" Hyung ကျွန်တော့်ကို အိမ်လာခေါ်ပေးပါ "
" Jongwoo မင်းဘာဖြစ်တာလဲ ငါအခုချက်ချင်းလာခဲ့မယ် "
Hyung က သူ့အသံမကောင်းတာကို သတိထားမိပြီး သူ့ကိုစိတ်ပူနေတယ်ထင်၊ ခဏလောက်ကြာတော့ Jongwoo ကားသံကိုကြားလိုက်ရတယ်၊ တကယ်ရောက်လာတာ မြန်တာပဲလို့တွေးရင်း သူပြုံးလိုက်မိတယ်၊ စိတ်လွှတ်လက်လွှတ်ပြုံးရယ်လိုက်ချင်မိပေမယ့်သူ့ရဲ့အခုအခြေအနေကရယ်ဖို့တောင်အားမရှိတော့တဲ့အခြေအနေဖြစ်နေပါပြီ၊
" Jongwoo ဘယ်လိုဖြစ်တာလဲ "
" ကျွန်တော့်ကို Hyung အိမ်ကိုခေါ်သွားပေးပါ "
" အင်းထနိုင်ရဲ့လား ဖြေးဖြေး ငါတွဲကူပေးမယ် "
Hyungကသူ့ကိုအိမ်တန်းခေါ်မသွားဘဲနဲ့ ဆေးခန်းကို အရင်ခေါ်လာပေးတယ်၊ ဖြစ်သင့်ပါတယ် အခုသူ့အခြေအနေကလည်း ဆေးခန်းကိုခေါ်သွားပေးမှဖြစ်တော့မှာမို့၊
Hyung ကသူ့ကိုတော်တော်လေးစိတ်ပူနေတယ်ဆိုတာကို သူခံစားမိပါတယ်၊ Hyung ရဲ့မျက်နှာမှာ စိတ်ခံစားချက်အားလုံးပေါ်နေသည်၊Hyungရဲ့ မျက်ဝန်းထဲမှာ အကြည်ရောင်လဲ့နေတဲ့မျက်ရည်ကလေးတွေကိုသူမြင်နေရသည်၊ ဒီလိုမျိုးအခြေ အနေမှာတောင် Hyung က သိပ်လှတာပဲလို့တွေးနေနိုင်သေးတဲ့ သူ့ကိုယ်သူလည်း အံ့ဩမိသည်၊
အခုလိုမျိုး သူ့ကို ဂရုစိုက်တဲ့သူ စိတ်ပူပေးတဲ့သူရှိနေသေးတော့ရင်ထဲမှာနွေးထွေးသလိုမျိုးသူခံစားရသည်၊ ဒုတိယအကြိမ်မြောက် Hyung အပေါ်မှာ ပျော်ဝင်ခြင်းဖြစ်ပါလိမ့်မယ်၊
ဆေးခန်းကနေ သူတို့အိမ်ကိုပဲတန်းပြန်လာလိုက်ကြသည်၊ Hyung ကသူ့ကိုဆိုဖာနားထိရောက်အောင် တွဲကူပေးတယ်၊ ခဏနေတော့ သူ့အတွက်သောက်စရာရေယူလာပေးသည်၊ တကယ်တမ်းက ရေသောက်ရမှာ သူမဟုတ်ဘဲ Hyung ဖြစ်ပါလိမ့်မယ်၊ Hyung ပုံစံကြည့်ရတာပင်ပန်းနေသလိုပါ၊
" Hyung ရေအရင်သောက်လိုက်ပါ ကျွန်တော်ကရတယ် "
သူဆိုဖာမှာခေါင်းမှီထားပြီး မျက်လုံးတွေကိုမှိတ်ထားလိုက်သည်၊ နောက်ပြီး Hyungကို ရေအရင်သောက်ဖို့ ပြောလိုက်တော့
YOU ARE READING
TOXIC
Fanfiction" တစ်ချိန်ကျကိုကို့ကို ကျွန်တော်က စောင့်ရှောက်ပေးပါ့မယ် " " မင်းအဲ့လိုငါ့အပေါ်ကိုလိုက်ကောင်းပေးမနေစမ်းပါနဲ့၊ မင်းကိုမြင်နေရလေ ငါရင်နာရလေပဲ မင်းကအချစ်ခံရလေငါက သိမ်ငယ်ရလေပဲ ဘာလို့ငါ့ကိုကျ မလိုချင်ရတာလဲ မချစ်ရတာလဲ "