Chapter 3.1

120 22 0
                                    

သူတို့နှစ်ဦးသည် နောက်တစ်နေ့တွင် ဂိုဏ်းမှ ထွက်ခွာခဲ့‌ေလသည်။ ဂိုဏ်းထဲရှိ ကုရွှမ်းယန်၏ ကျော်ကြားမှုကြောင့် သူတို့ကိုနှုတ်ဆက်ရန် ဂိုဏ်းသားအများအပြား တံခါးဝတွင် စုရုံးလာကြသည်။ လူအုပ်ကြီး၏ ဆူညံသံများက ကုရွှမ်းယန်ဘေးတွင် ဝန်းရံနေပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ရန်နှင့် မကြာခင်ပြန်လာရန် မှာကြားနှုတ်ဆက်နေကြသည်။ ပျော်ရွှင်နေသော ပတ်ဝန်းကျင်နှင့် ယှဉ်လျှင် ကျုံးယန်မှာ လုံးဝတိတ်ဆိတ်နေလေသည်။ လူအုပ်ကြီး၏ အလည်တွင်ရှိနေသော ကုရွှမ်းယန်မှာ စိတ်အနှောင့်အယှက်ဖြစ်နေသော အမူအရာ လုံးဝမပြပေ။ လူအုပ်ကြီးကို နှုတ်ဆက်ပြီးနောက် ကျုံးယန်ဘက်သို့ လှည့်ကာ “ ဆရာတူအကို သွားကြရအောင်”
မဟာကန္တာရတွင် ကျော်ကြားလှသည့် ဗုဒ္ဓဂိုဏ်းတစ်ခုဖြစ်သော မိုရာဂဟဝါရ ဗုဒ္ဓခန်းမဆောင်သည် မြောက်ဘက်ပင်လယ်ရှိ မိုရာဂဟဝါရတောင်ပေါ်တွင်ရှိကာ ကမ္ဘာကြီးနှင့် သီးခြားတည်ရှိသည်။ ခရီးလမ်းမှာ ဝေးကွာလွန်းလှသော်လည်း သူတို့နှစ်ဦးမှာ ဓားပျံစီးနင်းနိုင်လေသည်။ သိပ်မကြာခင်မှာပဲ သူတို့ ဦးတည်ရာသို့ ရောက်လာကြသည်။ ဧည့်သည်များကို ကြိုဆိုရန် တာဝန်ယူထားသော ဘုန်းတော်ကြီးမှာ ပင်လယ်ဘေးတွင် စောင့်ဆိုင်းနေလေသည်။ သူတို့နှစ်ဦးကိုမြင်သည်နှင့် လက်အုပ်ချီကာ “အော်မီတော်ဖော်” ဟု ဆုတောင်းမေတ္တာပြုလာလေသည်။
ကုရွှမ်းယန်က “ ဆရာသခင် ရှီယင်းက ဗုဒ္ဓလမ်းစဉ်ကို မြှင့်တင်နိုင်ခဲ့တယ်လို့ ကြားမိပါတယ်။ အစိမ်းရောင်တောင်ထွဍ်ဂိုဏ်းတပည့် ကုရွှမ်းယန်နဲ့ ချင်မင်ရှီတို့က ဂိုဏ်းခေါင်းဆောင်ကိုယ်စား လေးစားစွာ လာရောက် ဂုဏ်ပြုခြင်းဖြစ်ပါတယ်။  “
ဘုန်းတော်ကြီးက အရိုအသေပေးရင်း “ ဒီတပည့်က ရှန်းရွှမ် လို့ခေါ်ပါတယ်။ ဒကာကုနဲ့ ဒကာချင်တို့က ခရီးပမ်းလာကြမှာပဲ။ ဘုရားကျောင်းထဲမှာ အနားယူလိုက်ပါဦး။”
ကျုံးယန်နှင့် ကုရွှမ်းယန်တို့လည်း ခန်းမဆောင်ထဲသို့ လိုက်လာခဲ့သည်။ ပုံမှန်အားဖြင့် မိုရာဂဟဝါရ ဗုဒ္ဓခန်းမဆောင်ရှိရာ ကျွန်းပေါ်တွင် ဘုန်းတော်ကြီးများသာ နေထိုင်သော်လည်း ဂုဏ်ပြုအခမ်းအနားကြောင့် မျိုးစုံသော ကျင့်ကြသူများမှာ ဒီနေရာသို့ ရောက်ရှိနေလေသည်။ ကုရွှမ်းယန်က “ အခမ်းအနားကို ဘယ်သူတွေတက်သေးလဲ မေးလို့ရမလား။”
