(Zaw gyi)
လက်စွပ်ဝယ်ပြီး ဆိုင်ထဲက ပြန်ထွက်လာတဲ့အခါ ကိုယ့်မှာ နှလုံးသားမပါတော့ဘူးလို့ ခံစားမိတယ်။
ကိုယ့်ရင်ဘတ်ကြီးက ရောင်းစရာဘာပစ္စည်းမှမရှိပဲ ဖွင့်ထားတဲ့ Shopping Mall ကြီးတစ်ခုလို ခြောက်ကပ်တိတ်ဆိတ်ပြီး အလိုလို ခြောက်ခြားစရာကောင်းနေတယ်။ အဲဒီအတွက် မျက်ဝန်းတွေလည်း စိုစွတ်လာတယ်။
လစ်ဟာနေတဲ့ ရင်ဘတ်ထဲမှာ ဘာတွေလည်းမသိဘူး ပြည့်ကြပ်လာပြီး လူက ငိုချင်လာတယ်။
ဆိုင်ရှေ့က ကားထဲရောက်တော့ ကိုကိုက ကိုယ့်ကိုဆူတယ်။
'မိုးရာ... နင်ဘာလို့ သူ့ကို လှမ်းလှမ်းကြည့်နေတာလဲ?'
'ဘယ်သူ့ကိုလဲ?'
'အခုန ဆိုင်ထဲက စော်ကိုလေ။ ငါက သူ့ကို ရှိတ်နေတာ။ နင်ကပါ သူ့ကို လှမ်းလှမ်းကြည့်တော့ စော်က ငါ့ကို ပြန်မကြည့်ရဲတော့ဘူး။ ငါ ပြန်ခါနီး သူ့ဆီက ဖုန်းနံပါတ်တောင်းဖို့။ နင်ဝင်ရှုတ်တာနဲ့ အကုန်လုံး ပျက်ကုန်ပြီ'
'ငါ ဘာများဝင်ရှုတ်လို့လဲ ကိုကိုရာ'
'ငါက သူ့ကိုရှိတ်တဲ့အချိန် နင်ကပါ သူ့ကို လှမ်းလှမ်းကြည့်နေတာလေ။ ငါ မသိဘူးများ မှတ်နေလား။ ဒီတော့ သူက တမျိုးထင်သွားပြီပေါ့'
'သူက ဘာကိုတစ်မျိုးထင်သွားနိုင်လို့လဲ'
'နင်နဲ့ငါ လင်မယားလို့ ထင်သွားနိုင်တာပေါ့။ အဲဒါကြောင့်ကြည့်ပါလား။ သူ ငါတို့ ၂ ယောက်လုံးကို ပြန်မကြည့်တော့ဘူး မတွေ့ဘူးလား'
ကိုကိုက တကယ့်ကို မကျေမနပ်တွေဖြစ်နေတယ်။ ကိုယ့်ကိုလည်း ဘာလို့ အဲဒီမိန်းကလေးကို လှမ်းကြည့်တာလဲဆိုပြီး ဆူနေတာ မပြီးတော့ဘူး။
ကိုယ်လေ ရင်ဘတ်ကြီးကို သယ်ထမ်းထားရသလို မောဟိုက်ပင်ပန်းနေပြီ။
ဖြစ်နိုင်မယ်ဆိုရင် ကိုယ်လေ ဒီနေ့ ကိုကိုနဲ့အတူ အဲဒီဆိုင်မှာ ဈေးသွားမ၀ယ်မိခဲ့ရင် ကောင်းသား။
အခုတော့...
မိန်းကလေးတစ်ယောက်က တခြားသူစိမ်းမိန်းကလေးတစ်ယောက်ကို မြင်လိုက်ရုံနဲ့ ထပ်ထပ်ပြီး ကြည့်ချင်လာခဲ့တာ...
YOU ARE READING
အနက်ရောင် ... သုခဘုံ
Lãng mạnမထင်မှတ်ပဲ အချစ်စစ်ဆိုတာကို မြည်းစမ်းခွင့်ရလိုက်တဲ့ မိန်းမ ၂ ယောက်အကြောင်း