ကျိန်စာသင့်စွာ တိုက်ဆိုင်ခြင်း

1.4K 70 0
                                    

(Zawgyi code)

ကိုယ်... သူ့မင်္ဂလာဆောင်ကို မသွားခဲ့ဘူး။

ရင်မဆိုင်ချင်လို့၊ ရင်မဆိုင်နိုင်လို့။

ကိုယ်လည်း ပိုင်ဆိုင်ခွင့်ဆိုတာ မရှိတဲ့အတူတူ၊ သူများပိုင်ဆိုင်သွားတာကို လက်ခုပ်တီးပေးရလောက်တဲ့အထိ ကိုယ့်သဘောထားက မဖြူစင်နိုင်ဘူး။

အခုတောင် ကိုယ်ဟာ သူ့အတွက် ရူးမတတ် နှောင့်ဖွဲ့ခံနေရတာ။ ထပ်ပြီးလည်း ပုံကြီးချဲ့မနေချင်တော့ပါဘူး။

ဒီလိုနဲ့ ကိုယ့်နေ့ရက်တွေဟာ တဖြည်းဖြည်း မှေးမှိန်ဖျော့ရော့လာတယ်။

ဖျတ်လတ်မှုတွေ ကင်းမဲ့လာတယ်။

ကိုယ်ဟာ အချိန်ပြည့် စိတ်ကူးတွေထဲမှာ ယစ်မူးနေမိတယ်။

ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက်ကို ခက်ခဲစွာ ဖြတ်ကျော်လာခဲ့ရတယ်။

ဝေယံက ကိုယ့်ထက် ၆ နှစ်လောက်အသက်ကြီးလို့ ကိုယ်က ဝေယံကို 'ကို'လို့ခေါ်တယ်။

ဒါပေမဲ့ အခုနောက်ပိုင်း ကိုယ့်နှုတ်ဖျားက ထွက်ထွက်သွားရတဲ့ 'ကို'ဆိုတဲ့ အသုံးအနှုန်းဟာ အသက်မဲ့လာပြီ။

ဘယ်လိုပဲဖြစ်ဖြစ်။
ကိုယ်ဟာ ဒီအသက်မဲ့မှုတွေကို ယဉ်ပါးအောင် ကြိုးစားရမှာပဲ။

ကိုယ်ဟာ ဝေယံနဲ့ တစ်သက်စာ ယှဉ်သန်မှုမဲ့စွာ ဆက်လက်အသက်ရှင်ရဦးမှာပဲ မဟုတ်လား။

❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥

ဝေယံပြန်လာတဲ့အတွက် ကိုယ် ဝေယံ့ကို သွားကြိုရတယ်။

ဝေယံက အနေဝေးခဲ့ကြရတဲ့အတွက် ပြန်လည်ဆုံတွေ့တဲ့အခါ သူ့အပြုအမူတွေ အရိုင်းဆန်စွာနဲ့ ကိုယ့်ကို နှုတ်ဆက်ချင်တဲ့အတွက် လေဆိပ်ကို ကိုယ်တစ်ယောက်တည်း လာကြိုဖို့ တောင်းဆိုမှုကို ကိုယ် မငြင်းပယ်ခဲ့ဘူး။

အဲဒါကြောင့် ကိုယ်တစ်ယောက်တည်း ဝေယံကို လေဆိပ်မှာ လာကြိုခဲ့ရတယ်။

လေယဉ်ပေါ်က ဆင်းလာပြီး ကိုယ့်ကိုတွေ့တာနဲ့ ဝေယံမျက်ဝန်းတွေဟာ အရောင်တွေတဖျတ်ဖျတ်လက်လာပေမဲ့ ကိုယ်ကတော့ ပကတိအေးစက်စွာဖြင့် တုန့်ပြန်မိတယ်။

အနက်ရောင် ... သုခဘုံWhere stories live. Discover now