"💬Hi Leo "
"ဟုတ် ကျန့် 💬"
"ဘာလုပ်နေလဲ "
"ကျွန်တော်အလုပ်ထဲမှာ ကျန့်"
"ဪ ဒါဆိုအလုပ်ထဲမှာဆို ကျန့်ကြောင့်အနှောက်အယှက်ဖြစ်သွားသလား?🥺"
မျက်ရည်တွေ ရစ်သိုင်းနေတဲ့ အီမိုဂျိ လေးပို့ကာ အနှောင့်အယှက်ဖြစ်သွားသလားပို့တဲ့ စကြောင့် ရိပေါ်မှာ အသဲတယားယား
ဘယ်လိုဟာလေးလဲ မသိဘူး။
"ဘယ်ကသာ ကျန့်ရယ် အနှောင့်အယှက်မဖြစ်ပါဘူးကွာ"
"ဟွန့် ဟုတ်လား အဟီးးး☺️"
"ဟား အူယားစရာလေးကွာ "
၀မ်ရိပေါ် ပို့လိုက်တဲ့ စာကြောင့် ကျန့်ဘက်က လက်ပါးစပ်အုပ်ကာ ရှက်နေတဲ့ အီမိုဂျိလေး ပြန်ပို့တယ် [ ဒါ > 🤭 ]
"ချစ်တယ်နော် ကိုယ်ရဲ့ကျန့်"
"ချစ်တယ် ကျန့်ရဲ့မောင် "
.
.
ရိပေါ်ဟာ Onile က ကျန့်ဆိုတဲ့ ကောင်လေးနဲ့ ချစ်သူအခြေအနေကို ရောက်နေတယ်။
ကျန့်ဟာ အရမ်းနူးညံ့ပြီး ချစ်စရာကောင်းတဲ့ အဖြူရောင်ကောင်လေးလို့ ရိပေါ်ထင်တယ်။
စ သိတုန်းက ရိပေါ်က အရင် ကျန့်ပုံကိုကြည့်ချင်လို့ ပြခိုင်းတော့။
မပြပဲ ရိပေါ် ပုံကို ပြခိုင်းတယ်/ငဆိုးလေး
ရိပေါ်ကလည်း သူရဲ့ဓာတ်ပုံကို ၃ပုံလောက်ပို့တယ်။
ကျန့်သူကို ပြန်ပို့တဲ့ ဓာတ်ပုံက
အပေါ်ခေါင်းကနေ မျက်စိအထိ ပဲပါတဲ့ပုံ။
အောက်က မျက်နှာပြင်တစ်ခုလုံး မမြင်ရဘူး။အဲ့ပုံလေးနဲ့တင် ရိပေါ် ကျန့်ကို ရင်ခုန်ခဲ့တာ
မျက်နှာတစ်ခုလုံးသာ မြင်ရရင် ရိပေါ်ဟာ ရူးသွားနိုင်လောက်တယ်။ချစ်သူ သက်တမ်းက 5လပြည့်တော့မယ်။
ဒီအတောအတွင်းရန်ဖြစ်တယ် မပြောနဲ့ ရန်စကားတောင်ကြားချင်တိုင်းမကြားရပါဘူးအရမ်းအတွဲညီတဲ့ အတွဲလေး ဖြစ်သည်အပြင်။
ချစ်စရာကောင်းတယ်။
![](https://img.wattpad.com/cover/347286868-288-k319319.jpg)