ခဏလောက်တွေးပြီးနောက် ရှန်းရွှမ်ကဖြေလာသည်။ “ ကွမ်းယန်းဗုဒ္ဓခန်းမဆောင်က ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူ၊ ဖူလင်းတောင်က ဝိဉာဏ်စွမ်းအင် ကျင့်ကြံသူ၊ Grand City က ကိုယ်ခံပညာကျင့်ကြံသူ၊ မြောက်ပိုင်းကန္တာရက နတ်ဆိုးလမ်းစဉ်ကျင့်ကြံသူ၊ ကျောက်စိမ်းတောင်နဲ့ ဆေးဝါးတိမ်တိုက်ဂိုဏ်းက တာအိုကျင့်ကြံသူနဲ့ အစိမ်းရောင်တောင်ထွဍ်ဂိုဏ်းက မင်းတို့နှစ်ယောက်ပဲ။”
ကျုံးယန်မှာ ပိုပြီးစပ်စုချင်လာရကာ “ ခဏ၊ ဝိဉာဏ်နဲ့ နတ်ဆိုး ကျင့်ကြံသူတွေကော ဒီရောက်နေတာလား။”
ရှန်းရွှမ်က “ ကျင့်ကြံသူတိုင်းက အတူတူပါပဲ။ နှလုံးသားမှာ ကြင်နာစိတ်ရှိနေရင် ဘယ်လိုကျင့်ကြံနည်းကို သုံးတယ်ဆိုတာ အရေးပါလို့လား။”
ကျုံးယန်မျက်နှာနီသွားရပြီး ကုရွှမ်းယန်မှာ သူ့ကို အရှက်ပြေစေရန် ညင်သာလှသော လေသံဖြင့် “ သူတော်စင် ပြောတာမှန်ပါတယ်။ ကျွန်တော့်ဆရာတူအကိုက ဂိုဏ်းကထွက်လာတဲ့ ပထမဆုံးအကြိမ်ဖြစ်တာကြောင့် အခြား ဝိဉာဏ်နဲ့ နတ်ဆိုး ကျင့်ကြံသူတွေကို တစ်ခါမှ မဆုံဖူးပါဘူး။ သူက စပ်စုချင်ရုံဖြစ်ပြီး စော်ကားလိုစိတ်မရှိပါဘူး။”
ကျုံးယန် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ကုရွှမ်းယန်ကို နှလုံးသားထဲမှ ကျေးဇူးတင်လိုက်မိသည်။ ‘ မင်းသာ အမြဲတမ်း ဒီလိုမျိုး ကြင်နာတတ်နေရင် ဘယ်လောက်ကောင်းလိုက်မလဲ။’  သို့သော် နောက်တစ်စက္ကန့်တွင် ကုရွှမ်းယန်က မေးလာသည်။” ကျောက်စိမ်းတောင်နဲ့ ဆေးဝါးတိမ်တိုက်ဂိုဏ်းက လာတဲ့ တာအိုကျင့်ကြံသူတွေရဲ့ နာမည်ကို သိခွင့်ရှိမလား။ နောက်လိုက် တာအိုကျင့်ကြံသူတွေအနေနဲ့ ကျွန်တော်တို့က သူတို့ဆီသွားနှုတ်ဆက်သင့်တယ် ထင်လို့ပါ။”
“ ရတာပေါ့။ ကျောက်စိမ်းတောင်ဂိုဏ်းက ဒကာ လျန်ကျောင့် နဲ့ ဆေးဝါးတိမ်တိုက်ဂိုဏ်းက ဒကာ ချန်းချင်တို့ ဒီရောက်နေပါတယ်။”
ကျုံးယန် နှလုံးသားမှာအနည်းငယ် မွန်းကြပ်သွားရသည်။ သူ့တွင် လျန်ကျောင့် ဘယ်သူဆိုတာနှင့် သူ့နဲ့ပတ်သတ်တဲ့ ဇာတ်ကြောင်းကို ဘာမှမသိတဲ့အတွက် သူ(လျန်ကျောင့်)က အရေးကြီးတဲ့ ဇာတ်ကောင်မဟုတ်ဘူးဆိုတာသိသည်။ သို့သော် ချန်းချင်သည် ကုရွှမ်းယန်မျိုးနွယ်စု အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွင် တာဝန်ရှိသော တရားခံဖြစ်သည်။ သူသည် ကုရွှမ်းယန်၏ ဒုတိယသားကောင်ဖြစ်သည်။
