၀မ်သခင်လေး ၀မ်အိမ်တော်ထဲ ကို ကောင်မလေး ကို ချီပြီး ၀င်လာတယ် ဆိုတဲ့
စကားဟာ အိမ်အစေခံလေးတွေ အိမ်ထိန်းတွေ အထိ ပြန့်သွားတယ်။
ရိပေါ်ကတော့ဘယ်သူမှ ဂရုမစိုက်ဘဲ အပေါ်ထပ်က သူအခန်းထဲကို ခေါ်သွားတယ်။
အစေခံတွေတောင်ပါးစပ် အဟောင်းသားဖြစ်သွားတယ်။
ဘာလို့ဆို ၀မ်သခင်လေးက သူရဲ့ အခန်းကို ဘယ်သူကိုမှ မ၀င်းခိုင်းပါဘူး။
သူအခန်းထဲ ၀င်နိုင်တဲ့သူဆိုလို့ အိမ်တော်ထိန်းကြီးပဲရှိတယ်။
၀မ်သခင်ကြီးတောင် မ၀င်ခိုင်းပါဘူး။
အခု ကောင်မလေးကိုတောင်ချီပြီး အခန်းထဲခေါ်ကတည်းက ဒါ ၀မ်သခင်လေးနဲ့
တစ်နည်းနည်းပတ်သက်နေတဲ့ သူပဲ ဖြစ်ရမယ်။
-----
ရိပေါ် သူကုတင်ပေါ်က မွေ့ယာ အိအိကြီးပေါ်ကို ချတော့ အတင်းကြောက်လို့ ဖက်ထားပြန်သေးတယ်။
"ဟေ့ ကျွန်တော်ကိုကြည့် "
ထိုအခါမှ မျက်လုံး ပြာပြာလေးတွေက ရိပေါ်ကိုကြည့်လာပြီး။
"ဒါက မွေ့ယာ ကွာ ဒီအပေါ်တက်အိပ်ရတဲ့ဟာ "
ရိပေါ်က အပြောနဲ့ အလုပ်နဲ့ အညီ မွေ့ယာပေါ် ထိုင်နေတဲ့ ရှောင်းကျန့်ရဲ့ ခါးသွယ်သွယ်ဘေးကိုဆွဲချတော့
သူလက်မောင်းပေါ်ကို ကျလာတဲ့ ခေါင်းလေး။
အနက်ရောင် ဆံပင်တွေကလည်း ရိပေ့် လက်မောင်းပေါ်မှာ အနည်းအငယ် တင်နေတယ်။
ရိပေါ်က သူရင်ခွင်ထဲက ရှောင်းကျန့်ကို ငုံ့ကြည့်ချိန်နဲ့။
ရင်ခွင်ထဲက ရှောင်းကျန့်က ရိပေါ်ကို မေ့ကြည့်ချိန်။
အကြည့်ချင်းဆုံတဲ့ အခိုက်မှာ ရင်ခုန်သံတွေဟာ အရမ်းဆူလာတယ်။
တဒုတ်ဒုတ်နဲ့ ရင်ခုန်သံတွေကို ကြားနေရတဲ့ ရေသူထီးက ရိပေါ်ကို မျက်လုံး၀ိုင်းဝိုင်းကြီးတွေနဲ့ ကြည့်လာတယ်။
မနေနိုင်တဲ့ ရိပေါ်က အောက်နှုတ်ခမ်းက မှန့်နက်လေးကို အနမ်းပေးတယ်။