Unicode 🤗" ကျစ်!! ကျူရှင်လည်းမလာကြဘူး။ ဒီသုံးကောင်ကျူရှင်တွေပါပြေးတတ်နေပြီပေါ့ "
ကျူရှင်ရောက်သည်နှင့်တိမ်ယံထက်နေတို့အဖွဲ့အားမတွေ့လို့ ဆရာဦးထွန်းအောင်အားသွားမေးမိတော့ ဘုန်းပြည့်ရောင်တို့အိမ်ကခွင့်လာတိုင်ထားလို့သုံးယောက်လုံးဒီနေ့မလာဖြစ်ဘူးတဲ့လေ။ ခွင့်တိုင်ပေးတာကရောဘယ်သူလဲ..ကလေးသုံးယောက်ကို မြှောက်ထိုးပင့်ကော်လုပ်ပြီးကျူရှင်ပျက်ဖို့အထိခွင့်တိုင်ပေးပြီး အားပေးတဲ့အဓိကတရားခံကို သူသိချင်မိသည်။
တိမ်ယံထက်နေဟာနည်းနည်းလေးမှလွှတ်ထားပေးလို့မရပေ။ မနက်ကကျူရှင်လွှတ်တော့ နေ့ခင်းဘက်အိမ်ကိုပြန်လာမယ်ထင်ပြီး စနေမနက်ဖြစ်တာကြောင့်အားနေသည့် ကိုယ့်မှာတော့သူစားဖို့အတွက်ပင်ပင်ပန်းပန်းနဲ့ချက်ပြုတ်ပြီးမဝင်တာကြာပြီဖြစ်တဲ့မီးဖိုချောင်ထဲဝင်ပြီးလက်စွမ်းပြဖို့ကြိုးစားလိုက်ရတာ။ ယံယံကတော့ဘယ်ကိုသဝေထိုးနေမှန်းမသိ..အနည်းဆုံးတော့ ညနေကျူရှင်ချိန်ရောက်ရင်တော့ကျူရှင်ကိုရောက်လာမှာဘဲလေဆိုသည့်အတွေးနှင့်ဒေါသတို့ကိုထိန်းချုပ်ထားရသည်ကို အထင်နှင့်အမြင် တစ်လွဲဖြစ်ခဲ့ရပြီး ထိုကောင်လေးဟာကျူရှင်သို့ရောက်မလာခဲ့။
ညရောက်လို့အိမ်ပြန်လာကြည့် အဲဒီအလေလိုက်ပြီးခြေရှည်နေတဲ့ခြေထောက်တွေကို မရှည်ရဲတော့အောင်ကိုဆုံးမပစ်ဦးမယ်။ ထိုမျှသာတွေးပြီးသူသည်လည်းအတန်းဝင်စရာမရှိတာကြောင့် အိမ်သို့သာပြန်လာခဲ့လိုက်သည်။ တကယ်ဆိုဆရာဦးထွန်းအောင်ဆီမှာဂိုက်လုပ်ဖြစ်ခဲ့သည်ဆိုတာက ယံယံဆိုသည့်ထိုကောင်လေးကြောင့်ပင်။ ထိုကောင်လေးသာထိုကျူရှင်တွင်ရှိမနေပါကသူသည်လည်းထိုကျူရှင်သို့ပြန်ရောက်စရာအကြောင်းပင်မရှိပါ။ ထိုကျူရှင်ဟုသုံးနှုန်းလိုက်သည်နှင့်တစ်ချိန်ကသူ့ရဲ့ဆယ်တန်းကျောင်းသားဘဝကိုပြန်မြင်ယောင်သွား၏။
" ဟဲ့..ကိမ်းနဲ့ကမ္ဘာက ရုပ်ချောသလောက် စာလည်းအရမ်းတော်ကြတာဘဲနော်။ အတန်းထဲမှာလည်းအမြဲအပြိုင်ဘဲ "
" ရှုပ်ရှုပ်ယှက်ယှက်ငါ့ရဲ့မင်းသားလေးကိုနင့်ရဲ့မာနခဲကောင်နဲ့မနှိုင်းစမ်းနဲ့ ငါမကြိုက်ဘူး "
YOU ARE READING
📝School Diary📝(Cloud)
Romanceကလေးဘဝဆိုတာအပူအပင်ကင်းလွန်းတဲ့အရွယ်ပေါ့။ ပြန်မရနိုင်တော့တဲ့အထဲမှာ " ငယ်ရွယ်မှု " လည်းအပါအဝင်ပေါ့။ ငယ်ရွယ်စဥ်ကျောင်းသားဘဝမှာ သူငယ်ချင်းတွေနဲ့ပျော်ခဲ့ရတဲ့အခိုက်အတန့်လေးတွေကိုလွမ်းမိသား။ အချိန်တွေအားလုံးသာနောက်ပြန်ဆုတ်ခွင့်ရမယ်ဆို အပူပင် ကင်းလွန်းတဲ့ က...