Yujinတို့ဒီနေ့တော့လူ၁၀တစ်ဖွဲ့ စီခွဲပြီးစီနီယာတွေနဲ့အကစသင်ရတော့မှာဖြစ်သည်။
ထို့ကြောင့်စီနီယာတွေရောက္မလာခင် လွတ်လွတ်လပ်လပ်နှင့် အကုန်လုံးကစကားပြောတဲ့သူကပြော အကပြန်ကျင့်တဲ့သူက ကျင့်နှင့်စောင့်နေကြသည်။
သူငယ်ချင်းမရှိသေးသည့်
Yujin ကတော့ ထောင့်လေးမှာထိုင်လျက်နှင့်နားကြပ်လေးတပ်၍ အကဗီဒီယိုတွေကိုပြန်ကြည့်နေရင်းနဲ့စောင့်နေရသည်။တကယ့်အကမှာထိပ်တန်းစီနီယာတွေနဲ့လေ့ကျင့်ရတော့မှာဆိုတော့
Yujinရင်တုန်နေရပါသည်။ကျွီ...
ထိုစဥ်တံခါးဖွင့်သံကြောင့် Yujinမော့ကြည့်လိုက်တော့
မျက်လုံးလှလှလေးတွေမှာအလန့်တကြားပြူးသွားရသည်။ဒီလူ....
အံ့ဩမှုကြောင့် Yujinရဲ့ပါးစပ်လေးမှာလဲပွင့်အသွားရင်းနဲ့ အလန့်တကြားကြောင်ကြည့်နေမိတော့သည်။
ထိုလူဝင်လာတာနှင့် အခန်းထဲရှိအကုန်လုံးဆီမှ အော်သံတွေထွက်လာတာကြောင့် Yujinအသိစိတ်ပြန်ကပ်လိုက်ရသည်။
"hello..အစ်ကိုက Kim Gyuvinပါ
အကုန်လုံးသိကြတယ်ဟုတ်..."ပြုံးပြုံးရီရီနဲ့တက်တက်ကြွကြွနှုတ်ဆက်သွားသည့်သူကြောင့်
Yujinရဲ့ဒုတိယအကြိမ်အံဩမှုကထပ်မှန်ရောက်လာပြန်သည်။
Yujinကြားကြားနေတဲ့ကောင်မလေးတွေပါးစပ်ဖျားက
Kim Gyuvinဆိုတာ ဒီလူပေါ့....marketမှာYujinကိုပိုက်ဆံရှင်းပေးသွားသည့်လူ....Yujinနဲ့အတူတူခွေးပေါက်လေးကိုစောင့်ပေးသွားသည့်လူ...
Yujinကအကုန်လုံးရဲ့နောက်ဆုံးမှာတန်းစီနေတာကြောင့် ထိုလူကတော့ Yujinကိုမြင်ရမည်မထင်ပါ။
ဘာမဆိုင်ညာမဆိုင်နဲ့ထိုလူပြောသွားခဲ့ဖူးသည့်
'၃ကြိမ်မြောက်ပြန်တွေ့ရင်ဖူးစာပဲနော်'ဟူသည့်စကားကိုတောင် ပြန်ကြားယောင်မိသွားတာကြောင့် Yujinခေါင်းလေးတွေကိုခါထုတ်လိုက္မိသည်။"Han Yujin shii....ခေါင်းတွေခါထုတ်နေတာ...ကိုယ်ပြောတာနားမလည်လို့လား..."
သူလဲYujinကိုမြင်သွားတာပေါ့...
by nameတပ်ပြီးခေါ်လိုက်သည့်သူကြောင့်အကုန်လုံးရဲ့အာရုံကYujinဆီရောက်လာကြသည်။
YOU ARE READING
Heart Sharker (Completed)
FanfictionGyujin❣ Kim Gyuvin♡Han Yujin Myanmar Fan Fiction