" ကိုကို "
" Jay မင်းကို ငါ့အခန်းထဲမဝင်ခင် အရင်တံခါးခေါက်လို့ မပြောထားဘူးလား "
Jongwoo အင်္ကျီချွတ်နေတုန်း အခန်းထဲဝင်ချလာတဲ့ Jay ရယ်ပါ၊ တကယ်ဒီကလေးကတော့ အမြဲတမ်း ပြောနေဆိုနေရတာ သူတကယ်ကို စိတ်ကုန်နေပါပြီ ဘာလို့ဒီလောက်အနေအထိုင်မတတ်ရတာလဲ၊
" ကိုကို လက်မှာ "
သူရဲ့ဘယ်ဖက်လက်မောင်းရင်းနားကတက်တူးကို မြင်သွားတော့ Jay ကအတော်လေး အံ့ဩသွားဟန်ရှိတယ်၊ သူမြင်သွားတာကိစ္စမရှိပေမယ့် ဖေဖေတို့ကို ပြန်ပြောလိုက်ရင် အလကားနေရင်း သူကနားပူရဦးမယ်၊
" အဲ့တာဘာဖြစ်လဲ မင်းအလုပ်မဟုတ်လို့ ပါးစပ်ပိတ်ထားလိုက် Jay "
" ကိုကိုဘာလို့ တက်တူးထိုးရတာလဲ အဲ့တာမကောင်း "
Jay ပြောလို့မပြီးသေးခင်ဘဲ Jongwoo စကားကိုဖြတ်ပြောလိုက်တော့သည်၊
" မင်းအပူပါလား ဒါငါ့လက်၊ ငါ့အသား ငါထိုးချင်ထိုးမယ် မထိုးချင်မထိုးဘူး "
" ကိုကို ကျွန်တော်က "
" မင်းပါးစပ်ကိုပိတ်ပြီး ငါ့အခန်းထဲကထွက်သွားလိုက်တော့ Jay Chang "
" လှတယ် "
" ကိုကိုက လှတယ်လို့ "
ရေချိုးခန်းထဲကို သွားဖို့ပြင်နေတဲ့ သူ့ရဲ့ခြေလှမ်းများ ထိုစကားကို ကြားလိုက်ရတဲ့အချိန်မှာတော့ ရပ်တန့်လို့သွားပါသည်၊ Jongwoo တကယ်ဘာပြန်ပြောရမှန်းမသိဖြစ်သွားရတယ်၊ ဒီကလေးဆီက ဒီစကားထွက်လာမည်ဟု သူမထင်ထားသော ကြောင့်သာ၊
" Jay မင်း "
လှည့်ကြည့်လိုက်တော့ သူ့ကိုပြုံပြီးကြည့်နေသော ပေါက်စကိုတွေ့လိုက်ရသည်၊ ဘာလို့ဒီလောက်ထိ တောက်တောက်ပပ ပြုံးနိုင်ရတာလဲ၊ " စိတ်ပျက်စရာ " ဟု Jongwoo စိတ်ထဲကပြောလိုက်မိသည်၊
Jongwoo ဒေါသထွက်လာလို့လား ဘာကြောင့်မှန်း အကြောင်းအရင်း တိတိကျကျမသိပေမယ့်လို့ သူ့မျက်နှာဟာအရောင်ပြောင်းလုနီးပါးဖြစ်နေပါပြီ
အခန်းထဲရှိ အလှပန်းအိုးလေးထဲက ပန်းရောင် နှင်းဆီပန်းလေးနဲ့အပြိုင် သူ့သည်လည်း ......။

YOU ARE READING
TOXIC
Fanfiction" တစ်ချိန်ကျကိုကို့ကို ကျွန်တော်က စောင့်ရှောက်ပေးပါ့မယ် " " မင်းအဲ့လိုငါ့အပေါ်ကိုလိုက်ကောင်းပေးမနေစမ်းပါနဲ့၊ မင်းကိုမြင်နေရလေ ငါရင်နာရလေပဲ မင်းကအချစ်ခံရလေငါက သိမ်ငယ်ရလေပဲ ဘာလို့ငါ့ကိုကျ မလိုချင်ရတာလဲ မချစ်ရတာလဲ "