Chapter 1.1

465 34 0
                                    


        ယခုလက်ရှိ ကျင့်ကြံရေးလောကကို တာအိုတောက်ဓမ္မလမ်းစဉ်၊ မှော်နက်လမ်းစဉ်၊ ဝိဉာဏ်စွမ်းအင်တိုက်ခိုက်ရေးလမ်းစဉ် နှင့် ကိုယ်ခံပညာလမ်းစဉ် ဟူ၍ ကျင့်ကြံရေးနည်းလမ်း ၅သွယ်ဖြင့် ပိုင်းခြားထားလေသည်။ ဤကျင့်ကြံရေးနည်းလမ်းများထဲမှ အလွှမ်းမိုးနိုင်ဆုံးမှာ အကြီးအကဲလျှို မှ ဆင်းသက်လာခဲ့သည့် ကမ္ဘာတစ်ဝှမ်းရှိ များစွာသော ဂိုဏ်းများနှင့် တပည့်များကို ဂုဏ်ယူဝံ့ကြွားစေခဲ့သော တာအိုတောက်ဓမ္မလမ်းစဉ်ပင်ဖြစ်သည်။ တာအိုကျင့်ကြံရေးဂိုဏ်းများထဲမှ ကျောက်စိမ်းတောင် နှင့် အစိမ်းရောင်တောင်ထွဍ်ဂိုဏ်းသည် အကျော်ကြားဆုံးပင်ဖြစ်သည်။ သဲကန္တာရကြီး၏ အနောက်တောင်ဘက်တွင်တည်ရှိသော အစိမ်းရောင်တောင်ထွဍ်ဂိုဏ်းသည် ရင်သပ်ရှုမောဖွယ်ရာ တောင်တန်းများစွာရှိပြီး ညို့ယူဖမ်းစားနိုင်လောက်သော မြင့်မားသည့် တောင်ထွဍ်များစွာရှိသည်။ ၎င်းကို လွန်ခဲ့သော နှစ်ခုနှစ်ရာခန့်က စတင်တည်ထောင်ခဲ့ပြီး ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်ခဲ့သော အကြီးအကဲ ၄ဦးရှိခဲ့ရာ  မရေမတွက်နိုင်သော ကျင့်ကြံသူများ ထိုနေရာသို့ ရောက်ရှိရန် အပြိုင်အဆိုင်ကြိုးပမ်းလာစေခဲ့သည်။ အစိမ်းရောင်တောင်ထွဍ်ဂိုဏ်းတွင် တပည့်ပေါင်းသုံးထောင်ကျော်ရှိရာ တပည့်ခေါင်းဆောင်မှစ၍ တပည့်များကို အဆင့်၁၊ အဆင့်၂၊ အဆင့်၃၊ အဆင့်၄ဟူ၍ သက်ဆိုင်ရာ အဆင့်အတန်းအလိုက် ခွဲခြားထားသည်။ ဂိုဏ်းတပည့်အားလုံးသည် ဂိုဏ်းခေါင်းဆောင် သို့မဟုတ် အကြီးအကဲသုံးဦးလက်အောက်၌ ဂိုဏ်း၏ များစွာသောတောင်များပေါ်တွင် လေ့ကျင့်သင်ကြားပေးခြင်းကို ခံယူရလေသည်။
ကုတင်ပေါ်တွင် အနားယူရင်း ကျုံးယန်သည် နှလုံးသားထဲမှ စိတ်ပျက်လက်ပျက် သက်ပြင်းမချမီ စိတ်ထဲတွင် ဝတ္တုဇာတ်ကြောင်းကို အသေးစိတ်တွေးတောလိုက်မိသည်။ သက်ပြင်းချသံကြားလိုက်သည်နှင့် အနီးအနားတွင်ရှိနေသော ချင်းယွီက အလျင်အမြန် ကုတင်ဘေးသို့ရောက်လာကာ “ ဆရာတူအကိုချင်၊ ဘာဖြစ်လို့လဲ” ဟုမေးလာခဲ့သည်။  ကျင့်ကြံသူများ၌ ထက်ရှလှသော အကြားအာရုံရှိလေသည်။ ကျုံးယန် သူ့ကိုယ်သူ အားတင်းပြုံးရင်း “ ဘာမှမဖြစ်ပါဘူး၊ ငါ့ဒဏ်ရာက  နည်းနည်းနာနေလို့ပါ”
