ရှောင်းကျန့် သားသားကို ချီပြီး အောက်ထပ်ဆင်းတော့ ရိပေါ်က ရောက်နှင့်နေပြီ။
"morning ဒယ်ဒီ "
"morning သားသား morning အချစ် ပြွတ်!"
ရိပေါ်က သူရဲ့ ခင်ပွန်းလေးကို မနက်ခင်းအနမ်းနဲ့ထပ်ကြိုဆိုတယ်။
"ရိပေါ် ! ကလေးအရှေ့မှာ ကို .."
"အချစ်ကလည်း !"
ရိပေါ်က ရှောင်းကျန့်ခါးလေးကိုဖက်ပြီး ပခုံးလေးပေါ်မေးတင်ကာ
လည်တိုင်ဖြူဖြူလေးကို နမ်းရှိုက်လိုက်တော့တွန့်သွားတဲ့ လည်တိုင်ကျော့ကျော့လေး။
"လောင်ကုန်းးးး!! "
"အင်းအင်း ဆက်မလုပ်တော့ဘူး"
"လာလေ သား"
အနောက်ကနေ လက်ပိုက်ကာ ကြည့်နေတဲ့ သားသားက သူကိုလှမ်းခေါ်တဲ့ ဒယ်ဒီကို ကြည့်ပြီး ။
"ဟွန့် ပါးနဲ့ဒယ် သာယာနေကြတာ ကိုယ်သားလေးတောင်မမြင်ကြတော့ဘူး"
"ဟားဟား သားသားကလည်း လာပါကွာ "
ရိပေါ်သူသားလေးကို ချီပြီး ခုံပေါ်တင်ပေးတော့။ မလှန်းမကန်းရိပေါ်ကို လှမ်းနမ်းတယ်။
ရိပေါ်ကလည်း အလိုက်သင့်ခေါင်းငုံ့တော့ ။
"မွ ဒယ်ဒီ"
"လူလည်လေး "
"စားလေ သား သားကြိုက်တဲ့ဖက်ထုပ် "
"ဟုတ် ပါးပါးဟီး ချားရိုးတောင်းတယ်"
"စားလို့ကောင်းရင် စားပါကွာ "
"မောင် ထည့်စားလေ"
ရှောင်းကျန့်မောင်ကိုကြည့်တော့ သူတို့သားအဖနှစ်ယောက်ကို ပြုံးစိစိနဲ့ ကြည့်နေတာကြောင့် အမြန်သတိ၀င်အောင်ပြောလိုက်ရတယ်။
"အင်း အချစ်"
"ဘာတွေ ငေးကြည့်နေတာလဲ မမြင်ဖူးတာတွေကျလို့"
"ဒီသားအဖ နှစ်ယောက်တစ်နေ့တစ်တစ်ခြား ချစ်စရာကောင်းလာလို့ "
ဗိုက်အစာလွန်ပြီး ထမင်းစားမ၀င်ဖြစ်နေတော့မှာပဲ မောင်ဟာလေ။
မနက်စာ စားခြင်း ပြီးမြောက်သွားတော့။
"သားရေ ကားပေါ်သေချာတက် ထမင်းဘူးလည်းမေ့နေမယ်နော်"
