Yujinပြန်ရောက်လာထဲက အိမ်မှာလူမပြတ်ပေ။တစ်ရွာလုံးကလူတွေYujinကိုလွမ်းနေလို့ဆိုပြီး လာနှုတ်ဆက်ကြတာလေ။အကုန်လုံးဆွေမျိုးမကင်းတွေဆိုတော့လဲ အရင်ထဲက သူ့အိမ်ကိုယ့်အိမ်အကုန်ဝင်ထွက်နေကြတာ။
Yujinတို့အိမ်က ရွာထဲတော့မရောက်။မြို့ပေါ်မှာဆောက်ထားတာ
ဖြစ်သည်။ဒါပေမဲ့လဲYujinကအမြဲငယ်ငယ်ထဲက ရွာထဲမှာပဲလျောက်ဆော့ပြီးကြီးပြင်းလာခဲ့တာ။Yujinအတွက်ဆိုပြီးစားစရာတွေသောက်စရာတွေပေးသွားကြတာလဲမနည်းမနော။Yujinကတော့ခရီးပန်းတာတောင်ဘယ်ရောက်သွားမှန်းမသိ။လွမ်းနေရတဲ့သူတွေကိုတွေ့လိုက်ရတော့အလွန်ကိုပျော်နေပါသည်။
Gunwookနဲ့Taeraeတို့အမေတွေဖြစ်တဲ့ ဒေါ်ဒေါ်လေးတို့်တောင်မှ အခုမှပြန်ရောက်လာတဲ့သူ့သားတွေကို
ပလစ်ပြီးYujinဆီရောက်နေကြတာ။
Yujinကြိုက်တက်တဲ့ဟင်းတွေလဲချက်လာပေးသေးသည်။ဟို၂ကောင်အတွက်တော့စိတ်တောင်မကောင်း။Yujinကိုကမွေးရာပါချစ်မွေးပါလာတော့လဲ မတက်နိုင်ဘူးလေ။မိသားစုတွေဆွေမျိုးတွေကလဲရှယ်ချစ်၊ရည်းစားလေးကလဲရှယ်ချစ်နဲ့။
ရည်းစားလေးဆိုလို့ ပြန်ရောက်ထဲက
ကိုကို့ဆီဖုန်းမဆက်ရသေးတာကိုသတိရမိသွားရသည်။မသိမသာနဲ့အခန်းထဲဝင်လာလိုက်ပြီး တစ်ယောက်သောသူဆီသို့ဖုန်းလေးခေါ်လိုက်သည်။ဘယ်ကတည်းကသူဖုန်းခေါ်မှာကိုစောင့်နေမှန်းမသိသည့် သူကချက်ချင်းကိုင်လာကာ
"ကလေးလေး ဘာလို့အခုမှဖုန်းခေါ်ရတာလဲ ကိုယ်စောင့်နေတာသိရဲ့လား"
"ဟီး...မေ့သွားတာ "
"Han Yujin shii...ပြန်သွားတာနေ့တစ်ပိုင်းတောင်မရှိသေးဘူး ကိုယ့်ကိုပလစ်ဖို့ကျန်နေပြီလား "
"မဟုတ်တာကို...အဲ့လိုမပြောနဲ့ကိုကိုနော် "
"ဘာကိုမပြောနဲ့လဲ ကိုယ့်ကိုပစ်ထားလို့ကတော့ ချက်ချင်းလိုက်လာပစ်မှာဗျ ဘာမှတ်"
"တကယ်ပဲ ကိုကို့ကိုလိပ်စာမပြောပြထားသင့်ဘူး အဲ့တာနဲ့ပဲခြိမ်းခြောက်နေတော့တာပဲ "