Unicode 🤗" မဂ်လာပါဆရာ "
တစ်ခန်းလုံးက အတန်းရှေ့ဝင်လာသောအဖြူနဲ့အစိမ်းဝတ်ထားသည့်လူတစ်ယောက်ကိုနှုတ်ဆက်နေကြ၏။ အတိအကျပြောရမည်ဆိုလျှင် ထိုလူသားဟာမနက်ကငါးတန်းကလေးတွေကို ကဗျာသင်ပေးနေခဲ့သည့်ဂီတဆရာ။ အူကြောင်ကြောင်နှင့် နှုတ်မဆက်နိုင်သူကတိမ်ယံထက်နေဆိုတဲ့သူ။ မဟုတ်မှထိုဆရာက သူတို့ဆယ်တန်းအခန်းကိုလည်းဂီတဆရာအဖြစ်ဝင်သင်ပေးဖို့ရောက်လာတာများလား။
" မဂ်လာပါအားလုံးထိုင်ကြပါ။ ကလေးတို့ရဲ့Bioဆရာကအိမ်ပြောင်းစရာရှိတယ်ဆိုပြီး နေ့တစ်ဝက်ခွင့်ယူသွားတာကြောင့် ဆရာကအစားထိုးဝင်ပေးတာပါ။ စာပြန်ကြည့်နေကြနော်။ စကားပြောမယ်ဆိုလည်းတိုးတိုးပြောကြနော် ဟုတ်ပြီလား "
" ဟုတ်ကဲ့ပါဆရာ "
" ဟဲ့..ဆရာက ဆင်လိုက်တာနော် "
" အေးဟယ်..ဆင်လည်းဆင် စကားပြောတာလေးကလည်း ငါတို့Bioဆရာနဲ့တစ်ခြားစီဘဲ။ အခုဆရာနဲ့သာBioသင်ရမယ်ဆို သမီးတော့Bioဂုဏ်ထူးဘဲအမေရေ "
ဘေးဘက်မှထွက်လာသောမိန်းကလေးများ၏အသံ။ မိန်းမတွေများမပြောချင်ဘူး။ ဆရာငယ်ငယ်ချောချောလေးမြင်တာနဲ့ကိုငမ်းနေတော့တာဘဲ။ သူ့တို့တွေကBioဆရာအသစ်ရဲ့လက်စွဲတော်ကြိမ်လုံးနဲ့ဘဲတန်တယ်..ဂီတဆရာလေးနဲ့မတန်ဘူး။
" ချီးဘဲကွာ..ဒီလိုမှန်းသိရင် စောနကအသည်းအသန် Bioအိမ်စာကိုကုန်းမရေးပါဘူး။ လက်ညောင်းတာဘဲအဖက်တင်တယ် "
ဘေးရှိဇွဲသွေး၏ဒေါသများဟာအတားအဆီးမရှိပေါက်ကွဲသွားသည့်ပုံ။
ဒါတွေကသဘာဝဘဲလေ..အိမ်စာလုပ်လာတဲ့နေ့ရောက်ရင်အိမ်စာအစစ်မခံရဘူး။ တစ်ခါတစ်လေလေးမေ့သွားပြီးအိမ်စာမလုပ်လာကြည့်ပါလား..အဲဒီနေ့အိမ်စာစစ်တာနဲ့တိုးတဲ့နေ့ဘဲ။
" ဟျောင့်..ဆရာမလာဘူးဆိုတော့ ပျော်စရာလေးဘာလေးဖန်တီးကြရအောင် "
ထပ်ထွက်လာသောဇွဲသွေး၏စကားကြောင့်မျက်ခုံးပင့်မိသား။
" ပြောကြည့် "
" အရင်ဆုံးနောက်ပေါက်ကနေ ခိုးထွက်ကြရအောင် "
နှစ်တိုင်းကျောင်းနောက်ဆုံးတန်းက ခုံမှာရွေးရွေးထိုင်တတ်သည့်ဇွဲသွေးပိုင်ရဲ့အကြံက အခုလိုမျိုး သူ ခိုးလုပ်ချင်တိုင်း ခိုးလုပ်နိုင်အောင်ပင်။
YOU ARE READING
📝School Diary📝(Cloud)
Romanceကလေးဘဝဆိုတာအပူအပင်ကင်းလွန်းတဲ့အရွယ်ပေါ့။ ပြန်မရနိုင်တော့တဲ့အထဲမှာ " ငယ်ရွယ်မှု " လည်းအပါအဝင်ပေါ့။ ငယ်ရွယ်စဥ်ကျောင်းသားဘဝမှာ သူငယ်ချင်းတွေနဲ့ပျော်ခဲ့ရတဲ့အခိုက်အတန့်လေးတွေကိုလွမ်းမိသား။ အချိန်တွေအားလုံးသာနောက်ပြန်ဆုတ်ခွင့်ရမယ်ဆို အပူပင် ကင်းလွန်းတဲ့ က...