မနက်ထဲကစောစောလာပြီး
အကတိုက်နေရတာဖြစ်ပြီး
Yujinမျက်နှာလေးဟာနွမ်းနေတာကြောင့် အရိပ်တကြည့်ကြည့်နဲ့
ကြည့်နေရသည်။Gyuvinကသီချင်း၂ပုဒ်လောက်ပဲဝင်ဖျော်ဖြေစေချင်ပေမဲ့ ခေါင်းမာလှတဲ့ကောင်လေးက တခြားစီနီယာတွေထည့်ပေးတဲ့အတိုင်း၄ပုဒ်လုံးကိုဖျော်ဖြေပါမည်တဲ့....
အကစကတာ ဘယ္လောက္မှ
မကြာသေးပေမဲ့ သင်လွယ်အတက်လွယ်တဲ့ကောင်လေးမို့
စီနီယာတော်တော်များများကသဘောကျပြီး ဖျော်ဖြေရမည့်သီချင်းတိုင်းတွင် Yujinကိုထည့်ပေးသည်။အခါတိုင်းဆိုရင်တော့ Gyuvinရဲ့ကလေးလေးက သူဝါသနာပါတဲ့
အကကနေချိန်ဆို ပြုံးရွှင်ပြီးတက်ကြွနေတက်ပေမဲ့ ဒီနေ့တော့မျက်နှာလေးဟာအနည်းငယ်နွမ်းနေသည်။သီချင်းလေးပုဒ်စာအတွက်လေ့ကျင့်နေရတာမို့ ပင်ပန်းနေတော့မည်။ဘယ်လိုမှမနေနိင်တဲ့Gyuvinကပဲ အကုန်လုံးကိုခဏနားခိုင်းလိုက်ရသည်။
ကလေးလေးကို လက်ဆွဲလို့
လူရှင်းသည့် အဝတ်လဲခန်းဘက်သို့ခေါ်လာလိုက်သည်။ပုံမှန်လိုသာဒီလိုdance clubမှာလက်ဆွဲခေါ်လာရင် Gyuvinကိုအပြစ်တင်အုံးမှာပေမဲ့ အခုတော့ငြိမ်ငြိမ်လေးပါလာသည်။
ခုံတန်းလေးမှာဝင်ထိုင်လိုက်တော့ Yujinလေးက သူ့လက္မောင္းကို လက်နှစ်ဖက်နဲ့ချိတ်ထားပြီးသူ့ပုခုံးပေါ်ကိုခေါင်းမှီလာ၍ မျက်လုံးလေးတွေမှိတ်ထားသေးသည်။
တော်ရုံဆိုskin shipနည်းတဲ့ကလေးက Gyuvinကိုဒီလိုတွယ်ကပ်နေသည်မှာ တော်တော်လေးကိုပင်ပန်းနေလို့ဖြစ်မည်။
ပါးလေးကိုပွတ်ပေးလိုက်ရင်း
"အရမ်းပင်ပန်းနေပြီလား "
"အင်း..နည်းနည်း..."
"မင်းလေးပုံစံကနည်းနည်းမဟုတ်ပါဘူး..."
"အာ့ဆိုများများ.... "
"အဆိုးလေး...မင်းကိုယ့်ကိုဒီလိုတွယ်ကပ်နေတာ သူများတွေမြင်သွားမှာမကြောက်တော့ဘူးလား"
"စီနီယာ တံခါးလော့ခ်ချခဲ့တာ
သိသားပဲ ""အိပ်ချင်နေတာလား..."
YOU ARE READING
Heart Sharker (Completed)
FanfictionGyujin❣ Kim Gyuvin♡Han Yujin Myanmar Fan Fiction