ဒုတိယမြောက် တွေ့ဆုံမှု

1.8K 86 0
                                    

(Zawgyi code)

ဆိုင်ထဲမှာ လူရှင်းနေတယ်။

မီးရောင်ထိန်ထိန်အောက်မှာ ခင်ကျင်းပြသထားတဲ့ သတို့သမီးဝတ်စုံတွေဟာ မြင်ရတဲ့မိန်းကလေးတိုင်းကို အိမ်ထောင်ပြု ချင်လာအောင် ဆွဲဆောင်နေသလိုပဲ။

မနေ့ညနေက ဒီဇိုင်နာက ဖုန်းဆက်လို့ ကိုယ် ဒီနေ့ ဒီဆိုင်ကို ရောက်လာခဲ့တာ။

ကိုယ်တို့မင်္ဂလာဆောင်ဝတ်စုံအပ်ထားတဲ့ဆိုင်လေ။

ဒီဇိုင်းအသစ်လေးရောက်လာလို့ ကိုယ်တို့မင်္ဂလာဆောင်ဝတ်စုံမှာ ထပ်ဖြည့်ချင်ရင် ဖြည့်လို့ရအောင် ကိုယ့်ကိုခေါ်တာ လေ။

ကိုယ် ဆိုင်ထဲရောက်တော့ ဒီဇိုင်နာက မအားသေးဘူး။

သတို့သမီးလောင်းတစ်ယောက်ကို ၀တ်စုံအစမ်းဝတ်ပေး နေပုံပါပဲ။

လက်က နဲနဲသီရမယ်၊ ဂါဝန်အောက်ဖက်ကို ပိုပြီး ကျယ်ချင်တယ်ဆိုတဲ့ အ၀တ်စမ်းဝတ်ကြည့်တဲ့အခန်းထဲက ထွက်လာတဲ့ စကားသံတွေကို ကိုယ်ကြားနေရတယ်။

ကိုယ့်မှာလည်း တခြားသွားစရာမရှိဘူးဆိုတော့ ဧည့်ခန်းထဲထိုင်ပြီး မဂ္ဂဇင်းတစ်ခုကို ဖွင့်ကြည့်နေမိတယ်။

ခဏပဲကြာတယ်။ အထဲမှာ အစမ်းဝတ်ကြည့်နေတာ အဆင်ပြေသွားတယ်နဲ့တူတယ်။

ဆိုင်အတွင်းဖက်ကနေ အဒေါ်ကြီးတစ်ယောက်ထွက်လာတယ်။

အဲဒီအဒေါ်ကြီးက ကိုယ့်ကိုသိနေတယ်။

ကိုယ့်ကို ကိုယ်အဖြစ်သိနေတာမျိုးတော့မဟုတ်ဘူး။ ဝေယံနဲ့စေ့စပ်ထားတဲ့ မိန်းကလေးအဖြစ် သိနေတာမျိုးပါ။

သမီးတို့မင်္ဂလာဆောင်ရော ဘယ်တော့လဲ... ဘာညာဆိုပြီး လာပြောနေလို့ ကိုယ် အလိုက်သင့်စကားပြန်ပြောမိတယ်။

အဲဒီအချိန်မှာပေါ့...

❤️‍🔥 ❤️‍🔥 ❤️‍🔥 ❤️‍🔥 ❤️‍🔥 ❤️‍🔥 ❤️‍🔥 ❤️‍🔥 ❤️‍🔥 ❤️‍🔥 ❤️‍🔥

ဟုတ်တယ်... အဲဒီအချိန်မှာ ဒီဇိုင်နာနဲ့အတူတူ သတို့သမီးဝတ်စုံအပြည့်နဲ့ ဧည့်ခန်းရှေ့ထွက်လာတာ... သူ။

သတို့သမီးဂါဝန်ဖြူဖြူလေးနဲ့ အရမ်းကို လှပနုဖက်လွန်းနေတဲ့...သူ။

အနက်ရောင် ... သုခဘုံWhere stories live. Discover now