Part-2

1.2K 128 2
                                    

"ဟာ..ဒါဆိုငါတစ်ယောက်တည်းပြန်ရမှာပေါ့..."

ဖုန်းပြောနေတဲ့Yujinရဲ့ဆောင့်
အောင့်သံလေးထွက်လာသည်။

Gunwookနဲ့Taeraeကသူတို့ဝင်ထားတဲ့ကလပ်တွေမှာစပြီးတော့လှုပ်ရှားနေရပြီဖြစ်သည်။

Yujinတို့ကျတော့နောက်အပတ်မှ
စမည်ဖြစ်တာကြောင့် Yujinတစ်ယောက်တည်းအထီးကျန်နေရသည်။

အခုလဲအတူတူပြန်ဖို့သူတို့၂ယောက်ကိုစောင့်နေသော်လဲ
Gunwookကကျလေ့ကျင့်တာနောက်ကျမှာမို့တဲ့...

Taeraeကျတော့လဲသူတို့ကလပ်ကသူငယ်ချင်းတွေကညစာစားဖို့ခေါ်လို့တဲ့....

Yujinကိုကျတစ်ယောက်တည်းပြန်
နှင့်လိုက်တော့တဲ့ သူတို့သူငယ်ချင်းသစ်တွေရတာနဲ့ပဲYujinကိုပလစ်သွားကြပြီ....

Yujinအရမ်းကိုစိတ်ဆိုးသွားပါပြီ။
သူတို့၂ယောက်ကိုမခေါ်တော့ပါ..
Yujinမှာတော့သူတို့ပဲရှိတာကို...
သူတို့ကYujinကိုအဖက္မလုပ်သလိုခံစားရသည်....

Yujinတစ်ယောက်တည်းပြန်လာလိုက်ရင်းနဲ့ လမ်းထိပ်နားရောက်တော့ ဘောလုံးကန်နေတဲ့ကလေးတစ်အုပ်ကိုတွေ့လိုက်ရသည်။

ထိုသို့တွေ့လိုက်ရတော့ Yujinတို့ရွာလေးကိုတောင်သတိရသွားသည်။Yujinကရွာမှာဆိုအရမ်းဆော့တာ...ကလေးတွေနဲ့ဘောလုံးလဲကန်တယ်...ဂျင်လဲပစ်တယ်...
ကြက်တောင်လဲရိုက်တယ်...
တစ်ရွာလုံးက ကလေးတွေကYujinရဲ့ဘော်ဒါတွေလေ။
ဒီမှာလိုအထီးမကျန်နေရ....

ဒီမှာကျတော့Yujinနဲ့ရင်းနှီးတာဆိုလို့ဟို၂ယောက်ပဲရှိတာ...ကျောင်းမှာရော အိမ်မှာရော သူတို့၂ယောက်သာမရှိရင်Yujinမှာ
တစ်ယောက်တည်းဖြစ်နေတော့တာပဲ။


"Yujinလေး...ငါမင်းအတွက်
ကြေးအိုးဝယ်လာတယ်..."

Yujinဆိုဖာပေါ်မှာလှဲနေရင်းနဲ့ဖုန်းသုံးနေတုန်း အိမ်ထဲသို့ဝင်လာတဲ့
Gunwookက သူ့လက်ထဲက
ကြေးအိုးထုတ်ကိုပြလာရင်းပြောသည်။

Yujinမသိချင်ယောင်ဆောင်ရင်းဖုန်းကိုဆက်သုံးနေလိုက်တော့

"အခုစားတော့မလား...ထည့်ပေးမယ်..."

"Yujinလေးကလဲကွာ...စိတ်မဆိုးပါနဲ့...နောက်တစ်ခါဆိုငါနဲ့လိုက်ခဲ့လေ...ငါရေကူးတာလိုက်ကြည့်နော်"

Heart Sharker (Completed)Where stories live. Discover now