Extra-2

1.1K 104 4
                                    

"ယူဂျင်းရှီ...အနွေးထည်လာဝတ်... "

"ဒီမှာဝတ်ထားတယ်လေ..."

လက်ကလေးနှစ်ဖက်ကိုထောင်ပြလိုက်လို့ ဂယူဗင်းကိုပက်ခနဲ့ပြန်ပြောလာတဲ့ကောင်လေးကြောင့် Gyuvinကတော့ ခေါင်းမွှေးတွေပင်ပြောင်ချင်နေပြီ။Gyuvinမှာ အိမ်သားလေးရထားတာလား ကလေးလေးတစ်ယောက်ရထားတာလားမသဲကွဲတော့ဘူး။

နှစ်ယောက်လုံးပိတ်ရက္မှာ နှင်းလျောစီးချင်တယ်ဟု ပူဆာလာသည်ကြောင့် ဂယူဗင်းမှာအလိုလိုက်ရကာ
လိုက်ပို့ပေးဖို့ပြင်ရတော့သည်။

အဲ့တာကိုလဲသွာခါနီးမှHan Yujinတို့ပြောမရဆိုမရ ဂယူဗင်းရဲ့လက်ထဲမှအနွေးထည်အထူရှည်ကြီးကို မဝတ်ရန်ပတ်ပြေးနေသည်မှာ တစ်နာရီနီးပါးရှိတော့မည်။

သူဝတ်ထားတဲ့အနွေးထည်ပါးလေးနဲ့ပဲ ဆောင်းရာသီကြီးမှာ နှင်းလျောသွားစီးဖို့ပြင်နေတာ ဘယ်ကသတ္တိနဲ့လဲ အဲ့ကောင်လေး။

"မင်းဝတ်ထားတာပါးပါးလေးလေကွာ အပြင်မှာဒီလောက်နှင်းတွေကျနေတာ အဲ့ပုံစံနဲ့နှင်းလျောစီးရင် ရေခဲဖြစ်သွားချင်လို့လား မင်း "

"အင်း ကောင်းသားပဲ..."

လုံးဝကိုပြောလို့ဆိုလို့မကောင်း။အချိန်ကြာလာလေ Han Yujinတို့ကပြောစကားနားမထောင်လေပဲ။
Gyuvinကိုဆိုအရုပ်။

ကိုယ်ကသွားခါနီးလာခါနီး မဆူချင်လို့ချော့မော့ပြောကာ အနွေးထည်ကိုဝတ်ခိုင်းနေပါသော်လဲ လူကိုသူ့အနားကပ်မခံပဲ တစ်အိမ်လုံးကိုပတ်ပြေးနေတော့တာ။

အိမ်အကျယ်ကြီးဆောက်ပေးခဲ့တဲ့ ကိုယ့်ဘာသာကိုယ်တောင် အပြစ်တင်မိသေး။

"အဲ့လိုဆိုးမနေရဘူးလေကွာ အဲ့လိုနဲ့သွားဖို့နောက်ကျနေမယ် လာ ကိုကို့ကလေးလေးကလိမ္မာတယ်နော် "

"ကိုကို့...ကျွန်တော်ဒီအနွေးထည်နဲ့ပဲဖြစ်တယ်လို့ အဲ့ဒီ့အထူကြီးဝတ်ရင်လေးတယ်လို့ မဝတ်ချင်ဘူး
ဒီတိုင်းပဲသွားကြမယ် "

"ယူဂျင်း ကိုကိုစိတ်မရှည်တော့ဘူးနော် လာခဲ့ဒီကို "

"ဟင့်အင်း...ဟင့်အင်းလို့ "

"မင်းအဲ့လိုလုပ်နေမယ်ဆို ဘယ်
နှင်းလျောမှသွားမစီးတော့ဘူး အိမ်ထဲမှာပဲနေတော့ "

Heart Sharker (Completed)Where stories live. Discover now