အခန်းသည် ကျိတ်လှောင်ရယ်သံများဖြင့် ပြည့်နှက်သွားသည်။ ကုတင်ဘေးတွင်ထိုင်နေသော ဂိုဏ်းခေါင်းဆောင်က မျက်မှောင်ကြုတ်လိုက်ပြီး စကားပြောခါနီးတွင် အသံတစ်သံက “လုပ်ကြံသူက ကြိုတင်ပြင်ဆင်လာပြီးတော့ အကြီးအကဲ ရုတ်တရက်သေဆုံးသွားကိုတွေ့လိုက်ရတာက ထိတ်လန့်စရာပဲ။ ဆရာတူအကိုချင် သတိလွတ်သွားတာက ပုံမှန်ပါပဲ။ ဒီလောက်ဒဏ်ရာတွေနဲ့ အသက်ရှင်လာနိုင်တာက ကံကောင်းလို့ပါ။ လုပ်ကြံမှုကို ပြန်မတွေးသေးဘဲ ပြန်လည်ထူထောင်ရေးမှာ အာရုံစိုက်ထားတာက အကောင်းဆုံးပါပဲ။ ဒီကိစ္စရဲ့ အသေးစိတ်အချက်လေးတွေကို ပြန်မှတ်မိလာမှာပါ။”
အသံက တည်ငြိမ်ပြီး အတွေးနစ်သွားစေသည်။ ကျုံးယန်ခေါင်းမော့ကြည့်လိုက်သောအခါ အသက်နှစ်ဆယ်ဝန်းကျင်သာ ရှိဦးမည့် လူငယ်လေးကိုတွေ့လိုက်ရသည်။ အစိမ်းနုရောင်ဝတ်စုံကို ဝတ်ထားပြီး ဆံပင်ချည်ထားသည် အစိမ်းရောင်အစဖြင့် လိုက်ဖက်ညီလှသည်။ အသွင်အပြင်က ဝါးပင်လိုရှည်သွယ်ပြီး ကျောက်စိမ်းလို ဆွဲဆောင်နိုင်စွမ်းနှင့် မျက်လုံးများတွင် အားအင်တို့ပြည့်နှက်နေကာ လူငယ်ဆန်သော အငွေ့အသက်ကို ပေးစွမ်းနေသည်။ ကျုံးယန်ကြည့်နေတာကို သတိပြုလိုက်မိပြီး လူငယ်လေးသည် နှုတ်ခမ်းထောင့်စွန်းကို အသာမြှောက်ကာ ညင်သာမှုနှင့် လေးစားမှုပြလာခဲ့သည်။
သူသည် ဗီလိန် ကုရွှမ်းယန်ပင် ဖြစ်သည်။ အနားတွင် ဝန်းရံနေသော ကျက်သရေရှိပြီး လေးစားဖွယ်လေထုကြောင့် သူသည် အနာဂတ်တွင် ဘယ်လိုသတ်ဖြတ်ခြင်းများ ယူဆောင်လာမည်မှန်း မည်သူမှ မခန့်မှန်းနိုင်ပေ။ မျှော်လင့်ထားသည့်အတိုင်း မူလဇာတ်ကြောင်းတွင် အဆုံးသတ်အထိ မည်သူမှ သူ့ကို သံသယမဝင်ခဲ့ပေ။ ချောက်ကမ်းပါးအစွန်းတွင် ထောက်ချောက်ထဲသို့ ကျရောက်သွားသောကြောင့်သာ သူ့ကိုယ်သူ ဖော်ထုတ်မိသွားရသည်။ အဆုံးမှာတော့ ကုရွှမ်းယန်မှာ အစိမ်းရောင်တောင်ထွဍ်ဂိုဏ်း၏ တပည့်ခေါင်းဆောင်ဖြစ်ပြီး နက်ဆိုးကျင့်ကြံသူတို့အား ဆန့်ကျင်တိုက်ခိုက်ရာတွင် ခေါင်းဆောင်ခဲ့သူဖြစ်၍ လူတိုင်းမှာ သူ့စကားအား နာခံကြသည်။ ထို့အပြင် သူသည် သူ့သတ်ဖြတ်ခြင်းမှ လူတစ်ဦးတစ်ယောက်မျှ လွတ်မြောက်ခွင့်မပေးခဲ့ချေ။
ဒီအတွေး ကျုံးယန်၏ခေါင်းထဲဝင်လာသည်နှင့် system ၏ အသံဖျော့ဖျော့ ထွက်ပေါ်လာသည်။ [ ဒါပေမဲ့ အခုတော့ အသက်ရှင်သူတစ်ယောက်ရှိလာပြီလေ။]
ကျုံးယန်ပြောစရာမဲ့သွားတော့သည်။ ' Fuck you.'
