"ဟေး..မရဘူးနော် မလိုက်ရဘူးဆိုမလိုက်ရဘူးပဲ...ကိုယ်လဲမလိုက်ဘူး "
Gyuvinရဲ့စကားလဲဆုံးရော Yujinရဲ့မျက်နှာလေးမှာ ဆူပုတ်သွားသည်။Gyuvinမှာလဲမျက်နှာကိုတည်ထားရသည်။မဟုတ်တာကိုအလိုလိုက်လို့မဖြစ်ပါဘူး။
dance clubeကသူတွေစုပြီး
ဒီညနေဘားကိုသွားကြမယ်ဟုဆိုသည်။အခုမှအသက်ပြည့်ခါစကလေးကို အဲ့လိုနေရာတွေနဲ့
မထိတွေ့စေချင်တာကြောင့်
Gyuvinကသူတို့၂ယောက်လုံး
မလိုက်တော့ဘူးဟုငြင်းလိုက်တော့ Han Yujinတို့Gyuvinကိုလာ ဂျစ်နေသည်။အမှန်ဆိုGyuvinလဲ အရင်က ကလပ်တို့ဘားတို့ဆိုခဏခဏသွားတက်ပေမဲ့ Yujinနဲ့တဲွဲပြီးထဲက
အဲ့ဘက်တွေယောင်လို့တောင်
မသွားဖြစ်တော့တာ။သူငယ်ချင်းတွေခေါ်ရင်တောင်ငြင်းတက်လာတာမို့ Gyuvinကိုအကုန်ဆဲရေးနေကြသေးသည်။ဒါကိုအရှေ့ကအဆိုးလေးကတော့
Gyuvinကိုဆန္ဒတွေပြနေလေပြီ။
စီနီယာအစ်မတွေဘားသွားမည်ဟုဆိုလိုက်တော့အရောင်လက်သွားတဲ့မျက်လုံးလေးတွေမြင်ပေမဲ့လဲ
ထိုနေရာတွေက တစ်ခေါက်ရောက်ဖူးပြီးသွားတာနဲ့ နောက်အထပ်ထပ်အခါခါထပ်သွားမိချင်မိနေမှာ။"ကိုကိုကလဲ ရောက်ဖူးအောင်သွားကြည့်ချင်တယ်လို့ "
Han Yujinလေးကလဲ
လက္မလျော့ Gyuvinရဲ့လက်ကိုတွဲခိုထားပြီးတော့ကို ဘေးကနေလက္မခံမချင်းတတွတ်တွတ်နဲ့
အပူကပ်နေသည်။"ကိုကိုပြောတော့ ၁၈ပြည့်ပြီးရင်
ကျွန်တော့်အလိုလိုက္မယ်ဆို""မင်းလေးအရက်သောက်ချင်တာဆို ကိုယ်သပ်သပ်တိုက္မယ်....
ကိုယ်တို့ဟန်မြစ်မှာသွားသောက်ကြမယ်လေ မင်းပဲဟိုတစ်ခါက
အဲ့မှာသောက်ကြည့်ချင်တာဆို""ဘားမှာပိုပျော်ဖို့ကောင်းတာပါဆို"
"မင်းရောက်ဖူးလို့လား "
"dance clubကသူငယ်ချင်းတွေပြောနေကြတာကို"
"မရဘူး "
အပြတ်ပြောလိုက်ပြန်တော့
Gyuvinရဲ့ပုခုံးကိုခေါင်းလေးကမှီလာသည်။အလိုလိုနေရင်းတောင်ချစ်ဖို့ကောင်းနေတဲ့ကောင်လေးက
သူလိုချင်တာရဖို့ ကြောင်ပေါက်လေးတွေလိုမျိုးGyuvinကိုချွဲနေသည်။
YOU ARE READING
Heart Sharker (Completed)
FanfictionGyujin❣ Kim Gyuvin♡Han Yujin Myanmar Fan Fiction