EPISODE 9

193 28 16
                                    

" ကျွန်တော် နိုင်ငံခြားမှာကျောင်းတက်ချင်တယ် ဖေဖေ "

တိတ်ဆိတ်နေတဲ့ထမင်းဝိုင်းထဲက Jayရဲ့စကားသံကို သူရှင်းရှင်းလင်းလင်းကြာလိုက်ရပါသည်၊ Jay ကဒီရက်ပိုင်း သူ့ကိုအတွေ့လည်းမခံသလို စကားလည်း မပြောပါ၊ အမြဲတမ်းရှောင်နေတတ်တယ်၊ သူဘယ်လိုပဲကြိုးစားကြိုးစား အရာမရောက်ဘူးဖြစ်နေပါသည်၊

" တကယ်လား သား "

" ဟုတ်ဖေဖေ "

သူတို့ကြားကကိစ္စကိုတော့ ဖေဖေနဲ့မေမေနဲ့သတိမထားမိဟန်တူပါသည်၊ တကယ်လို့ဖေဖေသာ Jay ကိုသွားခွင့်ပေးလိုက်ရင် ဘယ်လိုလုပ်မလဲ၊

" အင်း သားစိတ်ပါတယ်ဆိုရင် ဖေဖေစုံစမ်းထားပေးမယ် "

" ဟုတ်ဒါဆိုကျွန်တော်အပေါ်ထပ်သွားတော့မယ် "

Jay ပြောပြီးတာနဲ့ တန်းပြီးထွက်သွားတော့သည်၊ သို့ပေမယ့် Jay ရဲ့ထမင်းပန်းကန်ကတော့ အရာမယွင်းသေးပါ၊ ဒီရက်ပိုင်း သူကြောင့်စိတ်ဆင်းရသည်ထင်တယ်၊ မျက်နှာလေးတောင် နည်းနည်းချောင်ကျသွားသလိုပါ၊သူလဲဆက်မနေတော့ဘဲ Jay နောက်ကို တန်းလိုက်သွားလိုက်တော့တယ်၊

" Jay "

Jay အခန်းတံခါးမပိတ်ခင်လေးမှာပဲ လက်ခံကာ တားလိုက်ကာမှ အခန်းထဲကိုဝင်ခွင့်ရတော့တယ်၊ ဒီကောင်လေးနဲ့ ဒီလိုမျိုးမျက်နှာချင်းဆိုင် မတွေ့ရတာ သုံးလေးရက်ရှိပါပြီ၊ သုံးလေးရက်ဆိုပေမယ့်သူ့အတွက် ၃လ ၄လနီးပါးကြာနေသယောင်၊

" Jay "

Jay ကသူ့ကိုဂရုမစိုက်ဘဲ စာကြည့်စားပွဲမှာ ထိုင်ပြီး စာလုပ်ဖို့ကြိုးစားနေသည်၊ သူခေါ်တာကို အရေးမလုပ်သည့်အပြင် Earphoneကိုပါ ကောက်တပ်လိုက်သေးသည်၊

အခုသူ့ကိုမရှိတဲ့သူတစ်ယောက်လို သဘောထားနေတာ၊ Jongwoo ဒီအတိုင်းJay လုပ်နေတာတွေကို ရပ်ကြည့်နေမိသည်၊ ဘယ်အချိန်ထိ သူ့ကိုလျစ်လျူရှု့နေဦးမှာလဲ၊

" Jay "

" ဘာလဲ "

Jongwoo မနေနိုင်တဲ့အဆုံး သူ့ဆီက Earphone ကိုဖြုတ်ပြီး ယူလိုက်တော့သည်၊ ထိုအခါမှ သူ့ကိုစကားပြောလာတဲ့ ပေါက်စ၊

TOXIC Where stories live. Discover now