Chapy5.1

139 21 0
                                    

ကျုံးယန်မှာ ဇာတ်ကြောင်းကို ပြန်ခေါ်ရုံရှိသေး မြေပြင်မှာပိုမိုပြင်းထန်စွာ တုန်ခါလာပြီး တရားခံမှာအနီး ရောက်လာပြီဖြစ်ကြောင်း အချက်ပြနေလေသည်။ ကျုံးယန်နောက်ဆုံး ရှင်းရှင်းလင်းလင်း မြင်လိုက်ရကာ ၎င်းက ယောကျာင်္းနှစ်ရပ်စာလောက်မြင့်သည့် ကြီးမားလှသော လူဝံကြီးပင်ဖြစ်သည်။ လူဝံကြီးမှာ အဖြူရောင် အမွှေးများဖြင့် ဖုံးလွှမ်းထားလေသည်။ ၎င်းက တောထဲတွင်နေထိုင်ခြင်းဖြစ်သည့်အတွက်အမွှေးများက ရှုပ်ထွေးနေရုံသာမကာ အနက်ရောင်အစွန်းအထင်းများရှိကာ ရွံ့ရှာဖွယ်ကောင်းနေပြီး လူသေပုပ်နံ့လို အနံ့များလည်း ထုတ်လွှတ်နေလေသည်။ ထိုအခိုက်အတန့်မှာပင် ၎င်းက ပြင်းထန်စွာ ဟိန်းဟောက်လိုက်ပြီး ဘေးရှိ သစ်ပင်များကိုချေမွကာ သူတို့နှစ်ယောက်ဆီသို့ တဟုန်ထိုးပြေးလာလေသည်။ မြန်ဆန်လှသော အပြောင်းအလဲများက သူတို့ကို ချောင်ပိတ်သွားစေသည်။
သူ့ဓားကို ဆွဲထုတ်ကာ လူဝံကြီးဆီသို့ အလျင်အမြန်မချိန်ရွယ်ခင်မှာပင် ကုရွှမ်းယန်က အော်ပြောလိုက်သည်
“ ဆရာတူအကို နောက်ဆုတ်။”
မနေ့က ဗုဒ္ဓခန်းမဆောင်မှ ယှဉ်ပြိုင်ပွဲတွင် ရပ်ကြည့်နေသူများသာ ဘေးတွင်ရှိပါက သူတို့သည် ကုရွှမ်းယန်မှာ ကျူဖင်းကို တိုက်ခိုက်စဉ်ကထက် အဆပေါင်းများစွာပိုမြန်ကြောင်း သတိပြုမိနိုင်လေသည်။ သူသည် လျှပ်စီးကဲ့သို့ လျင်မြန်ကာ မြူမှုန်လို မသဲမကွဲသာမြင်နိုင်ပေသည်။ ကျုံးယန်မှာ ဤတိုက်ခိုက်မှုတွင် ပါဝင်သော ရက်စက်မှုကို သတိပြုမိလိုက်ပြီး ကုရွှမ်းယန်မှာ သူ့အင်အားအကုန်ကို ဤတိုက်ခိုက်မှုတွင် ပုံအောထားသလို ထင်ရပေသည်။ ဓားမှာ လူဝံ၏ဝမ်းဗိုက်သို့ အညှာအတာမဲ့စွာ ထိုးဖောက်သွားလေသည်။
ဓားထိုးခံလိုက်ရသော အခိုက်အတန့်တွင် ဧရာမလူဝံကြီးထံမှာ ကြေကွဲဖွယ်ရာအော်သံကြီး ထွက်ပေါ်လာသည်။ သူ့လက်သည်းများကို ကောင်းကင်သို့ မြှောက်ကာ ကုရွှမ်းယန်ဆီသို့ ဆက်တိုက် ရိုက်ချလာတော့သည်။
ပြင်းထန်သော လေဟုန်ကြောင့်ဘေးနားရှိ သစ်ကိုင်းများမှာ ရွေ့သွားတော့သည်။ ကျုံးယန်၏ နှလုံးမှာ ပါးစပ်မှထွက်လာတော့မတတ် ခုန်ပေါက်နေရာ သူအော်လိုက်မိသည်။
“ ကုရွှမ်းယန် အမြန်နောက်ဆုတ်လိုက်။”