“ ဆရာတူအကိုချင်၊ အကို့ဒဏ်ရာတွေက အရမ်းဆိုးဝါးတယ်။ ကျွန်တော် အကို့ကို ကုပေးဖို့ အခုလေးတင်ရောက်လာတာ။ ကျွန်တော် နှလုံးခုန်တောင် ရပ်တော့မလိုပဲ။ အကြီးအကဲလျှိုရဲ့ ကောင်းချီးကြောင့် အကို အသက်ရှင်နိုင်ခဲ့တာ။ ကျေးဇူးပြုပြီး သည်းခံပေးပါဦး။ ဆရာတူအကို ကျွန်တော် အကို့အတွက် ဆေးသွားကျိုလိုက်ဦးမယ်”
‘မင်းရဲ့ဆရာတူအကို က အသက်မရှင်နိုင်ခဲ့ဘူး ‘ ဟု ကျုံးယန်ပြောပြလိုက်ချင်မိသည်။ ‘သူသာမြန်ခဲ့မယ်ဆိုရင် အခုလောက်ဆို အဘွားမုန်ရဲ့ စွပ်ပြုတ်ကိုတောင် သောက်ပြီးသွားလောက်ပြီ’  ထိုအတွေး သူ့စိတ်ထဲဝင်လာသည် နှင့်တစ်ပြိုင်နက် ကျားမခွဲခြားမရသော စက်ရုပ်သံတစ်သံထွက်ပေါ်လာသည်။ [ သတိပေးချက်။ ကျေးဇူးပြု၍ host ရဲ့ အချက်အလက်တွေကို မထုတ်ဖော်ပါနဲ့ ]
ကောင်းလိုက်တာ၊ အခုတော့ သူ့ဦးနှောက်တွေတောင် တဒိန်းဒိန်းနဲ့ ဒဏ်ရာတွေနှင့်အတူ နာကျင်လာပြီ။ ထွက်သွားသော ချင်းယွီကို ဘာမှမပြောနိုင်ဘဲကြည့်နေရင်း ကျုံးယန် ဒေါသတကြီးဖြင့် ကုတင်ပေါ်ပြန်လှဲလိုက်မိသည်။
မနေ့ကအထိ ကျုံးယန်သည် နီးကပ်လာသော နှစ်ဆုံးသချာင်္စာမေးပွဲအတွက် ပြင်ဆင်နေသော ဒုတိယနှစ် တက္ကသိုလ်ကျောင်းသားတစ်ဦးသာ ဖြစ်နေသေးသည်။
သူ့အခန်းဖော်က မျက်ရည်များကြားမှ တစ်ညလုံး revision ပြန်နေစဉ်တွင် ကျုံးယန်သည် ‘ ငါသာစိတ်အပန်းပြေမနေရင် ဘယ်လိုစာကောင်းကောင်းလုပ်နိုင်မှာလဲ ‘ ဟု သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။ ထို့နောက် အတွေးတစ်ခုဖြင့် အွန်လိုင်းဝတ္ထုတစ်ပုဒ်ကို နှိပ်လိုက်လေသည်။ အဲ့ဒါက လိုအင်ဆန္ဒတွေပြည့်ဝအောင် ဖြည့်ဆည်းနိုင်သွားသည့် ဝတ္ထုတစ်ပုဒ်ပင်ဖြစ်သည်။ အဓိကဇာတ်ဆောင်က ချမ်းသာသောမိသားစုမှဖြစ်ပြီး ပြီးပြည့်စုံသော ရုပ်ရည်၊ ကိုယ်ရေကိုယ်သွေးနှင့် ကံကောင်းမှုတို့ကို ပိုင်ဆိုင်ထားသည်။ သူငယ်စဉ်မှစ၍ သူသည် အရပ်သားများ၏ ကယ်တင်ရှင်ဖြစ်သင့်သည်ဟု ယုံကြည်ထားသူလည်းဖြစ်သည်။ အခြားတစ်ဖက်တွင်မူ ဗီလိန်သည် လူသားမျိုးနွယ်အပေါ်လက်စားချေချင်သည့် သွေးအေးလူသတ်သမားဖြစ်သည်။ ၎င်းတို့နှစ်ဦးစလုံးသည် တားမြစ်တောင်ထိပ်၌ နောက်ဆုံးတိုက်ပွဲ မစတင်မီ မကောင်းဆိုးဝါးများကို တိုက်ခိုက်ချေမှုန်းကား လေ့ကျင့်ရင်း အဆင့်တက်လာကြသည်။ နောက်ဆုံးတွင်မူ မကောင်းမှုက ကောင်းမှုကို ရှုံးနိမ့်သွားရပြီး ဗီလိန်သည် ဝမ်းနည်းဖွယ်ကောင်းစွာ အဓိကဇာတ်ဆောင်၏ သတ်ခြင်းကိုခံခဲ့ရသည်။ ဝတ္ထုက ကျုံးယန်စာမေးပွဲ မဖြေခင်ညမှာပဲ ပြီးသွားခဲ့သည်။
