"မေမေကျွန်တော်တို့ဘယ်လိုလုပ်မလဲJay သတိ မေ့နေတာ သုံးရက်ရှိပြီ "
" သားရယ် စိတ်မပူပါနဲ့ သားငယ်လေး သတိရလာမှာပါ "
သူတကယ်စိတ်ပူမိသည်၊ အခုချိန်ထိ Jay ကနိုးမလာသေးတာကို သူကဘယ်လိုစိတ်အေးနိုင်ပါ့မလဲ၊ သူ့ကြောင့်ဖြစ်သွားရတာ သူအမှားကြောင့်မို့နဲ့ Jay ကဒီလိုမျိုးဖြစ်သွားရတာကို၊
တကယ်လို့ Jay နိုးလာခဲ့လို သူ့ကိုမမြင်ချင်တော့လောက်အောင် မုန်းသွားရင်ရော သူခံနိုင်ရည်ရှိပါ့မလား၊ ဘာတွေပဲဖြစ်လာဖြစ်လာ သူစခဲ့တဲ့ဇာတ်ဘလမ်းမို့ သူကပဲအဆုံးသတ်ရပါလိမ့်မယ်၊
" မေမေ အိမ်ပြန်နားတော့လေ "
" သားကြီးပြန်လိုက်ပါ ဒီညတော့ မေမေဘဲစောင့်အိပ်လိုက်မယ် "
" ကျွန်တော်ပဲစောင့်အိပ်ပါ့မယ် မေမေအိမ်ပြန်လိုက်ပါ "
" အင်း သား မေမေ မနက်မှလာခဲ့တော့မယ်နော် "
" ဟုတ် "
မေမေပြန်သွားတော့ သူနဲ့Jay နဲ့သာအခန်းထဲမှာရှိတော့ပါသည်၊တဖြေးဖြေးနဲ့ သူတို့ကြားမှာတိတ် ဆိတ်မှုက နေရာယူလို့လာသည်၊ ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ Jay အနားက ထိုင်ခုံလေးမှာသူသွားထိုင်လိုက်တော့သည်၊
သူလက်နဲ့ပါးပြင်ကိုထိတွေ့လိုက်သည်၊ သူစိတ်ထဲကဆုတောင်းနေမိသည်၊ Jay မြန်မြန်လေးနိုးလာပါတော့၊ သူ့ကိုအပြစ်တင်ဖို့ရာ စိတ်ဆိုးဖို့ရာ မုန်းတယ်လို့ပြောဖို့အတွက်နိုးလာစေချင်ပြီ၊ Jay ရဲ့ မျက်နှာကို သူသေချာလေးစိုက်ကြည့်နေမိသည်၊ Jay မှာ သူသတိမထားမိတဲ့ မျက်တောင်ရှည်ရှည်လေးတွေရှိတယ်၊
ကလေးတစ်ယောက် နစ်နစ်ခြိုက်ခြိုက်အိပ်စက်နေသလိုမျိုး Jay အိပ်ပျော်နေသည်ထင်ပါသည်၊ အပြစ်ကင်းစင်နေတဲ့မျက်နှာလေးကသူ့ကိုပိုလို့ အပြစ်တင်စိတ်ပိုဖြစ်စေသည်၊ ဒီကလေးအပေါ်မှာသူဘယ်နှစ်ကြိမ်လောက် မှားခဲ့မိတာလဲ၊ ဘယ်အတိုင်းအတာအထိ လွန်ခဲ့သလဲဆိုတာ စဉ်းစားမိရင် ပိုလို့ ကိုယ့်ကိုကိုယ်စိတ်တိုရသည်၊
နောင်တရနေပါပြီ၊ သူတကယ်မှားခဲ့လဲဆိုတာသိပါပြီ၊ သူ Jay ကိုအဆုံးရှုံးမခံနိုင်ပါ၊ မျက်နှာမှာ သွေးတွေပေနေတဲ့Jayကိုတွေ့လိုက်ရတဲ့အချိန်ကသူ့အတွက်အမှောင်မိုက်ဆုံးအချိန်ဖြစ်ခဲ့ပါသည်၊ သူ့အတွက်အကြောက်တအားကိုတွေ့လိုက်ရတဲ့အချိန်ရင်ဆိုင်လိုက်ရတဲ့အချိန်၊ အရာအားလုံးကိုသဘောပေါက်နားလည်သွားတဲ့အချိန်ဖြစ်ခဲ့တာပါ
YOU ARE READING
TOXIC
Fanfic" တစ်ချိန်ကျကိုကို့ကို ကျွန်တော်က စောင့်ရှောက်ပေးပါ့မယ် " " မင်းအဲ့လိုငါ့အပေါ်ကိုလိုက်ကောင်းပေးမနေစမ်းပါနဲ့၊ မင်းကိုမြင်နေရလေ ငါရင်နာရလေပဲ မင်းကအချစ်ခံရလေငါက သိမ်ငယ်ရလေပဲ ဘာလို့ငါ့ကိုကျ မလိုချင်ရတာလဲ မချစ်ရတာလဲ "