ကုရွှမ်းယန်မှာ သူ့အစွမ်းအားလုံးကုန်ခမ်းသွားသောကြောင့် ဓားကိုဆွဲထုတ်လိုက်ချိန်တွင် နောက်သို့ ခြေလှမ်းအနည်းငယ်သာ ဆုတ်လိုက်နိုင်လေသည်။ တိုက်ခိုက်မှုကို ရှောင်တိမ်းရန်မှာ နှေးကွေးလွန်းနေပြီဖြစ်၍ လူဝံကြီး၏ ရိုက်ချက်မှာ သူ့ပုခုံးပေါ်သို့ ပြင်းထန်စွာကျရောက်လာတော့သည်။
ချက်ချင်းပဲ သူ့ပုခုံးတွင် သွေးများပန်းထွက်လာပြီး လူမှာ ခုနှစ်မီတာရှစ်မီတာ အဝေးသို့ လွင့်ထွက်သွားတော့သည်။ ပြီးနောက် မြေပြင်နှင့် ရိုက်မိကာ ပါးစပ်အပြည့် သွေးများ အန်ထွက်လာရသည်။ ထိုအချိန်လေးတွင်ပဲ ဧရာမလူဝံကြီးမှာ သူ့ဆီသို့ တရှိန်ထိုးပြေးလာကာ သူ့ခြေဖဝါးများဖြင့် သူ့(ကုရွှမ်းယန်)ကို နင်းခြေတော့မလို ထင်ရသည်။
ကျုံးယန်ဓားကို ဆွဲထုတ်ကာ ကုရွှမ်းယန်ရှေ့သို့ ပြေးဝင်သွားလိုက်သည်။ သူ့သွားများကို ကြိတ်လိုက်ပြီး  အနီးကပ်တိုက်ပွဲကို ရှောင်ရှားရန် သူ့ဓားကို လူဝံကြီး၏ ရင်ဘက်ဆီသို့ လွှဲယမ်းလိုက်သည်။ ချင်မင်ရှီမှာ ချီဖွဲ့စည်းခြင်းအဆင့်တွင်သာ ရှိသေးသော်လည်း ဤရိုက်ချက်တွင် အစွမ်းအပြည့်ထည့်သွင်းထားလေသည်။ လျှင်မြန်ပြီး ရန်လိုဟန်ရှိသော ဓားသည်လူဝံကြီး၏ ရင်ဘက်သို့ စိုက်ဝင်သွားလေသည်။
သူ့တိုက်ခိုက်မှုမှာ ကုရွှမ်းယန်လောက် မပြင်းထန်သော်လည်း သွေးတော့ထွက်စေနိုင်သေးသည်။ ဟိန်းဟောက်လိုက်ပြီးနောက် အဖြူရောင် လူဝံကြီးသည် သူ့လက်ကို ကျုံးယန်ဘက်သို့ လှည့်လိုက်တော့သည်။
ကျုံးယန် အလျင်အမြန်ရှောင်တိမ်းလိုက်သော်လည်း  လူဝံကြီး၏ လက်သည်းများသည် သူ့အနီးမှ ဖြတ်သွားသေးသည်။ ထို့ပြင် ပြင်းထန်လှသော ရိုက်ချက်ကြောင့် လေအရှိန်မှာ သူ့ရင်ဘက်ကို ပြင်းပြင်းထန်ထန် ရိုက်မိသွားလေသည်။ ရုတ်တရက်ဆန်စွာ စူးရှလှသော နာကျင်မှုကြောင့် သူ့ပါးစပ်ထောင့်မှ သွေးများစီးကျလာရသည်။ ကံကောင်းစွာဖြင့် လူဝံကြီးမှာလည်း အမြန် နောက်သို့ဆုတ်သွားပြီး သူတို့ကြားတွင် သုံးလေးမီတာ အကွာအဝေးကို ထားလိုက်လေသည်။ အံ့သြဖို့ကောင်းစွာပင် ၎င်းက သူတို့ကို နောက်တစ်ကြိမ် မတိုက်ရဲတော့ပေ။
မည်သို့ပင်ဖြစ်စေ သူတို့နှစ်ယောက်လုံးသိနေသည်မှာ သားရဲကောင်သည် နာကျင်မှုကြောင့် တွန့်ဆုတ်သွားရုံသာဖြစ်ပြီး ရပ်ကြည့်နေမည်မှာ အချိန်ပိုင်းမျှသာဖြစ်သည်။ ကုရွှမ်းယန်၏ဘယ်ဖက်ပုခုံးမှ သွေးများ အလွန်အကျူးထွက်နေရာ သူကကွဲအက်နေသော အသံဖြင့်
