"Jongwoo "
" ဗျာ "
" ဒီညချိန်းထားတာရှိလား ဘာလုပ်ဖို့ရှိသေးလဲ Hyung ကို Scheduleတစ်ချက်ကြည့်ပေးပါဦး "
" ဟုတ် Hyung ခဏနော် ကျွန်တော် ကြည့်လိုက်ဦးမယ်၊ ဒီတစ်ခေါက် Project အတွက် Shen သူဌေးနဲ့တွေ့ဖို့ချိန်းထားတာ တစ်ခုရှိတယ် "
Jongwoo အလုပ်လုပ်ရပြီး နှစ်လနီးပါးလောက်မှာပဲ သူ့အလုပ်နဲ့နေသားတကျဖြစ်နေပါပြီHyung သင်ပေးသလောက်ကိုလည်း မြန်မြန်ဆန်ဆန်ပဲ သူသင်ယူနိုင်ခဲ့တယ်၊ တကယ် Hyung ကျေးဇူးနဲ့ သူအခုလိုမျိုးအဆင်ပြေနေတာ၊
" မင်းရောလိုက်ခဲ့နော် "
" ဗျာ ကျွန်တော်ရောလား "
" ဒါပေါ့ မင်းကငါ့ကိုတစ်ယောက်တည်း လွှတ်ချင်လို့လား "
" မဟုတ်ပါဘူး Hyung ကလဲ ပုံမှန်ဆို ကျွန်တော့်ကို Dinner တွေမခေါ်လို့လေ "
" ငါမခေါ်ဘူးဆိုတာက မင်းအိမ်က အဆင်မပြေမှာဆိုးလို့ပါ အခုက အဆင်ပြေတယ်မဟုတ်လား အဲ့တာမို့ "
" ဟုတ်ပါပြီဗျာ "
သူဖြစ်စေချင်တဲ့အတိုင်း ဖြစ်ရတော့ ပြုံးနေလိုက်တာများ၊ တဖြေးဖြေးနဲ့ သိလာရတာက Hyung ကတကယ့်ကလေးလေးအတိုင်းပဲ၊ အမူအကျင့်တွေက ကလေးတွေလိုမျိုး လိုချင်တာမရတဲ့အခါ နှုတ်ခမ်းဆူပြီး မကျေနပ်တဲ့ပုံစံမျိုးလုပ်တတ်ပြီးတော့လိုချင်တာရတဲ့အခါမှာ ပြုံးပျော်နေတတ်တာမျိုး၊
" Jongwoo ငါခဏအိပ်ချင်တယ် "
" ဘယ်အချိန် နှိုးပေးရမလဲ Hyung "
" ၆ နာရီကျရင် ငါ့ကိုနှိုးပေး "
" ဟုတ်ကဲ့ပါ Hyung "
Hyung ကပင်ပန်းနေလို့ထင်တယ်၊ တကယ်ခဏလေးနဲ့အိပ်ပျော်သွားပြီ၊ ပင်ပန်းမှာပေါ့ တနေကုန် မနားမနေ အလုပ်လုပ်နေရတာ၊ သူတောင်နည်းနည်းပင်ပန်းချင်သလိုဖြစ်နေတာ Hyung ကပိုဆိုးမှာပေါ့၊ သူ Hyung ကို တကယ်အားကျပါတယ် ဒီအသက်အရွယ်နဲ့ ဒီလိုမျိုးဦးဆောင်နေနိုင်တယ်ဆိုတာ တကယ်ကိုကြိုးကြိုးစားစားလုပ်ခဲ့လိုပေါ့၊
" Hyung ထတော့ ၆ နာရီထိုးနေပြီ "
Hyung နှိုးခိုင်းတဲ့အချိန်အတိအကျကိုသူနှိုးပေး လိုက်ပါသည်၊ သည့်ထက်ပိုပြီးနောက်ကျလို့တော့ မဖြစ်၊ ညကျရင်ချိန်းထားတာက ရှိသေးတယ်မဟုတ်လား ပြင်ဆင်စရာတွေလည်း ရှိဦးမယ်၊
![](https://img.wattpad.com/cover/344896215-288-k756443.jpg)
YOU ARE READING
TOXIC
Fiksi Penggemar" တစ်ချိန်ကျကိုကို့ကို ကျွန်တော်က စောင့်ရှောက်ပေးပါ့မယ် " " မင်းအဲ့လိုငါ့အပေါ်ကိုလိုက်ကောင်းပေးမနေစမ်းပါနဲ့၊ မင်းကိုမြင်နေရလေ ငါရင်နာရလေပဲ မင်းကအချစ်ခံရလေငါက သိမ်ငယ်ရလေပဲ ဘာလို့ငါ့ကိုကျ မလိုချင်ရတာလဲ မချစ်ရတာလဲ "