ကုရွှမ်းယန်သည် လီယန်းကျီကို မသတ်မီ လူသတ်သမားတစ်ဦးစီတိုင်း၏ နာမည်များထုတ်ဖော်ပြောလာစေရန် ဖိအားပေးခဲ့သည်။ ဂိုဏ်းထဲတွင် သူ့ဆရာကို သတ်ရဲကတည်းက သူသည် အခွင့်အရေးရသည်နှင့် ချန်းချင်ကိုလည်း သေချာပေါက် သတ်မည်ဖြစ်သည်။
ထိုအတွေး ကျုံးယန်ခေါင်းထဲဝင်လာသည်နှင့် သူ့ခေါင်းကိုမြှောက်ကာ ဘုန်းတော်ကြီးကို ကျေးဇူးတင်ရင်း မျက်နှာတွင် အပြုံးတစ်ပွင့် တပ်ဆင်ထားသေးသော ကုရွှမ်းယန်ကို တစ်ချက်ကြည့်လိုက်မိသည်။
ကုရွှမ်းယန်၏အခန်းသည် ကျုံးယန်ဘေးတွင်ဖြစ်သည်။ ကျုံးယန်အခန်းထဲဝင်ပြီးတာနဲ့ system ကိုချက်ချင်း မေးခွန်းထုတ်လိုက်သည်။ [ ကုရွှမ်းယန်ရဲ့ လက်စားချေတာက ဇာတ်လမ်းထဲက အရူးအမူးသတ်ဖြတ်တာတွေနဲ့ အတူတူပဲလို့ ယူဆလို့မရဘူးမလား။]
System ၏အသံမှာ တည်ငြိမ်နေပြီး [ ငါတို့ရဲ့ စည်းမျဉ်းတွေအရ ဘယ်လိုသားကောင်မျိုးကိုမဆို ကုရွှမ်းယန်သတ်ဖြတ်ခြင်းကနေ တင်းတင်းကြပ်ကြပ် တားမြစ်ထားတယ်။ သူတစ်ယောက်ယောက်ကို သတ်လိုက်တိုင်း အမှတ် ၂၀ နုတ်ခံရမယ်။ အခု မင်းမှာ အမှတ် ၁၀၀ ရှိတယ်။ သေချာတာပေါ့၊ ကိုယ့်ကိုယ်ကို ခုခံကာကွယ်တဲ့အနေနဲ့ သတ်တာမျိုးကိုတော့ အကြောင်းပြချက်တစ်ခုလို့ စဉ်းစားပေးလို့ရတယ်။]
ကျုံးယန်မှာ စိတ်ပျက်သွားရသည်။ [ ဒါက အဓိပ္ပာယ်မရှိဘူး။ တကယ်လို့ ငါ့မှာ အမှတ် မကျန်တော့ဘူးဆိုရင် ဘာဖြစ်မှာလဲ။ အဲ့ဒါက ငါပြန်သွားလို့ရမယ်လို့ဆိုလိုတာလား။ ]
System ၏အသံမှာ အေးဆေးတည်ငြိမ်နေလေသည်။
[မင်းက မင်းရဲ့စာမေးပွဲလိုပဲ အဆုံးသတ်သွားလိမ့်မယ်။]
ဒါကိုကြားပြီးနောက် ကျုံးယန်မှာ ပြောစရာစကားမရှိတော့ပေ။ ကျုံးယန် တိတ်ဆိတ်သွားတာကို သတိပြုမိပြီးနောက် System မှာ သူ့ကိုနှစ်သိမ့်လာသည်။ [ အကောင်းဘက်က စဉ်းစားပါ။ မင်းကူးပြောင်းလာတာ ဘယ်လောက်အချိန်ကိုက်ဖြစ်သလဲ။ လီယန်းကျီရဲ့ သေဆုံးခြင်းအတွက် မင်းအမှတ်တွေ နုတ်မခံရဘူးလေ။ ]
