မနက် မိုးလင်းလာတော့။
ပြတင်းပေါက်က နေရောင်ခြည်လေးက လူသားနှစ်ယောက်အပေါ် ဖြာကျနေတယ်။
လက်မောင်းတစ်ဖက်ကို ခေါင်းအုန်းအမှတ် အုံးအိပ်နေတဲ့ အဖြူရောင် ကောင်လေးက အရင် နိုးလာတယ်။
မျက်လုံးလေး ဖွင့်တော့ လက်မောင်းပိုင်ရှင်လူသား အဲ့လူသားက ဒီအဖြူရောင်ကောင်လေး အပိုင်။
ခန့်ညားလွန်းတဲ့ မျက်နှာ အစိတ်အပိုင်းလေးတွေက်ု လက်နဲ့တို့ထိပြီး။
"မွ လောင်ကုန်း "
ချစ်လောင်ကုန်းကို အနမ်းပေးရင်း သူရဲ့ မနက်ခင်းကို စတင်တယ်။
သူကိုယ်ပေါ် ခြုံထားတဲ့ စောင်ကို ဖယ်တော့။
သူက အ၀တ်၀စားကင်းမဲ့နေတယ်။ကုတင်အောက်ခြေချတော့ ပြံ့ကျဲနေသော ည၀တ်အင်္ကျီတွေ ဟိုတစ်စ ဒီတစ်စ။
အင်းးး ညရေးညတာ ကိစ္စမို့ အထူးအဆန်းတော့ မဟုတ်တော့။
ပြံ့ကျဲနေတဲ့ အင်္ကျီလေးတွေကို ကောက်ယူပြီး အ၀တ်လျှော်မဲ့ခြင်းတောင်းထဲ ထည့်တယ်။
ရေချိုးခန်းထဲ၀င်ကာ ရေချိုးသန့်စင်ပစ်တယ်။
-----
ရေချိုးပြီး။ သင့်တော်မဲ့ အင်္ကျီလေးကို ကောက်၀တ်ပြီး ။
လောင်ကုန်းအတွက်ပါ Company သွားဖို့ အတွက် ၀တ်စုံလေး တစ်ခါတည်း ထုတ်ထားလိုက်တယ်။
မနက်စာ စားဖို့ အတွက် အောက်ထပ်ကို ဆင်းပြီး။
ထမင်းစားခန်းထဲကို ၀င်ကာ ပြင်ဆင်တယ်။သားသားနဲ့ သူဒယ်ဒီကြိုက်မဲ့ ဟင်းလေးတွေ ချက်တယ်။
အိမ်ထမင်းအိမ်ဟင်းပဲ စားတာ အကျင့်ဖြစ်နေတာမို့ ဒီလို ထမင်းဟင်းတွေ ချက်ရတာ
နေတိုင်းဖြစ်နေတော့တယ်။အကုန် ပြင်လို့ ဆင်လို့ ပြီး ။ သားသား ကျောင်းသွားတော့ ထမင်းဘူးလေးရော
ထည့်ပြီး။ Company သွားမဲ့ ရိပေါ် အတွက်ပါ ထမင်းဘူးလေး နောက်တစ်ဘူး ထည့်ပေးတော့တယ်။အကုန်ပြီးစီးတော့။ သားသားကို နှိုးဖို့ အပေါ်ထပ်သို့တက်လာတော့တယ်။
