> 5 <

1K 66 13
                                    


Unicode 🤗

" ဘုန်းပြည့်ရောင်!! "

မုန့်စားဆင်းချိန်တွင်ဇွဲသွေးနှင့်အတူမုန့်စျေးတန်းသို့မုန့်သွားဝယ်ပြီး ပြန်အလာတွင် ဒေါက်တာဆရာအကိုနက်ရှိုင်းကမ္ဘာကြောင့် ကြောင်တောင်တောင်လေးဖြစ်ကာ " ဗျာ ဆရာ " ဆိုပြီးထူးလိုက်မိတော့ " ညီ မပါဘူးလား " ဆိုပြီးမေးလာလေ၏။

ဘေးရှိဇွဲသွေးပိုင်တစ်ယောက်ကတော့ ညီဆိုသည့်အသုံးအနှုန်းကြောင့်အူကြောင်ကြောင်ဖြစ်နေသလို ကိုယ်တိုင်လည်း ညီဆိုသည့်အသုံးအနှုန်းကိုကြားရသည်မှာ နားပင်ခလုတ်တိုက်ရသည်။ ဒီလိုအသုံးအနှုန်းမျိုးကိုကြိုက်သည့် တိမ်ယံကိုလည်းနားမလည်နိုင်။ သူတို့ရဲ့သူငယ်ချင်းတိမ်ယံထက်နေသာဆိုလျှင် ယခုလိုအသုံးအနှုန်းမျိုးကိုကြိုက်မည်မဟုတ်ပါ။ သေချာသည်ကတော့ ကြမ်းကြမ်းတမ်းတမ်းကိုကြိုက်သည့် တိမ်ယံထက်နေတစ်ယောက်ဟာ အနူးအညံ့အောက်တွင် ပြုစားခံလိုက်ရလို့ပင်။ အချစ်ရဲ့ပြုစားခြင်းကိုခံလိုက်ရသည်လားတော့မသဲကွဲတော့ပေ။

...........

ညနေကျောင်းဆင်းတော့ အရင်လိုအိမ်ကလာမကြိုဘဲ အဖေတူ၊အမေကွဲအကိုဖြစ်သူနှင့်သာအတူပြန်လာရသည်။ ဇွဲသွေးပိုင်၏အိမ်ကကားကလည်း ဒီနေ့တွင်ဝပ်ရှော့သို့ပို့ထားရတာကြောင့် သုံးယောက်အတူပြန်လာဖြစ်ခဲ့ကြသည်။

" ငါတို့အိမ်တန်းမပြန်ဘဲ တိမ်ယံအိမ်ကိုအရင်ဝင်ကြမလား။ မနေ့ညကကျူရှင်မှာအထိဒီကောင်အကောင်းကြီးကို။ ဘာလို့ကျောင်းမလာလဲမသိဘူးနော် "

အိမ်နားသို့ရောက်သည်နှင့်ဇွဲသွေးအပြောဟာငြင်းဆန်စရာမလိုဘဲ ထောက်ခံသင့်သည့်အပြောဖြစ်တာကြောင့် ခေါင်းကိုဆက်တိုက်ညိတ်ပြကာ ထောက်ခံသလိုပြုမူလိုက်ပြီး တိမ်ယံ၏အိမ်သို့ဦးတည်လိုက်သည်။

ထူးတော့ထူးဆန်းပါသည်။ မနေ့ညကစကားပြောနေရင်း Bioဆရာအသစ်ဟာသူတို့စကားဝိုင်းထဲမှ တိမ်ယံ့၏လက်ကိုအတင်းဆွဲကာခေါ်သွားသည်။ ဒီမနက်လည်းရောက်ရော တိမ်ယံရော၊ Bioဆရာအသစ်ရောကျောင်းသို့ရောက်မလာကြဘူးဆိုတော့ ဒါဟာတစ်ခုခုတော့တစ်ခုခုပင်။ ကျောင်းပျော်ကြီးတိမ်ယံဟာ ကျောင်းပျက်သည်ဆိုသည်ကရှားလွန်းပါသည်။ အတန်းခေါင်းဆောင်လည်းဖြစ်တော့ အတန်းထဲတွင်တိမ်ယံတစ်ရက်မရှိလျှင် ခြောက်ကပ်သွားသည့်ဒဿမတန်းAခန်းဟာ တစ်ရက်ဆိုတစ်ရက်သိသာလွန်းသည်။

📝School Diary📝(Cloud)Where stories live. Discover now