မှတ်ချက်ကဏ္ဍသည် မချိတင်ကဲငိုကြွေးသံများနှင့် ဒေါသတကြီးပေါက်ကွဲသံများအောက် နှစ်မြှပ်သွားရသည်။ မှတ်ချက်အားလုံးက “ ဗီလိန်ကိုသတ်လိုက်တယ်ပေါ့ “
“ ငါ့အလောင်းပေါ်ကသာ ဖြတ်သွားလိုက်” နှင့် အခြားဆင်တူသော မကျေနပ်ချက်များသာဖြစ်သည်။
လူ့သဘာဝအရ လူအုပ်ကြီး၏ ထိုသို့သော မှတ်ချက်များက မှတ်ချက်ကဏ္ဍကို ဖုံးလွှမ်းသွားလေသည်။ တချို့က လူကြိုက်များသော ဗီလိန်၏ ဒုတိယဘဝ အကြောင်းကိုပင် စတင်၍ ဝတ္ထုများရေးနေကြလေပြီ။ တချို့သော အဓိကဇာတ်ဆောင်၏ ပရိသတ်များက ဗီလိန်ဖန်များကို ကျင့်ဝတ်ဖောက်ပြန်ခြင်းနှင့် သွေးစွန်းတိုက်ပွဲ ဖြစ်ပွားစေခြင်းတို့အတွက် ဝေဖန်ပြစ်တင်လာကြသည်။ သူတို့ကြားတွင် အချင်းချင်းမျက်ရည်များဖြင့် ပွေ့ဖက်နေသော အဓိကဇာတ်ဆောင်နှင့် ဗီလိန် Shippers ထုကြီးကလည်းရှိနေသေးသည်။
စာဖတ်ပရိသတ်များ ဒီလောက်ထိ ခံစားရနေသည်မှာ အံ့သြစရာတော့မဟုတ်ပေ။ နောက်ဆုံးမှာတော့ ဗီလိန်က သနားစရာကောင်းလွန်းနေသည်ပင်။ သူသည် ကျင့်ကြံရေးမိသားစုမှ မွေးဖွားလာခဲ့သည်။ သူ့မိဘများက စက်ဆုပ်ဖွယ်ကောင်းသော ကျင့်ကြံသူများနှင့် ပူးပေါင်းရန် ငြင်းဆိုခဲ့သောကြောင့် သူ့မျိုးနွယ်စုတစ်ခုလုံးသည် သူ့အသက်ခုနှစ်နှစ် အရွယ်မှာပင် ဖယ်ရှားခံခဲ့ရသည်။ သစ္စာရှိလူယုံတော်တစ်ဦး၏ ကယ်တင်မှုကြောင့် လွတ်မြောက်လာရသော်လည်း ကံမကောင်းစွာဖြင့် လူယုံတော်သည် အောင်အောင်မြင်မြင် လွတ်မြောက်လာပြီး ချက်ချင်းသေဆုံးသွားခဲ့ရသည်။ ဗီလိန်သည် အသက် ၁၂ နှစ်ထိ ဆင်းဆင်းရဲရဲ ကြီးပြင်းလာရကာ သူ၏ထူးခြားသောစွမ်းရည်ကြောင့် အစိမ်းရောင်တောင်ထွဍ်ဂိုဏ်း၏ တတိယအကြီးအကဲနှင့် တွေ့ဆုံချိန်တွင် တပည့်အဖြစ် ဂိုဏ်းသီု့ ခေါ်ဆောင်သွားခံရလေသည်။
ဆရာ့ကျေးဇူးကို အလေးအမြတ်နှလုံးသွင်းရင်း ပညာကို ကြိုးကြိုးစားစားသင်ယူခဲ့လေသည်။ ၇ နှစ်ကြာပြီးနောက်တွင်တော့ ရွှေအမြုတေ ဖွဲ့စည်းနိုင်ခဲ့ပြီး တပည့်ခေါင်းဆောင်ဖြစ်လာခဲ့သည်။ သို့သော်လည်း ထိုအချိန်တွင် သူ့၏ကျေးဇူးရှင် ဆရာသခင်သည် သူ့မျိုးနွယ်စုကိုသတ်ဖြတ်ခဲ့သောသူများထဲမှ တစ်ဦးဖြစ်ကြောင်း အမှတ်မထင် သိရှိလိုက်ရသည်။  ထို့ထက်ပိုသည်က ဆရာဖြစ်သူသည် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီးနောက် အဆင့်မတက်နိုင်ခဲ့သည့်အတွက် အဆုံးတွင် မှော်နက်လမ်းစဉ်သို့ ကူးပြောင်းသွားခဲ့သည်။