အိပ်ယာပေါ်တွင် နှစ်ပတ်မျှလှိမ့်လိုက်ကာ ခေါင်းအုံးကို ထိုးလိုက်ပြီးနောက်တွင်တော့ ကျုံးယန်မှာ သူ့ကံကြမ္မာကို လက်ခံလိုက်ရသည်။ [ ငါမှတ်မိတယ်။ ဇာတ်လမ်းထဲမှာ သူက ချန်းချင်ကို အခမ်းအနားမစတင်ခင်ညမှာ သတ်လိုက်တာ။ ဘာလို့လဲဆိုတော့ သူက ဗုဒ္ဓခန်းမဆောင်ထဲမှာ အခွင့်အရေးရသွားလို့လေ။ အဲ့မှာ သူက ရှန်းရွှမ်အကြောင်းမေးတဲ့အပိုင်း မပါဘူး။ အဲ့ဒီတော့ ဇာတ်လမ်းက စီစဉ်ထားတဲ့အတိုင်း ဖြစ်လာပါ့မလားဆိုတာ ငါမသိနိုင်ဘူးလေ။ ]
ကျုံးယန် မျက်ခုံးကြုံ့ကာ ခဏလောက် တွေးဆလိုက်ပြီးနောက် ခေါင်းခါလိုက်လေသည်။ [ ဘာပဲဖြစ်ဖြစ် တကယ်လို့ ငါသာသူ့ကို ချန်းချင်ကို ရှာဖို့ အခွင့်အရေးကို တားနိုင်မယ်ဆိုရင် အရာအားလုံး အဆင်ပြေသွားမှာပါ။]
စိတ်ထဲတွင် ထိုအကြံကို တွေးမိကာ ကျုံးယန် ကုတင်ပေါ်မှ ခုန်ထလိုက်ပြီး သူ့ဘေးအခန်း၏ တံခါးကို သွားခေါက်လိုက်လေသည်။ ကျုံးယန်ကို တံခါးရှေ့မှာ မြင်လိုက်ရ၍ ကုရွှမ်းယန်မှာ မေးခွန်းထုတ်လိုဟန်ဖြင့် မျက်ခုံးကို အနည်းငယ်ပင့်လိုက်ရင်း “ ဆရာတူအကို အကို့အတွက် ကျွန်တော်ကူညီနိုင်တာ တစ်ခုခုများ ရှိလို့လား။ ”
ကျုံးယန် ပြုံးပြီး “ အခန်းထဲမှာ တစ်ယောက်တည်းနေရတာ ပျင်းဖို့ကောင်းတာနဲ့ ဆရာတူညီလေးကုဆီ လာလိုက်တာ။”
“ အို့” ကုရွှမ်းယန်က “ ကျွန်တော်က ဆရာတူအကိုချင် ကျွန်တော့်နဲ့ အတူရှိရတာ မကြိုက်ဘူးလို့ ထင်ခဲ့တာ။”
ကုရွှန်းယန်၏ စကားနောက်ကွယ်က ဖုံးကွယ်ထားသော အဓိပ္ပာယ်ကို သေချာမသိ၍ ကျုံးယန်မှာ ခြောက်ကပ်စွာ ရယ်လိုက်ရင်း “ ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါက တကယ်ကို ဆရာတူညီလေးကုနဲ့ နီးကပ်ဖို့ ဆန္ဒရှိပါတယ်။”
ကျုံးယန်အဖြေက ကုရွှမ်းယန်ကို တစ်နည်းနည်းနှင့် ကျေနပ်သွားစေ၍ဖြစ်မည်။ ကုရွှမ်းယန်က ဘေးသို့ မရွှေ့ခင် အသာအယာရယ်လိုက်ပြီး “ ကျေးဇူးပြုပြီး အထဲဝင်လာပါ ဆရာတူအကို။”
ကျုံးယန် အခန်းထဲဝင်လာလိုက်သည်။ ဗုဒ္ဓခန်းမဆောင်၏ အခန်းများမှာ မသေးသော်လည်း အပြင်အဆင်မှာ ရိုးရှင်းလေသည်။ အခန်းကို နှစ်ပိုင်းခွဲထားပြီး ကုတင်တစ်လုံး၊ စားပွဲတစ်လုံးနှင့် ကုလားထိုင်တစ်စုံတို့သာ ရှိလေသည်။ ကျုံးယန် စားပွဲမှာဝင်ထိုင်လိုက်စဉ်တွင် ကုရွှမ်းယန်က လက်ဖက်ရည်ငှဲ့ပေးလာသည်။  “မိုရာဂဟဝါရ ဗုဒ္ဓခန်းမဆောင်က ဘုန်းတော်ကြီးတွေရဲ့ သစ်သီးလက်ဖက်ရည်က အရမ်းကျော်ကြားတယ်။ ဆရာတူအကို စမ်းကြည့်ပါလား။ ”
ကျုံးယန် လက်ဖက်ရည်ကို တစ်ကျိုက်တည်းသောက်လိုက်ပြီး ချက်ချင်းပဲ ကုရွှမ်းယန်ကို မျက်နှာချိုသွေးလုက်သည်။ “ တကယ်ကို မဆိုးဘူးပဲ။”