”ဆရာတူအကို ထွက်ပြေးဖို့လုပ်တော့။”
‘ yeah, ငါလည်းပြေးချင်တယ်။ ဒါပေမဲ့ မင်းသာသေသွားရင် ငါလည်း  ပုံးကို ကန်လိုက်သလိုပဲ။’
(* ချောင်ပိတ်မိပြီး အကုန်ဆုံးရှုံးမယ်ဆိုတာမျိုးပါ။ သဲထဲရေသွန် ဆိုသလိုမျိုးပါပဲ။)
ချဉ်စူးမှုနှင့် ရင်ဘက်မှ နာကျင်မှုတို့ပေါင်းပြီး ကျုံးယန် ဇာတ်ကောင်မှ လွဲချော်သွားသည်ကို ဂရုမစိုက်နိုင်တော့ဘဲ လှည့်ကာ အော်လိုက်တော့သည်
“ပါးစပ်ပိတ်ထား။”
အော်ပြီးချက်ချင်းပဲ ကုရွှမ်းယန်၏ အမူအရာတို့ကို မကြည့်တော့ပဲ သူ့နှလုံးသားထဲတွင် အော်ဟစ်လိုက်တော့သည်။ [ system ငါဘယ်လိုလုပ်ရမလဲ။ ငါတို့သေကုန်တော့မယ်။ ]
ကျုံးယန်မှာ အဖြေကို မမျှော်လင့်ထားသော်လည်း တုန်လှုပ်ဖွယ်ကောင်းစွာ system ၏အသံက သူ့စိတ်ထဲတွင် ပေါ်လာလေသည်။ တင်းမာနေသောလေထုနှင့် ဆန့်ကျင်စွာ အသံက အေးဆေးတည်ငြိမ်နေကာ
[ လှည့်ကွက်နည်းနည်းလောက်လိုချင်လား bro? လှည့်ကွက်တစ်ခုအတွက် ၁၀မှတ်။ အကြီးနဲ့ အသေးလို မျှတတဲ့ ရောင်းဝယ်မှုနော်။ ]
ကျုံးယန်မှာ ဆွံ့အသွားရတော့သည်။
‘ တရားဝင် လှည့်ကွက်ရောင်းတယ်။  ဒီဝတ္ထုကို ကူးပြောင်းတာကလည်း လုံးဝကိုတရားဝင်ဟုတ်မနေဘူးနော်။ ’
ဘယ်လိုပင်ဖြစ်ပါစေ သူ့မှာ ဒီအမှိုက်သရိုက်တွေနဲ့ ဖြုန်းဖို့ အချိန်မရှိနေချေ။ သူ့ဓားကို လူဝံကြီးဆီ ချိန်ရွယ်လိုက်ရင်း စိတ်ထဲမှ အော်ဟစ်လိုက်သည်။
[ ငါ့ကိုတစ်ခုပေး။]
တစ်စက္ကန့်အတွင်း လေပြင်းထန်စွာ စတင်တိုက်လာပြီး ကောင်းကင်က မဲမှောင်လာသည်။ အနီးအနားရှိ သစ်ရွက်နှင့် သစ်ကိုင်းများမှာ တစ်ညီတစ်ညာတည်း လဲပြိုကျလာလေသည်။ ဧရာမလူဝံကြီကြောင့် တုန်ခါခြင်းနှင့်မတူဘဲ ဒီလှုပ်ခါမှုမှာ အကြင်နာတရားမဲ့လေသည်။ မရေမတွက်နိုင်သော သစ်ကိုင်းများမှာ တိုက်ရိုက်ပင် ကျိုးကျကုန်တော့သည်။ ၎င်းတို့ကို ‘သစ်ကိုင်း’ ဟုခေါ်ဆိုရန်နောက်ထပ် မသင့်လျော်လှတော့ပေ။ ၎င်းတို့မှာ မြေပြင်ပေါ်သို့ ကျရမည့်အစား သူတို့ကို အပြာရောင်ဓားအလင်းက ဝန်းရံကာ ဓားတစ်ချောင်း၏ တုန်ခါသံများထုတ်လွှတ်နေတော့သည်။ ဓားအိမ်မှ ထုတ်ထားသည့် ထောင်ပေါင်းများစွာသော ဓားများကဲ့သို့ပင် သူ့တို့မှာ ကျူံ။ယန်၏ဓားဦးတည်ရာနောက်သို့ လိုက်သွားတော့သည်။