သူ့ကိုခေါ်လာခဲ့ရခြင်းမှာလည်း ရွှေအမြုတေဖွဲ့စည်းပြီးနောက်တွင် သူ့ကိုသတ်ပြီး သူ့ဆရာ၏ ကျင့်ကြံခြင်းတွင် အသုံးချနိုင်စေရန်ဖြစ်သည်။
ဒေါသဖြင့် ဗီလိန်သည် သူ့ဆရာအား သတ်ပစ်လိုက်လေသည်။ ထိုအချိန်မှစ၍ သူသည် မျိုးနွယ်စုကိုသတ်ဖြတ်ရာတွင် ပါဝင်ခဲ့သူတိုင်းအားလက်စားချေရန် ရှာဖွေရင်း နတ်ဆိုးလမ်းကြောင်းသီု့ လျှောက်လှမ်းခဲ့လေသည်။ ထိုအချိန်အတွင်းမှာပဲ သူသည် ဂိုဏ်းမှ မိတ်ဆွေများ၏ သစ္စာဖောက်ခြင်းကို ခံစားခဲ့ရရုံမျှမက သူချစ်ရသောမိန်းကလေးသည်လည်း သူ့ကြောင့်ပင် ဝမ်းနည်းဖွယ် သေဆုံးသွားခဲ့ရသည်။
အဆုံးတွင်တော့ သူသည် လုံးဝဆိုးယုတ်လာခဲ့ပြီး သူ့အမုန်းတရားများကို သူ့ရန်သူများထံမှ ကမ္ဘာတစ်ခုလုံးဆီသို့ ပြောင်းလဲလိုက်တော့သည်။ သူသည် လူအများထံ ကပ်ဘေးများသယ်ဆောင်လာသည့်အတွက် တရားမျှတသောဂိုဏ်းများမှ ဗီလိန်ကို ဒဏ်ခတ်ရန် လူများစွာစေလွှတ်ခဲ့လေသည်။ သူသည် အဓိကဇာတ်ဆောင်၏ လက်ထဲတွင် သေဆုံးသွားရပုံဖြင့် ဝတ္ထုကို အဆုံးသတ်ထားလေသည်။
[ ကုရွှမ်းယန်သည် မည်မျှလောက် များပြားသောဒဏ်ရာများရထားသည်ကို မသိနိုင်သော်လည်း သွေးများကမူ သူ့အဝတ်အစားများမှ စိမ့်ထွက်နေလေသည်။ အကြည့်ဖြင့်ပင် နှင်းလွှမ်းနေသောမြေပြင်သည် သွေးများဖြင့် စွန်းထင်းနေပြီး ကြောက်မက်ဖွယ်ကောင်းနေတော့သည်။ သူ၏ရွှေအမြုတေပျက်စီးသွားပြီး ကျင့်ကြံရေးအခြေခံမှာလည်း ဖျက်ဆီးခံလိုက်ရသောကြောင့် ပါးစပ်ထဲတွင် သွေးများ၏ သတ္တုအရသာဖြင့် ပြည့်နှက်နေလေသည်။ သူသည် သူသေဆုံးတော့မည်ကို သိသော်လည်း ဂရုစိုက်မနေချေ။ သူ့ခေါင်းကို ဓားကိုင်ဆောင်ထားသူများထံ လှည့်ကာ လှောင်ရယ်ရင်း “ နောက်ထပ်သံသရာစက်ဝန်းကိုဖြတ် လူဝင်စားပြီး ရာစုနှစ်ချီ ပြန်ကျင့်ကြံရုံပေါ့”
သူ့၏ နောက်ဆုံးလက်ကျန်အင်အားတို့ကို သုံးကာ နောက်ဆုံးစကားလုံးများကို ပြောပြီးနောက် နှင်းများထဲသို့  လဲပြိုကျသွားတော့သည်။

TN: note တွေထည့်ရတာမကြိုက်လို့ မရှင်းတာရှိရင် လာမေးလို့ရပါတယ်။
ဒီအရိပ်ကလေးကို မုန့်ဝယ်ကျွေးချင်ရင် kpay: 09254246385 ကို မုန့်ဖိုးပေးလို့ရပါတယ်နော်။

My Junior Still Hasn't Killed MeWhere stories live. Discover now