" Jay နှိုးလာပြီလား "
" ကိုကိုအလုပ်မသွားသေးဘူးလား "
ဒီနေ့တော့တကယ်ကိုထူးဆန်းနေပါတယ်၊ပုံမှန်ဆိုကိုကို့ကို မနက်စာစားတဲ့အချိန်မတွေ့ရပါ၊ သူကိုကိုနဲ့ မနက်စာအတူတူမစားဖြစ်တာ တော်တော်ကိုကြာနေပါပြီ၊
" အင်း ဒီနေ့နောက်ကျမှသွားမှာ "
" အော် "
" သားငယ်လေးဘာစားမလဲ "
" ကော်ဖီပဲသောက်တော့မယ် မေမေ "
သူ့အတွက်ကမနက်စာကို ကော်ဖီတစ်ခွက်တည်းပဲသောက်ရရင်ကို ကျေနပ်နေတဲ့သူမျိုးပါ၊ ဒါပေမယ့် မေမေက ကော်ဖီချည်းသောက်တာကို လက်မခံပါ၊ အမြဲတမ်းမုန့်တစ်ခုခုတော့လုပ်ပေးတတ်သည်၊ အဲ့အခါကျရင်တော့ မေမေ့ဆန္ဒအတိုင်းစားပေးရတာပေါ့၊
"မနက်စာစားပြီးရင်ကိုကိုကျောင်းလိုက်ပို့ပေးမယ်"
မလိမ်ပါဘူး Jay ရင်ခုန်သွားခြင်းပါ၊ကိုကိုက သူ့ဘက်ကိုလှည့်ပြီး ပြုံးပြုံးလေးနဲ့ ထိုစကားကိုပြောလာတာကြောင့်ပါ၊ မမျှော်လင့်ထားတဲ့စကားဖြစ်တာရော ကိုကို့ဆီက နွေးထွေးတဲ့အပြုံးမျိုးကို လက်ခံရရှိလိုက်တာရောကြောင့် နှလုံးသားအနီးတဝိုက်မှာနွေးထွေးခြင်းတွေရစ်သိုင်းလာခဲ့တယ်၊
" ဘာကြောင်ကြည့်နေတာလဲ "
" Jay "
" ဟုတ် "
သူဆီကတုံ့ပြန်စကားမရှိတာကြောင့်ဖြစ်မယ်ထင်တယ် ကိုကိုကသူ့ကိုနောက်တစ်ကြိမ်ထပ်ခေါ်လာခဲ့တယ်၊ပြန်ပြောဖို့ရာစကားမရှိလောက်အောင်ကို ကိုကို့ဆီမှာနောက်တစ်ကြိမ်ပျော်ဝင်သွားရခြင်းပါ၊
Jay တစ်ယောက်မနက်စာစားနေတဲ့တစ်လျှောက်လုံး ပြုံးနေမိတာ၊ အပြုံးတွေကိုဘယ်လိုရပ်တန့်ရမလဲတောင်မသိတော့သည့်အထိပေါ့၊ ခုခေတ်စ ကားနဲ့ ပြောရမယ်ဆိုရင်ဗိုက်ထဲမှာလိပ်ပြာလေးတွေ ပျံနေသလို အခိုက်အတန့်လေးပေါ့၊
" ကိုကို ဘာနဲ့သွားမှာလဲ "
" ကားနဲ့သွားမယ်မလား "
" ဟင့်အင်း ဆိုင်ကယ်နဲ့ပဲသွားရအောင် "
ဆိုင်ကယ်နဲ့သွားဖို့ပြောလာတဲ့သူ့ကြောင့်ကိုကိုက အံ့ဩသွားဟန်ရှိပါတယ်၊ဒီတစ်ခါတော့ Jay တကယ် ကိုကို့ဆိုင်ကယ်နောက်ကလိုက်စီးချင်တာပါ၊ အခုနောက်ပိုင်း ကိုကိုဆိုင်ကယ်စီးတာသိပ်မတွေ့ဖြစ်ပါ၊ အလုပ်ကြောင့်မို့ထင်တယ် ကားနဲ့ပဲအမြဲတမ်းသွားလာနေတာ၊
YOU ARE READING
TOXIC
Fanfic" တစ်ချိန်ကျကိုကို့ကို ကျွန်တော်က စောင့်ရှောက်ပေးပါ့မယ် " " မင်းအဲ့လိုငါ့အပေါ်ကိုလိုက်ကောင်းပေးမနေစမ်းပါနဲ့၊ မင်းကိုမြင်နေရလေ ငါရင်နာရလေပဲ မင်းကအချစ်ခံရလေငါက သိမ်ငယ်ရလေပဲ ဘာလို့ငါ့ကိုကျ မလိုချင်ရတာလဲ မချစ်ရတာလဲ "