အဖြူရောင် လူဝံကြီးတွင် လွတ်မြောက်ရန်လမ်းမရှိတော့ချေ။ ကမ္ဘာပေါ်ရှိ အထက်ဆုံးလက်နက်များကဲ့သို့ များပြားလှသော သစ်ကိုင်းတစ်ခုခြင်းစီမှာ လူဝံကြီး၏ ခြေလက်၊ ဝမ်းဗိုက်နှင့် ရင်ဘက်တို့ကို ထိုးဖောက်သွားတော့သည်။ စက္ကန့်ပိုင်းအတွင်း ၎င်း၏အမွှေးများမှာ သွေးများနှင့် ရွှဲရွှဲစိုသွားရသည်။ ၎င်းမှာ တအီအီမြည်ရင်း မြေပြင်သို့ ဒူးထောက်လျက်ကျသွားကာ အကျိုးဆက်အနေဖြင့် မြေပြင်မှာ တုန်ခါသွားလေသည်။
‘ အခုက အခွင့်အရေးပဲ။ ’
ကျုံးယန် ရင်ဘက်မှာနာကျင်မှုကို လျစ်လျူရှုလိုက်ပြီး သူ့ဘေးနားရှိ များပြားလှသော ဓားစွမ်းအင်များကို အားသုံး၍ စုစည်းလိုက်လေသည်။  အဖြူရောင်လူဝံကြီးရှေ့သို့ ခုန်ကျော်လိုက်ပြီး ဓားဖြင့် လည်မျိုကို အားသုံးထိုးစိုက်လိုက်တော့သည်။ ကြီးမားလှသော လူဝံကြီးမှာ မြေပြင်နှင့်ရိုက်မိပြီး ဖုန်မှုန့်များ ထလာတော့သည်။
အားအင်ကုန်ခန်းသွားသော ကျုံးယန်မှာ မျက်လုံးများတင်းကြပ်စွာမှိတ်ထားပြီး သတိလစ်နေဟန်ရှိသော ကုရွှမ်းယန်ဆီ အကြည့်တစ်ချက်ပို့လိုက်သည်။ System က မာနကြီးဟန် တစ်စွန်းတစ်စပါသော အသံနှင့် [ စိတ်လျှော့ပါ။ မင်းလှည့်ကွက်မသုံးခင်မှာပဲ သူ့ကို ခဏမေ့သွားအောင် ငါရိုက်လိုက်တာ။ သူမကြာခင် နိုးလာလိမ့်မယ်။ ]
‘ တရားဝင်ကူးပြောင်းခြင်း system တစ်ခုကတော့ ဒီလိုမျိုးမပြောလောက်ဘူးနော်။’
System က ထပ်ပေါင်းပြောလာသည်။
[ oh ဟုတ်သားပဲ။ မင်းအမှတ်က ….]
လဲမကျခင်တွင် ကျုံးယန်က သူ့လက်ကိုဝှေ့ယမ်းလိုက်ပြီး
[ ငါသိတယ်။ ၁၀မှတ် မဟုတ်လား။ နုတ်လိုက်တော့။]
System မှာ စကားပြောခြင်းကို ရပ်လိုက်တော့သည်။
ဓားစွမ်းအင်မှာ ကျုံးယန်၏ ကျင့်ကြံရေးအခြေခံအတွက် အလွန်များလေသည်။ သူ့မျက်လုံးများကို မှိတ်လိုက်သည်နှင့် နာကျင်မှုကြောင့် အိပ်ချင်စိတ်နှင့် မောပန်းမှုလိုင်းလုံးတို့က သူ့ကို ဖုံးလွှမ်းသွားတော့သည်။ မည်သို့ပင်ဖြစ်စေ ကုရွှမ်းယန် မနိုးလာခင်တွင် သူအိပ်ပျော်သွားလို့မရပေ။ အကယ်၍များ ကြုံရာ အမည်းနှင့် အဝါရောင် လူဝံများနောက်ထပ်ရောက်လာလျှင်  သူတို့နှစ်ယောက်မှာ အဘွားမုန်၏စွတ်ပြုတ်ကို အတူတူ ပျော်ပျော်ကြီး သောက်နေရလိမ့်မည်။
