလာခဲ့မယ် "
ဒီနေ့အချိန်ဇယားတွင်စာသင်ချိန်မပါဘဲ ဂိုက်နှင့်အတူစာလုပ်ချိန်သာပါသည်။ ထို့ကြောင့် မမြင်ချင်သည့် ဦးဩဇာရဲ့မျက်နှာအားညကိုးနာရီကျူရှင်မဆင်းမချင်းမြင်နေရဦးမည်။ ကျူရှင်လွှတ်ပြန်တော့လည်း ဝဋ်ကြွေးကပါလာတော့ တစ်အိမ်တည်းအတူနေရဦးမည်။
" ဟျောင့်တိမ်ယံ..မင်းကလည်းကြာလိုက်တာကွာ။ ဘယ်လိုလဲအခြေအနေလေး "
သုံးယောက်သီးသန့်စာကျက်ခန်းအတွင်းသို့ဝင်လိုက်သည်နှင့်ဇွဲသွေးပိုင်၏အသံကဟိန်းခနဲထွက်လာ၏။
" ဘာအခြေအနေလဲ "
" မင်းနဲ့Bioဆရာအသစ်နဲ့တစ်အိမ်တည်းအတူနေပြီမဟုတ်ဘူးလား "
" ဦးဩဇာနဲ့လား "
" ဟမ်..ဘယ်ကဦးဩဇာလဲ "
" ဟိုမှာလေ ဦးဩဇာ "
ကြိမ်လုံးတစ်ချောင်းကိုင်ပြီးစားပွဲခုံကိုတဖြန်းဖြန်းရိုက်ကာ အပြင်အခန်းကျယ်ထဲမှကျောင်းသားများကို အတန်းမစခင် မဆူဖို့၊ စာကြည့်နေဖို့ပြောနေသော Bioဆရာအသစ်အား မေးငေါ့ကာပြလိုက်တော့
" ဟင်..ဆရာ့ကိုဦးဩဇာလို့ခေါ်လိုက်တာလား "
" အေး..ဟုတ်တယ်..အသံပါဝါက ဩဇာငြိမ့်ညောင်းနေတဲ့အတိုင်းဘဲလေ..တပည့်တွေကသူ့စကားတစ်ခွန်းဆိုတစ်ခွန်းဘဲငြိမ်ကျသွားတာမဟုတ်ဘူးလား။ ဒါဟာအသံဩဇာအပြည့်နဲ့ တပည့်တွေအပေါ် လွှမ်းမိုးနေလို့။ လှတယ်မလားငါပေးထားတဲ့နာမည်အသစ်လေး ဦးဩဇာတဲ့မှတ်ထား "
YOU ARE READING
📝School Diary📝(Cloud)
Romanceကလေးဘဝဆိုတာအပူအပင်ကင်းလွန်းတဲ့အရွယ်ပေါ့။ ပြန်မရနိုင်တော့တဲ့အထဲမှာ " ငယ်ရွယ်မှု " လည်းအပါအဝင်ပေါ့။ ငယ်ရွယ်စဥ်ကျောင်းသားဘဝမှာ သူငယ်ချင်းတွေနဲ့ပျော်ခဲ့ရတဲ့အခိုက်အတန့်လေးတွေကိုလွမ်းမိသား။ အချိန်တွေအားလုံးသာနောက်ပြန်ဆုတ်ခွင့်ရမယ်ဆို အပူပင် ကင်းလွန်းတဲ့ က...