ကုရွှမ်းယန်အပြောကိုကြားပြီးနောက် ဂိုဏ်းခေါင်းဆောင်က သက်ပြင်းချလိုက်ရင်း “ကိစ္စက ဒီလိုဖြစ်လာပြီဆိုမှတော့ လူတိုင်းခဏမေ့ထားကြတာပေါ့။ မင်းတို့ ဆရာတူအကိုချင် သက်သာလာမှ ဆက်ပြောတာပေါ့။ ဒီအချိန််အတွင်း တောင်တိုင်းရဲ့ လုံခြုံရေးကို တင်းတင်းကျပ်ကျပ်ချထားရမယ်။” ခဏရပ်လိုက်ပြီးနောက် အံကြိတ်ကာ “ ဒီယုတ်မာတဲ့ လူသတ်သမားက တတိယအကြီးအကဲကို သတ်ရုံတင်မဟုတ်ဘဲ သူ့ရဲ့ ရွှေအမြုတေကိုပါ ဖျက်ဆီးပစ်တယ်။ အစိမ်းရောင်တောင်ထွဍ်ဂိုဏ်းက ဒီကလဲ့စားကိုချေမယ်လို့ ကျိန်ဆိုတယ်။”
ကျုံးယန် ကုရွှမ်းယန်ကို တစ်ချက်ခိုးကြည့်မိသည်။ သူသည် ယခင်ကအတိုင်း တည်ငြိမ်နေပြီး ဂိုဏ်းခေါင်းဆောင်ကိုတောင် ခန္တာကိုယ်ကို ဂရုစိုက်ဖို့ သိမ်မွေ့စွာသတိပေးလိုက်သေးသည်။ ကျုံးယန်သည် နှမြောစရာကောင်းသည်ဟု ထင်မိသည်။ ‘သူက ခေတ်မှားပြီး မွေးဖွားလာတာပဲ။ တကယ်လို့သာ မော်ဒန်ခေတ်မှာ မွေးလာမယ်ဆိုရင် မင်းအိမ်က ဆုတံဆိပ်တွေနဲ့ ပြည့်နေမှာပဲ။ မင်းဘယ်တော့မှ ဗီလိန်တစ်ယောက်ဖြစ်လာမှာ မဟုတ်ဘူး။’
လူတိုင်းထွက်ခွာသွားပြီးနောက် ချင်းယွီသည် ကျုံးယန်အား ခိုင်မာသောလေသံဖြင့် “ ဆရာတူအကို အလျင်မလိုပါနဲ့။ အချိန်ကြာရင် ပြန်မှတ်မိလာမှာပါ။”
ကျုံးယန်သည် စိတ်ထဲမှ ကွန်ပလိန်းတက်လိုက်မိသည်။ ‘ Bro, ဘာဖြစ်ခဲ့တယ်ဆိုတာ ငါမှတ်မိတယ်။ ထုတ်ပြောဖို့ သတ္တိမရှိတာဟ။’
ချင်းယွီမျက်နှာပေါ်ရှိ အပြစ်ကင်းသောအမူအရာကို ကြည့်၍ သူ့ကိုလွှမ်းခြုံထားသော စိတ်ဓာတ်ကျမှုများပင် ပျောက်ကွယ်သွားကာ ရိုးရှင်းသော စကားသာပြောလိုက်နိုင်သည်။ “ဆေးတွေ ခမ်းကုန်တော့မယ်။”
ချင်းယွီ တံခါးမှထွက်သွားစဉ်တွင် ကျုံးယန် ကုတင်ပေါ်တွင် တစ်ဖန်အနားယူလိုက်သည်။ [ ကောင်းပြီ။ ငါသူ့ကို ကောင်းကင်ဘုံတက်နိုင်အောင် ကူညီပေးလို့ရတယ်။ အနည်းဆုံးတော့ ငါ့ကို ပိုကောင်းတဲ့ အချိန်လေးပို့ပေးသင့်တာပေါ့။ သူသာ ငယ်ရွယ်ပြီး ရိုးသားတဲ့ ကောင်လေးဖြစ်နေတဲ့အချိန်ဆိုရင် သူ့မိသားစုကိုကယ်ပြီး သူ့ကို နတ်ဆိုးဖြစ်လာမှာကနေ တားဆီးနိုင်တယ်။ မဟုတ်လည်း သူ့ဆရာက သူ့ရန်သူဖြစ်နေမှန်း သတိထားမိလိုက်တဲ့ အချိန်ဆိုရင်လည်း သူ့ကိုအဝေးခေါ်ထုတ်သွားလို့ရတယ်။ အခု သူက လမ်းမှားကိုတောင် ခြေလှမ်းပြီးသွားပြီ။ ငါက ဘယ်လိုကယ်ရတော့မှာလဲ။ ငရဲလိုပဲ။ !]