ပြီးနောက် သူ့ကိုယ်သူအားတင်းထလိုက်ကာ ကုရွှမ်းယန်ကို သစ်ပင်အောက်သို့ရွှေ့ပေးလိုက်ပြီး ပုခုံးရှိဒဏ်ရာကို စစ်ဆေးလိုက်လေသည်။ ဒဏ်ရာက သွေးမထွက်တော့ဘူးဆိုသည်ကို သတိပြုမိလိုက်မှပဲ ကျုံးယန်မှာ စိတ်သက်သာရာရစွာ ဘေးတွင် မှီထိုင်လိုက်တော့သည်။  အားအင်အနည်းငယ် ပြန်ရလာပြီးနောက် မလှုပ်ရှားသေးဘဲ အသက်ရှုနှုန်းကို နှေးကွေးအောင် အတတ်နိုင်ဆုံး ကြိုးစား‌နေလိုက်လေသည်။ ထိုအခိုက်အတန့်တွင် တောအုပ်သည် လေတိုးသံ တဟူးဟူးကိုသာ ကြားနိုင်လေသည်။ ပြီးနောက် ပြတ်တောင်းပြတ်တောင်း ခြေသံတွေ။
‘ ခြေသံတွေ…..’ ချက်ချင်း ကျုံးယန် ဓားကို ဖမ်းဆုပ်လိုက်ပြီး မျက်လုံးကျယ်ကျယ်ပွင့်လာတော့သည်။ သူစိတ်ထဲတွင် ငြီးတွားလိုက်တော့သည်။
‘ ငါကိုယ်တိုင်က ဂြိုလ်ဆိုးများလား! ’
သို့သော် ခြေသံမှာ ငှက်မွှေးလို ပေါ့ပါးလှသည်။ နောက်တစ်ခဏတွင် အမျိုးသမီးတစ်ယောက်သည် သစ်ပင်နောက်မှ ခေါင်းပြူထွက်လာပြီး
“  အိုး! ဒီမှာ တကယ်လူနှစ်ယောက်ရှိတယ်။ ”
ဓားကိုင်ထားရင်း ကျုံးယန်မှာ သူ့ရှေ့ရှိ အမျိုးသမီးဆီသို့ အကြည့်ရွှေ့လိုက်လေသည်။ သူမ၏ မင်လိုနက်မှောင်နေသော ဆံနွယ်များမှာ ပါးလျကာ ကောင်းမွန်လှလေသည်။ နူးညံသောဝတ်စုံနှင့် အစိမ်းရောင်ခြုံထည်ကို ခြုံထားပြီး ခါးတွင် စိမ်းပြာရောင်ကျောက်မျက်ကို ချိတ်ဆွဲထားရာ သူမ၏ ဖြူဝင်းသော အသားအရည်ကို ပေါ်လွင်နေစေသည်။ သူ့ဝတ်စုံမှာ ခြေကျင်းဝတ်အပေါ်ရောက်နေရာ သူမ၏ခြေဗလာကို ထုတ်ဖော်ပြနေတော့သည်။ သူမ၏ဝတ်စုံမှာ လေထဲတွင် တဖျက်ဖျက်လွင့်နေကာ သူမခြေကျင်းဝတ်အထက်တွင် အသက်ဝင်လှသော ပျံသန်းနေသည့် အစိမ်းရောင်ငှက်ပုံ တက်တူးကို မြင်နေရလေသည်။
ဇာတ်ကြောင်းကိုရရှိထားသော ကျုံးယန်မှာ သူ့ရှေ့တွင်ရှိနေသော အမျိုးသမီးမှာမည်သူဖြစ်ကြောင်း သတိရလိုက်‌‌ေတာ့သည်။ သေမင်းခံတွင်းဝမှ ကယ်တင်ခြင်းခံရပြီကို သိပြီးနောက် သူ့ဓားကို ဘေးသို့ချလိုက်လေသည်။သူမ အနီးရောက်လာမှသာ သူကစတင်၍
“ တုန်းလင် ကူညီပါ။”

TN: note တွေထည့်ရတာမကြိုက်လို့ မရှင်းတာရှိရင် လာမေးလို့ရပါတယ်။
ဒီအရိပ်ကလေးကို မုန့်ဝယ်ကျွေးချင်ရင် kpay: 09254246385 ကို မုန့်ဖိုးပေးလို့ရပါတယ်နော်။


My Junior Still Hasn't Killed MeWhere stories live. Discover now