" ဖေဖေ မေမေနှိုးလာပြီ "
မေမေမျက်လုံးပွင့်လာတာနဲ့ Jay ဖေဖေ့ကို အားရ ဝမ်းသာနဲ့ လှမ်းပြောလိုက်တော့သည်၊
" မေမေ သက်သာရဲ့လား "
" သက်သာတယ် သားလေး ဘာမှမဖြစ်ဘူး "
သူမေမေ့ကိုဘယ်လောက်တောင်စိတ်ပူလိုက်ရသလဲ၊သတိလစ်ပြီး အတော်လေးကြာမှနှိုးလာခဲ့တာပါ၊ အချိန်က မနက်၃ နာရီနီးနီးရှိနေပါပြီ၊ ဘာမှ ကြီးကြီးမားမားဖြစ်မသွားလို့တော်သေးတာပေါ့၊ ဒါပေမယ့် သတင်းဆိုးတစ်ခုကို သိလိုက်ရတာကမေမေ့မှာ နှလုံးရောဂါရှိနေပြီဆိုတာပါပဲ၊
" ကိုယ် စိတ်ပူနေတာ "
ဖေဖေကအနားကိုရောက်လာပြီး မေမေ့လက်ကို ကိုင်ကာစိတ်ပူကြောင်းပြောနေပါသည်၊သူ့အချစ်ဆုံး ဇနီးမဟုတ်လား သူတို့မေမေ့ကိုချစ်တာထက် ဖေဖေက ပိုလို့ချစ်ပါလိမ့်မယ်၊
" ကျွန်တော်ရော မေမေ့ကို စိတ်ပူနေတာ "
" မေ့ကလေးလေး "
မေမေဟာ သူ့ပါးကိုလက်တဖက်နဲ့ အသာလေးထိတွေ့လိုက်သည်၊ မေမေမျက်ဝန်းထဲမှာ မျက်ရည်တွေပြည့်နှက်နေသည်၊ မေမေ့အကြည့်တွေကို သူသိပါတယ်၊ မေမေဘာပြောချင်နေလဲဆိုတာကို သူနားလည်ပါသည်၊
" ကျွန်တော် ဘာမှမဖြစ်ဘူး မေမေ "
သူ့အတွက် မေမေဟာစိတ်မကောင်းဖြစ်နေတယ်နဲ့တူပါသည်၊သူအဆင်ပြေကြောင်းပြောလိုက်တာနဲ့ မျက်ရည်တွေကျလာပါတော့သည်၊
" သားကြီးရော "
" မိန်းမ "
ကိုကို့ကိုမေးတာနဲ့ ဖေဖေဟာစိတ်ဆိုးစွာ အမေ့ကို သတိပေးဟန်ခေါ်လိုက်ပါသည်၊ ဖေဖေဟာအခုထိ ကိုကို့ကို စိတ်တိုနေပါသေးတယ်၊
မေမေ မေးလိုက်ကာမှ Jay အိမ်မှာကျန်နေခဲ့တဲ့ ကိုကို့ကိုသတိရတယ်၊ ကိုကိုအခုဘယ်လိုများနေနေမလဲ၊ ဒဏ်ရာတွေနဲ့ မဟုတ်လား၊ သူမေမေ့ကို စိတ်ပူပြီး ကိုကို့ကိုမေ့သွားခဲ့တာ၊ ကိုကိုအဆင်မှပြေရဲ့လား မသိဘူး၊
" မေမေ ကျွန်တော် အိမ်ခဏ "
" မသွားရဘူး "
Jayစကားမဆုံးသေးခင်ပဲ ဖေဖေဟာသူ့စကားကိုဖြတ်ပြောလိုက်ပါသည်၊ ဖေဖေသူ့ကိုသွားခွင့်မပေးပါ၊

YOU ARE READING
TOXIC
Fanfic" တစ်ချိန်ကျကိုကို့ကို ကျွန်တော်က စောင့်ရှောက်ပေးပါ့မယ် " " မင်းအဲ့လိုငါ့အပေါ်ကိုလိုက်ကောင်းပေးမနေစမ်းပါနဲ့၊ မင်းကိုမြင်နေရလေ ငါရင်နာရလေပဲ မင်းကအချစ်ခံရလေငါက သိမ်ငယ်ရလေပဲ ဘာလို့ငါ့ကိုကျ မလိုချင်ရတာလဲ မချစ်ရတာလဲ "