ကားမောင်းနေတဲ့စီနီယာ့ကို
Yujinဘေးကနေမဝင့်တရဲလေး
ကြည့်နေမိသည်။ဆေးရုံကနေပြန်ထွက်လာထဲကYujinကိုစီနီယာကစကားမပြောလာတော့။ရုပ်တည်ကြီးနဲ့သာကားမောင်းနေသည်။
Yujinကိုအခုလိုလျစ်လျူမရှူဖို့အကြိမ်ကြိမ်ပြောဖူးတာကို စီနီယာကနားမထောင်ဘူး။
စီနီယာ့ရဲ့ဒီလိုအေးတိအေးစက်
ပုံကြီးကိုလဲမကြိုက်ပါဘူးဆို။
စီနီယာနဲ့တွဲမှပဲ ရည်းစားကိုချော့ဖို့ညဏ်နီညဏ်နက်တွေကို စဥ်းစားရတော့သည်။စီနီယာကကျန်တဲ့အချိန်ဆိုYujinကိုအရမ်းအလိုလိုက်ဂရုစိုက်ပေးတာမှန်ပေမဲ့ Yujinအမှားလုပ်မိပြီဆို နည်းနည်းလေးမှအလျော့မပေးဘူး။
စီနီယာ့ကိုYujinပြောမိတာ အများကြီးလွန်သွားတယ်ဆိုတာသိပေမဲ့
ဒီလိုကြီးလျစ်လျူရှူခံထားရတာတော့နည်းနည်းလေးမှမကြိုက်ပါဘူး။"ဆင်းတော့...."
မျက်နှာလေးကိုမဲ့လိုက္မိသည်။
ဒီအေးစက်စက်အသံကြီးကိုသဘောမကျလိုက်တာ။"ကိုကို...တကယ်ပဲကျွန်တော့်ကိုမခေါ်တော့ဘူးလား "
ရှေ့ကိုသာကြည့်နေပြီး Yujinဘက်ကိုတစ်ချက်ပင်မကြည့်လာ။
အမြဲတမ်းအငယ်ဆုံးပီပီ အလိုလိုက်ခံနေရတဲ့ Yujinလေးက
ဒီလိုဆက်ဆံခံနေရတာကို လုံးဝကိုသည်းမခံနိုင်တော့တာကြောင့်
ဆောင့်အောင့်ပြီးသာ ကားပေါ်ကဆင်းခဲ့လိုက်တော့သည်။"ပြန်ရောက်ပြီလား..."
"ရောက်ပြီ...... "
စိတ်လေးဟာမကြည်နေတော့
လာမေးတဲ့Taeraeကိုလဲဆောင့်အောင့်နေတဲ့အသံနဲ့ပြန်ဖြေမိသည်။"အသံကဘယ်လိုဖြစ်...မင်းစီနီယာလိုက်ပို့တာမဟုတ်ဘူးလား "
"ဘာငါ့စီနီယာမှမဟုတ်ဘူး..."
"စိတ်ဆိုးလာတာလား "
မျက်နှာလေးဟာဆူပုတ်ပြီး
ဆိုဖာပေါ်မှာကိုယ်ကိုလျောပြီး
ထိုင်လိုက်သည်။ငိုချင်လာတဲ့စိတ်ကလေးကိုလဲ ေဒါသကထွက်လာသည်။မီးဖိုချောင်ထဲကထွက်လာတဲ့
Gunwookကပါဆိုဖာမှာဝင်ထိုင်ပြီးမေးလာသည်။
YOU ARE READING
Heart Sharker (Completed)
Fiksi PenggemarGyujin❣ Kim Gyuvin♡Han Yujin Myanmar Fan Fiction