[ First date and , First Kiss ]Final

4K 195 4
                                        

   "💬ကျန့် "

"ဗျာဗျ "

"ချစ်စရာလေးဗျာ ထူးနေတာလေးကိုက "

"ချစ်စရာကောင်းမှာပေါ့ လောင်ကုန်းရဲ့ကျန့်ပဲဟာ🤭"

"ဟော လောင်ကုန်းတဲ့လားဗျာ "

  "လောင်ကုန်းက ခေါ်တာ မကြိုက်လို့လားဟင် "

"အဟားကြိုက်ပါ့ဗျာအရမ်းကြိုက်တာ ထပ်ခေါ်ပါအုံး နားထောင်ချင်လို့ "

"လောင်ကုန်း ~"

"ကျန့်  ကိုယ်ပြော မယ်နော် ကျန့်ရဲ့ အသံလေးကို ကိုယ်နားထောင်ချင်တယ် လောင်ကုန်းဆိုတဲ့ အသံကို "

  "......."

ရိပေါ် အဲ့လို ပို့တော့ Rpမပြန်ပဲ 3မိနစ်လောက်ရှိသွားတယ်။

ရိပေါ်လည်း သူတောင်းဆိုမိတာ လွန်သွားတယ် ထင်၍၊

"တောင်းပန်ပါတယ် ကျန့် ကိုယ်ကြောင့်စိတ်ပျက်စေမိပြီ"

ရိပေါ်က ထိုသို့ပို့တော့ စက္ကန့်ပိုင်းပဲ ရှိသေး  ၁၂စက္ကန့်နဲ့ ကျန့်က အသံဖိုင် ပို့လာတယ်။

ရိပေါ် အသံဖိုင် ဖွင့်ကြည့်ကာနားထောင်တော့-

   "~~ လောင်ကုန်း လောင်ကုန်း လောင်ကုန်း ကျန့်ရဲ့ လောင်ကုန်းဟိဟိ~~"

ခပ်ချွဲချွဲနဲ့ ချစ်စရာ အသံလေးကြောင့် ရိပေါ်မှာ ပိုလို့ပင် အသဲယားလာတယ်

ကျန့်အနားမှာရှိရင် ဟူးမလွယ်ဘူး။

"အမောပြေအသံလေးကွာ နားထောင်ကောင်းလိုက်တာ "

"▶️ ဟိဟိ တကယ်နော် Leo ကျန့်အသံကနားထောင်ကောင်းတယ်ဆိုတာ တကယ်ပေါ့"

ကျန့်က ထပ်ရဲတင်းလာပြီးအသံဖိုင်ပို့တယ်
ဒါပေမဲ့ အဲ့အသံနားထောင်ရင်း ရိပေါ်
မနက်က ကုန်တိုက်မှာတွေ့ခဲ့တဲ့ စွာတေးလေးအသံပြန်မြင်ယောင်လာတယ်

"ကျန့် ဓာတ်ပုံကို ကိုယ်ကို ပို့ပေးပါလား ကိုယ်
ကျန့်မျက်နှာတစ်ခုလုံးကို မြင်ဖူးချင်တယ်"

ရိပေါ်ထပ်ပြီး အဲ့စာ ပို့ကာ စိတ်လှုပ်ရှားပြီး သူရင်ဘတ်ကို ဖိထားပြီး မျက်စိကို မှိတ်ထားတယ်

𝐘𝐢𝐳𝐡𝐚𝐧 𝐅𝐚𝐧 𝐟𝐢𝐜𝐭𝐢𝐨𝐧  [𝐒𝐡𝐨𝐫𝐭-𝐅𝐢𝐜]Where stories live. Discover now