ကုရွှမ်းယန်က သူ့ကိုမေးလာပြန်သည်။ “ Oh! ဘယ်လိုမျိုးလဲ။”
‘ ဘာလို့ ငါက ဒီလိုမေးခွန်းတွေဖြေဖို့လိုနေရတာလဲ။’  *ရင်္သေ့က Coke ကိုသောက်ပြီးလေပြီ။ ကျုံးယန်မှာ ရွေးစရာမရှိဘဲ ခက်ခက်ခဲခဲဖြေလိုက်ရသည်။ “ အဲ့ဒါက နည်းနည်းချိုတယ်……အို့… ပြီးတော့ ဝါးပင်ရဲ့ အနံ့အသက်လည်းရတယ်။”
ဒါကိုကြားပြီးနောက် ကုရွှမ်းယန်မှာ တစ်ခဏ ကြက်သေသေသွားလေသည်။ “ သစ်သီးလက်ဖက်ရည်မှာ ဘာဝါးမှမပါပါဘူး။” တစ်စုံတစ်ခုကို တွေးမိပြီးနောက် သူကပြုံးလိုက်ပြီး
“အစိမ်းရောင်တောင်ထွဍ်ဂိုဏ်းက အေးပြီး စိုထိုင်းတယ်။ ကျွန်တော်က စိုထိုင်းမှုပျောက်သွားအောင် ဝါးစိမ်းအမွှေးနံ့သာကို အမြဲထွန်းလေ့ရှိတယ်။ အချိန်ကြာသွားတော့ ကျွန်တော့်အဝတ်အစားတွေမှာ အနံ့တွေ စွဲလာတော့တာပဲ။ အဲ့ဒီဝါးနံ့က ကျွန်တော့် အဝတ်အစားတွေကရတာဖြစ်လိမ့်မယ်။ ” ပြီးနောက် သူက ဖြေးညှင်းစွာ မေးလာသည်။ “ ဆရာတူအကို အဲ့အနံ့ကို အရင်ကရဖူးလား။”
‘Fucking hell….. ’ စိတ်ထဲကနေ ကျိန်ဆဲလိုက်ပြီးနောက် ကျုံးယန်က သတိပြုမိသွားသလို အမူအရာနှင့် “ငါသိပြီ။ ” ပြီးနောက် အနည်းငယ် ရှက်ကိုးရှက်ကန်းအကြည့်ဖြင့် “ ဒီအနံ့ကို အခုမှ ပထမဆုံးအကြိမ် သတိပြုမိတာပဲ။ ဒါကတကယ်ကို မွှေးတယ်။”
ကုရွှမ်းယန်အကြည့်မလွှဲမီ နှစ်ယောက်သား တစ်ခဏ စိုက်ကြည့်မိလိုက်ပြီး “ တကယ်လို့ ဆရာတူအကို ကြိုက်တယ်ဆိုရင် ကျွန်တော် အစိမ်းရောင်တောင်ထွဍ်ဂိုဏ်းကို ပြန်ရောက်တဲ့အချိန်ကျရင် နည်းနည်းပေးမယ်လေ။ ကျွန်တော် ကျောက်စိမ်းတောင်နဲ့ ဆေးဝါးတိမ်တိုက်ဂိုဏ်းက အကိုတွေဆီ သွားလည်မလို့။ ဆရာတူအကို…………..”
ကျုံးယန်လက်ဖက်ရည်ခွက်ကို အမြန်ချလိုက်ပြီး “ငါလည်းမင်းနဲ့အတူသွားမယ်။”

TN: “ရင်္သေ့က Coke ကိုသောက်ပြီးလေပြီ။ “ လုပ်စရာရှိတာက လုပ်ပြီးသွားပြီ။ ဖြစ်စရာရှိတာက ဖြစ်ပြီးသွားပြီ။ နောက်ပြန်ဆုတ်လို့မရတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။

TN: note တွေထည့်ရတာမကြိုက်လို့ မရှင်းတာရှိရင် လာမေးလို့ရပါတယ်။
ဒီအရိပ်ကလေးကို မုန့်ဝယ်ကျွေးချင်ရင် kpay: 09254246385 ကို မုန့်ဖိုးပေးလို့ရပါတယ်နော်။

My Junior Still Hasn't Killed MeWhere stories live. Discover now