ရှားရှားပါးပါး system က အကြာကြီးတိတ်ဆိတ်သွားပြီးမှ အနည်းငယ် ကိုးရို့ကားယားနိုင်စွာပြောလာသည်။ [ ကျွန်ုပ်တို့က အဲ့လောက်မတည်ငြိမ်သေးဘူး။ မင်းကိုပို့ပေးရမဲ့ အချိန်အတိအကျကို ဆုံးဖြတ်ပေးလို့မရဘူး… ကောင်းတဲ့ဘက်ကကြည့်မယ်ဆိုရင် သူကအခုမှ နတ်ဆိုးလမ်းကြောင်းကို စတုန်းပဲရှိသေးတာ။ မင်းသာအကောင်းဆုံး ကြိုးစားမယ်ဆို သူ့ကိုလမ်းမှန်ကို ပြန်ခေါ်နိုင်မှာပါ။]
‘ ကူးပြောင်းတဲ့ system မှာ ဒီလို bugs တွေရှိသေးတာလား။’ ကျုံးယန်အမြင်တွေ ခဏလောက် မဲမှောင်သွားသည်။ အနည်းဆုံးတော့ ဝတ္တုအဆုံးမှ မရောက်လာတာနဲ့ပဲ သူ့ကိုယ်သူဖြေသိမ့်လိုက်နိုင်သည်။ သူရောက်တာနဲ့ အဆုံးသတ်သွားရင် ဗီလိန်က လှောင်ပြောင်သံလေးတောင် ပေးမှာမဟုတ်ဘူး။’
ကျုံးယန်နောက်တစ်ခါမေးလိုက်မိသည်။ [ အခု မင်းက ငါ့အချက်အလက်ကို မထုတ်ဖော်ဖို့ သတိပေးနေတာ ငါနောက်ထပ် ဘာမှမပြောနိုင်အောင် ခြောက်နေတာပဲ။ ငါ့ဇာတ်ကောင်မှာ ဘယ်လို ကိုယ်ရေးအချက်တွေ ရှိနေတာလဲ။ သူ့နဲ့ ဗီ…. ကုရွှမ်းယန် နဲ့ ပတ်သတ်မှုကဘာလဲ။]
System ကစာရွက်စာတမ်းတွေကို ထုတ်လာရင်း [ချင်မင်ရှီ၊ အသက်၁၀ နှစ်တွင်ဂိုဏ်းထဲဝင်ခဲ့ပြီး တတိယအကြီးအကဲ၏ တပည့်ဖြစ်သည်။ သာမာန်စွမ်းရည်ရှိပြီး ချီဖွဲ့စည်းခြင်းအစပျိုးအဆင့် အဆင့်၃ တပည့်ဖြစ်သည်။ ရှက်ကြောက်တတ်ပြီး စကားနည်းသူဖြစ်သည်။ အားနည်းသည့်အတွက် နေ့စဉ် အဆင့်နိမ့်တာဝန်များသာ ထမ်းဆောင်ရသည်။ မတော်တဆဖြစ်ရပ်ညတွင် လက်ဖက်ရည်ဆက်သရန် တာဝန်ကျခဲ့သည်။ ပတ်သတ်မှုကတော့ ……. ပစ်မှတ်က မင်းကိုဘယ်တုန်းကမှ အာရုံမစိုက်ခဲ့ဘူး။ ]
ကျုံးယန် အသေးစိတ်ကို ကြားပြီးနောက် ဝတ္ထုကို အတတ်နိုင်ဆုံး ပြန်တွေးကြည့်မိသည်။ သို့သော် မှတ်ဉာဏ်ထဲမှ ဇာတ်ကောင်တိုင်းကို အချိန်ကုန်ခံရှာပြီးနောက် သူလက်လျှော့လိုက်တော့သည်။ [ ဘာလို့ ငါဒီဇာတ်ကောင်ပါတယ်ဆိုတာ မမှတ်မိရတာလဲ။ ဒါက မင်းတို့ ဖန်တီးထားတဲ့ ဇာတ်ကောင်အသစ်လား။]
