"အင့် ဘုတ် !!"
"ဟားဟား မှန်ကြောင်လေး ကြမ်းပြင်ပေါ်မှာ ဝေ့ယားမှောက်လေး ဟားဟား"
"ပျော့တီပျော့ဖက်နဲ့ တီကောင်နဲ့တူတယ် အဟ"
"တကယ်ကြောင်ချီးရုပ် "
ရှောင်းကျန့် လက်နှစ်ဖက်ထောက်လိုက်တော့ နာနေတာမို့ နာကျင်မှုကို ထိန်းကာ။
ကြမ်းပြင်ပေါ် ပြုတ်ကျပြီး မှန်တစ်ဖက် ကွဲသွားတဲ့ ပါဝါမျက်မှန်လေးကို ကောက်တပ်ပြီး။
နှုတ်ခမ်းကို ကိုက်ကာခေါင်းငုံ့ပြီး ထွက်ပြေးလာတယ်။
ကျောင်းက သူကို နိုင်တဲ့ နိုင်ဘက်ခွေးသားတွေက တစ်နေ့တစ်မျိုးမရိုးအောင်စတယ်။
အခုလည်း လူလည်ခေါင် ကန်တင်းမှာ သူလမ်းလျှောက်နေတာကို ခြေထောက်ခံထားတော့ လဲ ပြန်တယ်။
တကယ် အရှက် ခွဲတာ။
ကျန်တာဆို သူသိပ်မပြောဘူး အခုက သူ Cruch အရှေ့မှာ အခုလို
အရှက်ခွဲတော့ ခံရခက်လိုက်တာ။ဟူးးး
အလှည့်ကျရင် မနွဲ့စတမ်းပေါ့ကွာcrush နဲ့ ချစ်သူ ဖြစ်မှ အဲ့ကောင်တွေကို အသေ မှတ်အောင် ပညာပြခိုင်မယ်။
ဟုတ်ပါတယ် ။ ရှောင်းကျန့်လို မှန်ကြောင်ကောင်လေးမှာ crush ရှိပါတယ်။
crush က တစ်ခြားလူတော့ မဟုတ်ဘူး။
ကျောင်း ရဲ့စံပြကျောင်းသား King ။သူနာမည်ကြားရုံနဲ့တင် နှလုံးသားလေးတ ခုန်နေတာ ။
နာမည်က ၀မ်ရိပေါ် တဲ့။
Crush က သူအနောက်တန်းက ခုံမှ ထိုင်တာ။
သူနောက်တန်းကို king ထိုင်တိုင်း သူအနောက်ကျောက မလုံခြုံသလိုတောင် ခံစား ရတယ်။
အစိမ်းလိုက်ဝါးစားခံရတော့မည့် အတိုင်း။
သူလည်း crush ကို ကြိုတ်ချစ်နေပေမဲ့ crush နဲ့ မျက်လုံးခြင်း ဆုံအောင်မကြည့်ရဲဘူး။
နည်းနည်း ရှိန်တယ်။
-----
ဘက်စကတ်ဘော ကစားနေတဲ့ crush က စောက်ရမ်းချောတယ်။