[ သူက ဇာတ်ညွှန်းထဲမှာပါ ပါတယ်။] system ကသူ့ကိုယ်သူ ခုခံပြောဆိုလာသည်။ [ မင်းအတွက်ပြန်ပြောပေးမယ်---- ကုရွှမ်းယန်သည် သူ့မျိုးနွယ်စုသတ်ဖြတ်ခံခဲ့ရခြင်း အကြောင်းရင်းအား သိရှိပြီးနောက် လီယန်းကျီကိုနေရာတွင် သတ်ပစ်ကာ သူ၏ ရွှေအမြုတေအား ဖျက်ဆီးပစ်ခဲ့သည်။ ထွက်ခွာစဉ်တွင် လက်ဖက်ရည်ဆက်သရန် အခန်းထဲဝင်လာသော တပည့်တစ်ယောက်နှင့် အမှတ်မထင်တွေ့ခဲ့သည်။ ကျူပင်ခုတ် ကျူမြစ်မကျန်စေရန် သူ့ကိုပါ သတ်ပစ်ခဲ့သည်…။]
တပည့်တစ်ယောက်……… တပည့်တစ်ယောက်……… တပည့်တစ်ယောက်………
ကျူံးယန် ဒီအခိုက်အတန့်တွင် ပြင်းပြင်းထန်ထန်ငိုပစ်လိုက်ချင်သည်။ အဆုံးတွင် သူက အရံဇာတ်ကောင်လေး ဖြစ်ရုံသာမက နာမည်ဖော်ပြခံရခြင်းမရှိဘဲ တပည့်တစ်ယောက်ဟုသာ ရည်ညွှန်းခံရသည့် နောက်ခံဇာတ်ကောင်လေးသာ ဖြစ်နေသေးသည်။ ‘ ဗီလိန်ကို ကယ်တင်ဖို့ ဒီလို ကိုယ်ရေးအချက်ကို သုံးတာက အလဟဿဖြစ်မနေဘူးလား။ ဗီလိန်က ဒီဇာတ်ကောင်ကို ဘယ်သူမှန်းတောင် သိမနေဘူးလေ။’
System က သူ့ကိုနှစ်သိမ့်ပေးလိုက်သည်။ [ အဲ့ဒါမမှန်ဘူးလေ။ အခုတော့ သူက မင်းကို မှတ်မိသွားပြီဆိုတာ သေချာတယ်။]
‘အို…..ဟုတ်တာပေါ့။ သူက အခုသူ့လူသတ်မှုကနေ လွတ်မြောက်လာတဲ့ တစ်ဦးတည်းသောသူပဲလေ။’ ဝမ်းနည်းမှုက ကျုံးယန်ကို လွှမ်းခြုံသွားရင်း သွားကြိတ်လိုက်မိသည်။ [ နောက်ဆုံးတော့ ငါသိပြီ။]
System ကပြန်မေးလိုက်မိသည်။ [ ဘာကိုသိတာ? ]
[ စာမေးပွဲမဖြေခင် ဘယ်တော့မှ ပေါ့ပေါ့ဆဆနဲ့ ဝတ္ထုမဖတ်နဲ့။ ကံတရားက မင်းဖင်ကိုဆောင့်ကန်လိမ့်မယ်။!]
TN: note တွေထည့်ရတာမကြိုက်လို့ မရှင်းတာရှိရင် လာမေးလို့ရပါတယ်။
ဒီအရိပ်ကလေးကို မုန့်ဝယ်ကျွေးချင်ရင် kpay: 09254246385 ကို မုန့်ဖိုးပေးလို့ရပါတယ်နော်။
YOU ARE READING
My Junior Still Hasn't Killed Me
Ficțiune istoricăအသက်၂၀ အရွယ် ကျုံးယန်သည် ဝတ္ထုထဲသို့ ကူးပြောင်းလာခဲ့သည်။ ထို့နောက် သူသည် ဗီလိန်ကို မှန်ကန်သောလမ်းသို့ ပို့ဆောင်ရန် mission ရရှိခဲ့သည်။ သူကမ္ဘာပေါ်သို့ ခြေချမိသည်နှင့် သူသည် ဗီလိန်က တစ်စုံတစ်ယောက်ကို သတ်ဖြတ်ခြင်းဖြစ်စဉ်တွင် မျက်မြင်သက်သေဖြစ်လာခဲ့သည်...